top of page
Search

ဆီသိုေလွာင္႐ံုမွေျပာေသာစစ္ေရးအျမင္ႏွင့္စီမံခန္႔ခြဲမႈအရည္အခ်င္း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 13, 2019
  • 1 min read


အားလံုးသိတဲ့အတိုင္းစစ္အႀကီးအက်ယ္ျဖစ္ရင္ရန္သူကပင္လယ္ျပင္ကိုပိတ္ရင္တိုင္းျပည္မွာသိုေလွာင္ထားတယ့္စက္သံုးဆီလိုပါတယ္။ဒါေပမယ့္၁၉၆၂ထဲက၂၀၁၆အထိျမန္မာျပည္မွာဒီလိုကမ႓ာ့အဆင့္မွီစက္သံုးဆီေတြကိုအမ်ားႀကီးသိုေလွာင္ကန္မရွိခဲ့သလိုရွိေအာင္လဲစစ္ေရးအျမင္ရွိသူမ်ားကမလုပ္ခဲ့ၾကပါဘူး။ဒါေၾကာင့္ေရနံေစ်းေပၚမူတည္ၿပီးအတက္အက်ျမန္သလိုေစ်းကစားရင္ခံရပါတယ္။စစ္သာအႀကီးအက်ယ္ျဖစ္ခဲ့ရင္စစ္ေလယဥ္ေတြ၊စစ္ကားေတြ၊စစ္သေဘၤာေတြအတြက္ရန္သူတိုက္တာကိုခံခ်ၿပီးအၾကာႀကီးေထာက္ပံ့ႏိုင္ေအာင္မရွိခဲ့ပါ။ျပည္သူကေတာ့ဆီေစ်းက်ရင္မခံစားရေပမယ့္တက္ရင္ေတာ့ခ႐ိုနီႀကီးမ်ားကသိုေလွာင္႐ံုမရွိလို႔စင္ကာပူကဝယ္ရလို႔ဆိုၿပီးအနစ္နာခံတက္ေပးပါတယ္။

ဒါေတြဟာအရပ္သားအစိုးရတက္လာတဲ့၂၀၁၆မွာစတင္ေျပာင္းလဲလာခဲ့ပါတယ္။တိုင္းျပည္ရဲ႕ေရနံနဲ႔စက္သံုးဆီေၾကာင့္စီးပြားေရး၊စစ္ေရးအရခံရႏိုင္မႈexpose ျဖစ္မႈကိုအရပ္သားအစိုးရကသိရွိၿပီးစတင္ျပင္ဆင္လာပါတယ္။အေမရိကန္မွာေတာ့အာရပ္စစ္ပြဲအၿပီးထဲကအာရပ္ေတြသပိတ္ေမွာက္လဲေရနံမျပတ္ေအာင္strategic Petroleum Reserve ဆိုၿပီးေရနံေတြကိုကန္ေတြနဲ႔သိုေလွာင္ထားပါတယ္။

ဒီလိုေဆာက္ရာမွာတိုင္းျပည္ပိုက္ဆံခ်က္ခ်င္းမမတည္ထားႏိုင္လို႔ႏိုင္ငံျခားကရင္းႏွီးျမဳပ္ႏွံမႈကိုကြီးၿဖိဳးတို႔ကရန္ကုန္မွာေခၚခဲ့ပါတယ္။ဒါဟာျပည္သူေတြစက္သံုးဆီေစ်းမတက္ေအာင္အဓိကရည္ရြယ္လုပ္ေပမယ့္အရပ္သားအစိုးရရဲ႕အဘတို႔တက္စစ္ေရးအျမင္၊စီးပြားေရးအျမင္ရွိမႈကိုျပသြားသလိုစီမံခန္႔ခြဲမႈအရည္အခ်င္းျမင့္ေၾကာင္းကိုလဲျပသြားတာပါ။ကြီးၿဖိဳးတို႔လုပ္ျပသြားတာကအစိုးရကပိုက္ဆံဝင္မစိုက္ဘဲတိုင္းျပည္အတြက္မဟာဗ်ဴဟာအရစစ္ေရးေရာစီးပြားေရးပါအဆင္ေျပေအာင္လုပ္သြားတာပါ။

ကြီးၿဖိဳးေျပာသလိုပါဘဲသူတို႔ဟာျပည္သူ႔ေျမေတြကိုသိမ္းၿပီးေရာင္းစားတဲ့အစိုးရမဟုတ္ပါ။ဒါေၾကာင့္ျပည္သူ႔ေျမသိမ္းျပည္သူကိုေထာင္ထဲထည့္ၿပီးေရာင္းစားခဲ့သူမ်ားနဲ႔ယခုအစိုးရကြာျခားေနတယ္ဆိုတာကိုယခုလုပ္ရပ္ေတြကျပေနပါတယ္။

အခ်ိဳ႕ကိစၥေတြက၁၉၆၂ထဲက၂၀၁၆အထိယခင္အစိုးရေတြမလုပ္ႏိုင္ခဲ့တာကိုယခုအစိုးရသက္တမ္းအတြင္းစလုပ္ႏိုင္တာဟာသူတို႔ရဲ႕ေခါင္းေဆာင္မႈ၊စီမံခန္႔ခြဲမႈေတာ္မႈ၊ႏိုင္ငံေရးပါးဝမႈကိုျပပါတယ္။သင့္ေျမထပ္အသိမ္းခံခ်င္ရင္ေတာ့၂၀၂၀မွာအဘကိုမဲေပးပါ။အဘကေျမသိမ္းတာကၽြမ္းက်င္ပါတယ္။

Unicode version

ဆီသိုလှောင်ရုံမှပြောသောစစ်ရေးအမြင်နှင့်စီမံခန့်ခွဲမှုအရည်အချင်း

အားလုံးသိတဲ့အတိုင်းစစ်အကြီးအကျယ်ဖြစ်ရင်ရန်သူကပင်လယ်ပြင်ကိုပိတ်ရင်တိုင်းပြည်မှာသိုလှောင်ထားတယ့်စက်သုံးဆီလိုပါတယ်။ဒါပေမယ့်၁၉၆၂ထဲက၂၀၁၆အထိမြန်မာပြည်မှာဒီလိုကမ႓ာ့အဆင့်မှီစက်သုံးဆီတွေကိုအများကြီးသိုလှောင်ကန်မရှိခဲ့သလိုရှိအောင်လဲစစ်ရေးအမြင်ရှိသူများကမလုပ်ခဲ့ကြပါဘူး။ဒါကြောင့်ရေနံစျေးပေါ်မူတည်ပြီးအတက်အကျမြန်သလိုစျေးကစားရင်ခံရပါတယ်။စစ်သာအကြီးအကျယ်ဖြစ်ခဲ့ရင်စစ်လေယဉ်တွေ၊စစ်ကားတွေ၊စစ်သင်္ဘောတွေအတွက်ရန်သူတိုက်တာကိုခံချပြီးအကြာကြီးထောက်ပံ့နိုင်အောင်မရှိခဲ့ပါ။ပြည်သူကတော့ဆီစျေးကျရင်မခံစားရပေမယ့်တက်ရင်တော့ခရိုနီကြီးများကသိုလှောင်ရုံမရှိလို့စင်ကာပူကဝယ်ရလို့ဆိုပြီးအနစ်နာခံတက်ပေးပါတယ်။

ဒါတွေဟာအရပ်သားအစိုးရတက်လာတဲ့၂၀၁၆မှာစတင်ပြောင်းလဲလာခဲ့ပါတယ်။တိုင်းပြည်ရဲ့ရေနံနဲ့စက်သုံးဆီကြောင့်စီးပွားရေး၊စစ်ရေးအရခံရနိုင်မှုexpose ဖြစ်မှုကိုအရပ်သားအစိုးရကသိရှိပြီးစတင်ပြင်ဆင်လာပါတယ်။အမေရိကန်မှာတော့အာရပ်စစ်ပွဲအပြီးထဲကအာရပ်တွေသပိတ်မှောက်လဲရေနံမပြတ်အောင်strategic Petroleum Reserve ဆိုပြီးရေနံတွေကိုကန်တွေနဲ့သိုလှောင်ထားပါတယ်။

ဒီလိုဆောက်ရာမှာတိုင်းပြည်ပိုက်ဆံချက်ချင်းမမတည်ထားနိုင်လို့နိုင်ငံခြားကရင်းနှီးမြုပ်နှံမှုကိုကွီးဖြိုးတို့ကရန်ကုန်မှာခေါ်ခဲ့ပါတယ်။ဒါဟာပြည်သူတွေစက်သုံးဆီစျေးမတက်အောင်အဓိကရည်ရွယ်လုပ်ပေမယ့်အရပ်သားအစိုးရရဲ့အဘတို့တက်စစ်ရေးအမြင်၊စီးပွားရေးအမြင်ရှိမှုကိုပြသွားသလိုစီမံခန့်ခွဲမှုအရည်အချင်းမြင့်ကြောင်းကိုလဲပြသွားတာပါ။ကွီးဖြိုးတို့လုပ်ပြသွားတာကအစိုးရကပိုက်ဆံဝင်မစိုက်ဘဲတိုင်းပြည်အတွက်မဟာဗျူဟာအရစစ်ရေးရောစီးပွားရေးပါအဆင်ပြေအောင်လုပ်သွားတာပါ။

ကွီးဖြိုးပြောသလိုပါဘဲသူတို့ဟာပြည်သူ့မြေတွေကိုသိမ်းပြီးရောင်းစားတဲ့အစိုးရမဟုတ်ပါ။ဒါကြောင့်ပြည်သူ့မြေသိမ်းပြည်သူကိုထောင်ထဲထည့်ပြီးရောင်းစားခဲ့သူများနဲ့ယခုအစိုးရကွာခြားနေတယ်ဆိုတာကိုယခုလုပ်ရပ်တွေကပြနေပါတယ်။

အချို့ကိစ္စတွေက၁၉၆၂ထဲက၂၀၁၆အထိယခင်အစိုးရတွေမလုပ်နိုင်ခဲ့တာကိုယခုအစိုးရသက်တမ်းအတွင်းစလုပ်နိုင်တာဟာသူတို့ရဲ့ခေါင်းဆောင်မှု၊စီမံခန့်ခွဲမှုတော်မှု၊နိုင်ငံရေးပါးဝမှုကိုပြပါတယ်။သင့်မြေထပ်အသိမ်းခံချင်ရင်တော့၂၀၂၀မှာအဘကိုမဲပေးပါ။အဘကမြေသိမ်းတာကျွမ်းကျင်ပါတယ်။

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page