top of page
Search

စစ်သားနဲ့ သမ္မတရူးဘာကွာလဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 21, 2020
  • 1 min read

တပ်မတော်ထဲမှာက ရာထူးကြီးလေ ဒို့တာဝန်အရေးသုံးပါးဂျင်းနဲ့ အမျိုးသားနိုင်ငံရေးဂျင်းက မိနေလေပါ။ ဒါကြောင့် သူတို့တွေကိုလဲ ဒီမိုတွေလို့ ပြောမရပါ။ ဒုကာချုပ်ကနေ အောက်က ဗိုလ်ချုပ်တွေအထိပေါ့။ သူတို့ရဲ့ သဘောထားဟာ စာရေးသူတို့ ဒီမိုမိတ်ဆွေတွေနဲ့ သဘောထား မတူနိုင်ပါ။ ဒါပေမယ့် သူတို့အားလုံးနဲ့ မအလက ဘာကွာနေလဲဆိုတော့ သမ္မတရူး ရူးတာနဲ့ မရူးတာပါ။

ပထမဆုံး ဒုတပ်ချုပ်နဲ့ DASSK ဆက်ဆံရေးပါ။ ဒီနေရာမှာ ဒုတပ်ချုပ်တက်လာလို့ ခြေဥအကုန်ပြင်ပေးမယ်လို့ မပြောလိုပါ။ ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ DASSK နဲ့ မအလဆက်ဆံရေးထက် အများကြီးကောင်းပါတယ်။ ဒါတောင် မအလက ထိပ်က ပိတ်ထားတဲ့ အမိန့်နာခံမှု ဘောင်ထဲကပါ။ သူက DASSK ရှေ့မှာ သတိဆွဲပြီး စကားပြောသူပါ။ မအလက ရခိုင်မှာ ကာလုံမခေါ်မခြင်း မတိုက်ဘူးလိုလိုနဲ့ ဝေ့လည်ကြောင်ပတ်လုပ်နေတာကို နောက်ဆုံး မိမိတာဝန်ကို လုပ်ရမှာဖြစ်ကြောင်းဖြောင်းဖျခဲ့သူက ဒုတပ်ချုပ်ပါ။ တခါတရံ တပ်နဲ့ အစိုးရတွေ့တယ်ဆိုတာက DASSK နဲ့ ဒုတပ်ချုပ်ပါ။မအလနဲ့ နောက်ဆုံးတွေ့တာ အားလုံးသိတဲ့ ICJ မသွားခင် သမ္မတအိမ်တော်မှာ အစိုးရအဖွဲ့ အနေနဲ့ပါ။

ဒုတိယက ဘကျော်ဆွေပါ။ သူဟာ ဘရွှေနားက ယုံကြည်ရသူတစ်ယောက်ဖြစ်ခဲ့ပြီး တပ်ချုပ်ပေးဖို့လျာထားခံခဲ့ရသူတွေထဲက တစ်ယောက်ပါ။ သူဟာ အာဏာလွှဲပြောင်းရေး NLD နဲ့ ဆွေးနွေးပွဲတွေမှာတပ်ဖက်က မအလနဲ့အတူ တက်ခဲ့သူပါ။ စရဖညွှန်ချုပ်လဲ လုပ်ခဲ့သူပါ။ သူက အဲ့ဒီလောက်ခိုင်တဲ့ အမာခံဖြစ်ခဲ့ပါတယ်။ သူဟာ ဦးကိုနီကိစ္စအပြီး DASSK ကို ကာကွယ်ဖို့ သူမရဲ့ခရီးစဉ်တွေနောက် လိုက်ရာကနေ သူမနဲ့ ရင်းနှီးခဲ့ပုံရပါတယ်။ ဒါကြောင့်သူ့ကိုဖြုတ်ဖို့ နည်းမျိုးစုံအောက်လုံးသုံးခဲ့ပါတယ်။ပြည်ထဲရေးကလဲ အမှားများတဲ့ဌာနပါ။ နောက်ဆုံး V အမှုနဲ့တောင် NLD က မဖြုတ်လို့ သူကိုယ်တိုင်အချင်းချင်း မျက်နှာပြောင်တိုက်ပြီး ၆၄ နှစ်သမားက ဘကျော်ရွှေကို ၆၀ ပြည့်ဆိုပြီး သက်ပြည့်ပင်စင်နဲ့ ထုတ်ခဲ့ပါတယ်။ သူကလဲ ဒီမိုစစ်စစ်မဟုတ်ပေမယ့် သူ့မူလ အမာခံအနေအထားကနေ မအလက မယုံကြည်ရသူ ဖြစ်သွားပုံပါ။

ထို့အတူပါဘဲ မနေ့က ညီလာခံအပြီး ဒုဗိုလ်ချုပ်ကြီးရာပြည့် ပြောသွားတဲ့မိန့်ခွန်းဟာ သာမန် ဒို့တာဝန်အရေးသုံးပါးကို အခြေခံတဲ့ ပေါ်လစီမိန့်ခွန်းပါ။ ဒါပေမယ့် မအလမိန့်ခွန်းထက် လေသံ၊အကြောင်းအရာဟာ ပိုပြီး သံတမန်ဆန်ပါတယ်။ ဘာလို့လဲဆိုတော့ သူလဲ သမ္မတရူး မရူးလို့ပါ။ စာရေးသူတို့တိုင်းပြည်မှာ လက်နက်ကိုင် သမ္မတရူးတွေ ဘုရင်ရူးတွေ နည်းသွားရင် တိုင်းပြည်ကြီးကငြိမ်းချမ်းရေးရပြီး တိုးတက်သွားမှာပါ။

ပြဿနာက တပ်မတော်မဟုတ်ဘဲ သမ္မတရုးတွေ တပ်ချုပ်မဖြစ်ဖို့သာ အဓိကပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page