စစ်ကိုင်းမှာ ဘာလို့ဗျူဟာမှူးအစစ်ခံရလဲ?
- Myat Tun Oo
- Nov 24, 2022
- 1 min read

မအလတပ်ဟာ စစ်ကိုင်းကရွာတွေကို ကွန်မန်ဒိုတပ်သုံးပြီး ရဟတ်ယာဉ်ပေါ်ကနေပစ် ပြီးရင် လေပေါ်ကဆင်းသာလွန်အင်အားနဲ့ပစ်ပြီး ဝင်စီးပါတယ်။ အောက်ကရွာတွေထဲမှာ PDF တောင်မရှိလို့ ပွဲကတစ်ဖက်သတ်ကြီးပါ။အခြား PDF တကယ်ရှိတဲ့နေရာ ဝင်စီးရင်လဲ စစ်သဘောအရ PDF က ပြန့်နေလို့ အသေအပျောက်က သိပ်မရှိပါ။ ဒီနေရာမှာ ပထမဆုံးတွေးရမှာက သက်တမ်း ၂ နှစ်မပြည့်သေးတဲ့ တူမီးအများစုကိုင်သူကို ကွန်မန်ဒိုနဲ့ ရဟတ်ယာဉ်နဲ့တိုက်နေရကထဲက မအလတပ်တိုက်ရည်ခိုက်ရည်က ကျနေတယ်ဆိုတာပါ။
ဒါပေမယ့် သူတို့က ဒီနည်းနဲ့အောင်ပွဲတွေရတယ်လို့ထင်လာခဲ့ပါတယ်။ ဒါကြောင့် နောက်တစ်ဆင့်တက်ပြီး ရွာတွေကို တပ်လွှတ်ပြီး မီးရှို့ဖို့ ကြိုးစားလာပါတယ်။ မအလတပ်ဟာ စစ်ဝတ်စုံမဝတ်ဘဲ အရပ်သားဝတ်စုံ ဝတ်ပြီး သူ့ကိုအတိုက်မခံရအောင် PDF အယောင်ဆောင်ပါတယ်။ ဒါကြောင့်အချို့နေရာတွေမှာ စစ်ကူခေါ်ရင် ခွဲမရဘဲ မှားပစ်မိပြီး သေပါတယ်။
ဒုတိယကတော့ PDF တွေက ဗျူဟာကျကျပိတ်ပြီး မိုင်းခွဲတာ ဝိုင်းတိုက်တာတွေ လုပ်လာတာပါ။ ဗျူဟာမှူးက ရွာတွေကိုမီးရှို့ဖို့ လွှတ်လိုက်ချိိန်မှာ တူမီးနဲ့ပစ်တာလောက်ကို မျှော်လင့်ထားပေမယ့် မောင်းပြန်သေနတ်တွေနဲ့ စစ်ပွဲလိုအတိုက်ခံရချိန်မှာ လယ်ပြင်မှာ အပစ်ခံရသလိုဖြစ်ပြီး အသေများသွားခဲ့ပါတယ်။ အနီးကပ်တိုက်ချိန်မှာ တပ်ချင်းနီးသွားလို့ လက်နက်ကြီးပစ်ကူ လေကြောင်းပစ်ကူက အသုံးမဝင်တော့ဘဲ အသေများသွားခဲ့ပါတယ်။
ယခုအချိန်မှာ မအလတပ်အသေများလားဆိုတာ တပ်ထဲမှာအငြင်းမပွါးတော့ဘဲ မအလတောင်လက်ခံနေရပြီးယခုမအလလုပ်နေတာက သူ့ကြောင့်မဟုတ်ဘဲ အောက်ကအသုံးမကျလို့ဆိုပြီး အမှုစစ် အပြစ်ပုံချတာပါ။ ယခင်က ရခိုင်မှာ တပ်ရင်းမှူးတွေ အာဏာဖီဆန်တာကစခဲ့ပြီး ယခုကတော့ စစ်ကိုင်းကို ရောြ်လာနေပါပြီ။ ပြည်သူကNUG ကို ဆက်လှူပါ။ ဒါမှဖိအားဆက်ပေးနိုင်မှာပါ။
(စာကြွင်း- ယခုမအလတပ်ကို တိုက်နေတဲ့အဖွဲ့တွေက နိုင်ငံခြားကအလှူများတဲ့ ဘာတပ်တော် ညာတပ်တော်မဟုတ်ပါ။)
Comments