top of page
Search

ထွန်းမင်းလတ်၊ ဘပုနှင့် ထိုင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 14, 2023
  • 1 min read

ထိုင်းဟာ ခြံစည်းရိုးခွထိုင်နေတာ အားလုံးသတိထားမိမှာပါ။ မအလလေတပ်က ဗုံးကျဲချိန်မှာ ထိုင်းစစ်တပ်က ရူးချင်ယောင်ဆောင်နေခဲ့သလို လက်နက်တွေကိုလဲ အခါတစ်ရာမှာ တစ်ခေါက်လောက် အဖမ်းပြလေ့ရှိပါတယ်။ ထိုင်းဟာ သူ့လိုစစ်တပ်အုပ်ချုပ်တဲ့နိုင်ငံတစ်ခုကို ပေါ်လစီအရ ကြိုက်ပေမယ့်သူ့ဘိုးတော် အမေရိကန်ကိုလဲ မျက်နှာကြည့်ရပါတယ်။ ဘိုင်ဒန်က ထရမ့်လို တအားပေါ်တင်မထောက်ခံပေမယ့် သူ့လွှတ်တော်ထဲက DASSK ကိုထောက်ခံတဲ့ မက်ကော်နယ်ရဲ့ ဥပဒေအရ ယခင်ကထက် ပိုထောက်ပံ့ရမှာဖြစ်လို့ ထိုထောက်ပို့အတွက် ထိုင်းဟာအရေးပါလာခဲ့ပါတယ်။ ထိုင်းဟာ ဒီမိုအများစု အနောက်နိုင်ငံကို ဒုက္ခသည်အဖြစ်ထွက်နိုင်အောင် ပံ့ပိုးပေးတဲ့ လမ်းကြောင်းလဲ ဖြစ်နေပြန်ပါတယ်။

ပြီးခဲ့တဲ့လက ထိုင်းအစိုးရက ဝဏ္ဍဝက်ပုတ်ကို ခေါ်တွေ့ပြီး ကမ္ဘောဒီးယားဝန်ကြီးပါလာတက်တာအားလုံးသတိထားမိမှာပါ။ ကျန်အာဆီယံအဖွဲ့က မတက်ခဲ့ပါဘူး။ ထိုပွဲမှာ အများစုအော်တာက ဝဏ္ဏဝက်ပုတ်ကိုအသိအမှတ်ပြုတာ ဘာညာပါ။ ဒါပေမယ့် သူက မအလကို ပြန်အစီရင်ခံတာက ထိုင်းနဲ့ကမ္ဘောဒီးယားက မအလကို နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ဖို့ DASSK ကို ထောင်ကနေ အိမ်မှာ အကျယ်ချုပ်ထားဖို့၊ အာဆီယံကိုယ်စားလှယ်နဲ့ ပေးတွေ့ဖို့ သူ့ရွေးကောက်ပွဲကို DASSK ဦးဆောင်တဲ့ NLD ပါတီကို ဝင်ခွင့်ပေးဖို့ တောင်းဆိုခဲ့တာပါ။ မဟုတ်ရင် မအလဟာ ဖိအားပေါင်းစုံနဲ့ ရင်ဆိုင်ရနိုင်ကြောင်း သူတို့ကူဖို့ခက်ကြောင်း ပြောပြကြတာပါ။ ထိုင်းက အမေရိကန်ရဲ့ တပည့်အနေနဲ့ ပြောတာဖြစ်ပြီး ကမ္ဘောဒီးယားက တရုတ်တပည့်အနေနဲ့ပါ။ ကျန်တဲ့ လာအို၊ ဗီယက်နမ်က အိမ်ဖြည့်ပါ။

ဒီီဖိအားကြောင့် မအလက အချို့ကို ပြန်လွှတ်ပေးခဲ့တာပါ။ ထိုအထဲမှာ တပ်နဲ့ DASSK ကိုယ်စား စေ့စပ်ခဲ့သူ ဝန်ကြီးမင်းသူ၊ သောင်းထွန်းတို့ကိုလဲ အစပိုင်း ပြန်လွှတ်ဖို့ ပြင်ဆင်ခဲ့ပြီး နောက်ပိုင်းမှာမှ ကျန်ခဲ့တာပါ။ နာမည်ကြီး NLD CEC တွေမပါခဲ့ပါ။ NLD သစ္စာဖောက်လို့ ဒီမိုတွေပြောတဲ့ ကွီးဖြိုးနဲ့ သူ့မိန်းမတောင် မပါလာပါ။ ယခုဟာက ထိုင်းဟာ မအလကို နောက်တစ်ရစ်ထပ်ကျပ်လိုက်တာပါ။ ထွန်းမင်းလတ်ကို အမေရိကန်ကပြောလို့ဖမ်းတာဖြစ်ပြီး သူကဘိန်းလုပ်တာကို မြန်မာပြည်ထဲကနေ အမေရိကန်က သတင်းရတာပါ။ ထိုသူဟာ ဘယ်သူဆိုတာ သူမယောင်္ကျားကျန်နေသေးလို့ ထိခိုက်မှာစိုးလို့နောက်မှရေးပါ့မယ်။ မအလသားသမီးတွေဟာ ဘိန်းလုပ်ငန်းနဲ့ ပတ်သက်တာကို ယခင်ကရေးခဲ့ပြီးပါပြီ။ ငွေဖြူငွေမဲကိစ္စအဓိကပါ။

ထိုင်းက ဝင်ဖမ်းချိန်ကထဲက မအလသားပိုင်ဆိုင်တဲ့ စာချုပ်စာတမ်းတွေ မအလသမီးဘဏ်စာအုပ်တွေကို မိပြီးသားပါ။ ထိုင်းက မြန်မာသံနဲ့ စစ်သံမှူးကိုယ်တိုင် ထွန်းမင်းလတ်ကို ထောင်ဝင်စာတွေ့ပေးလေ့ရှိပါတယ်။ သူတို့လဲ ဒါတွေမိတာကို ထွန်းမင်းလတ်ပြောလို့သိမှာပါ။ ထွန်းမင်းလတ်ကို လွှတ်ပေးဖို့ မအလကတောင်းပေမယ့် ထိုင်းက အမေရိကန်ကဆွဲတာမိုလို့ မလွှတ်ပေးရဲပါ။ ဒါပေမယ့် ထိုင်းအစိုးရဟာဒီသတင်းကို မပေါက်ကြားအောင် ထိန်းထားခဲ့ပြီး မအလက သူပြောတာမလုပ်မှ အစပိုင်းအနေနဲ့ထုတ်ပြလိုက်တာပါ။ ယခုထွန်းမင်းလတ်ဟာ ဦးကိုနီအမှုမှာ သူလက်နက်ထောက်ပံ့တာကို ပြောခဲ့လားတပ်ချုပ်ပါဝင်မှု၊ သူ့မိသားစု ဘိန်းလုပ်ရာမှာ ငွေဖြူငွေမဲကိစ္စမှာ ပါဝင်မှုကို ဘယ်လောက်အထိပြောခဲ့လဲ ထိုင်းက ဘယ်လောက်အထိ ထုတ်ပြောမလဲဆိုတာက စောင့်ကြည့်ရမှာပါ။ ယခုလထဲမှာ ထိုင်းစစ်တပ်ကလာပြီး မအလကို အနည်းဆုံးဘာလုပ်ရမလဲဆိုတာကို လာပြောမှာပါ။ မအလမလုပ်ခဲ့ရင် သူ့သားသမီးတွေ မူးယစ်နဲ့ပတ်သက်တာတွေ သတင်းစာတွေမှာတက်လာနိုင်ပြီး ဖမ်းဝရမ်းတွေထုတ်လာနိုင်ပါတယ်။

ဒီနေရာမှာ အနောက်နိုင်ငံကလုပ်ပုံက စီးပွါးရေးပိတ်တာ၊ ဒဏ်ခတ်တာဖြစ်ပေမယ့် ဒါဟာနိုင်ငံကိုသာထိခိုက်စေပြီး မအလနဲ့  သူ့သားသမီးတွေကို ချက်ခြင်းထိခိုက်ဖို့က ခက်ပါတယ်။ ဒါပေမယ့် မအလသားသမီးတွေ နိုင်ငံဖြတ်ကျော် မှုခင်းဂိုဏ်းတွေနဲ့ ပါဝင်ပတ်သက်တယ်ဆိုပြီး ထိုင်းကစစ်ဆေးတွေ့ရှိလို့ ဖမ်းဝရမ်းထုတ်ခဲ့ရင်တော့ မအလသားသမီးများဟာ မြန်မာပြည်အပြင်ကိုထွက်ဖို့ ခက်သွားမှာပါ။

အာရှရဲ့လုပ်ပုံက မအလသိက္ခာကို အာရှနည်းနဲ့ သိက္ခချလာတာဖြစ်ပြီး ထိုင်းကဝရမ်းထုတ်ရင် အာဆီယံကလဲ လိုက်လာရမှာပါ။ ဒါဟာမြန်မာပြည်ထဲက မအလကို ထောက်ခံနေတဲ့ သူ့နောက်လိုက်တွေကိုလဲ ခေါင်းလောင်းသံပေးသလို ဖြစ်သွားမှာ သေချာပါတယ်။


တရုတ်ဟာ လန်ချားအစည်းအဝေးလာတက်ဖို့ အကြောင်းမပြန်ခဲ့ဘူးဆိုပြီး သူလျှို့ဝှက်ငြင်းခဲ့တာကိုလူတွေသိအောင် Al-jazzera က မအလဘိန်းကိစ္စသတင်းအပြီး တက်လာတာကလဲ တိုက်ဆိုင်တာမဟုတ်ပါ။ တရုတ်ဟာ အနောက်အုပ်စုသတင်းဌာနကတဆင့်မဟုတ်ဘဲ ကြားနေအာရပ်သတင်းဌာနကနေ ချပြခဲ့တာပါ။ ကုလလုံခြုံရေးကောင်စီမှာလဲ ရုရှားက မကန့်ကွက်အောင် ကြားနေပြခဲ့လို့ ရုရှားကကျော်မလုပ်ခဲ့တာပါ။


အကျဉ်းချုပ်ရရင် မအလဟာ NLD CEC တွေကို ပြန်လွှတ်ရမှာဖြစ်ပြီး DASSK ကို ထောင်ကနေအပြင်ထုတ်ပြီး အာဆီယံကိုယ်စားလှယ်နဲ့ ပေးတွေ့ရမှာပါ။ ပစ်တာကိုလဲ လက်တွေ့ရပ်ပြရမှာပါ။ သူက ဗုံးကျဲဖိအားပေးဖို့ ကြိုးစားနေပေမယ့် PDF က မြို့ပေါ်ကို တိုးတိုက်ရင် သူထိန်းမရပါ။ မအလဟာ ထိုင်းနဲ့ကမ္ဘောဒီးယားပြောတာမလုပ်ရင် ပိုအကျပ်ရိုက်မှာပါ။ ဒါတွေဟာ စာရေးသူတို့ ဒီမိုတွေတောင်းတာအကုန်မဟုတ်ပေမယ့် မအလကလဲ ဒါကိုတောင် မပေးနိုင်လို့ သူ့သေတွင်းသူ တူမယ်လို့ ယူဆရပါတယ်။ မအလကို ဆက်မိုက်ပါလို့သာ အကြံပေးလိုပါတယ်။ ဒါမှသူ့သား/သမီးဟာ ဘယ်အချိန်အဖမ်းခံရမလဲဆိုတာ သူလက်တွေ့သိသွားမှာပါ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

3 Comments


Ko Aye Khine
Ko Aye Khine
Jan 27, 2023

ကျေးဇူပါခင်ဗျာ။

မအလကတော့ စကတည်းက ခုထိ အားပါးတရလွဲလို့ကောင်းဆဲ မို့ ဆရာ အရင်ကရေးခဲ့သလို ဘာမှ သိပ်မလုပ်ရပါဘဲ သူ့စားရိတ်နဲ့သူ ပျက်စီးရာလမ်းကို ရွေးရွေးသွားနေတာ ကြည့်ရင်း ကျေနပ်ရပါတယ်။

Like

Myat Tun Oo
Myat Tun Oo
Jan 19, 2023

Facebook က တင်မရလို့ ဒီကသာ တင်ပါ့မယ်။

Like

KHIN NYO
KHIN NYO
Jan 17, 2023

ကျေးဇူး ပါဆရာ Facebook မှာဆရာ ရေးမှာစောင့် နေတာပါ။ မအလ မြနိမြန် အမှားများမျာ လုပ်ပါစေ

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page