top of page
Search

ချင်းတိုင်းရင်းသားများအတွက် Dr Sasa ပြောကြားချက်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 18, 2020
  • 1 min read

ဒီမိုကရေစီက မြန်မာနိုင်ငံတစ်ခုလုံးရမှဖြစ်မယ်။ သွေးခွဲရေးဝါဒကြောင့် ပါတီတွေများနေတာ။ ဒီမိုကရေစီကြိုက်တဲ့ပါတီနဲ့ မကြိုက်တဲ့ပါတီသာ တိုင်းပြည်မှာ ရှိတယ်။ ဒီမိုကရေစီသည် NLD မှလာမှဖြစ်မယ်။ ဖယ်ဒရယ်ကို အတူတကွလုပ်ရအောင်။ လူမျိုးစွဲ ဒေသစွဲနဲ့ ဒီမိုကရေစီက မဖြစ်နိုင်ပါလို့ ပြောသွားခဲ့ပါတယ်။

သူလို ပညာတတ် တိုင်းရင်းသားစစ်စစ်က ပြောသွားတာ ပိုကောင်းပါတယ်။ သူပြောထားတာလေးကိုနားထောင်ကြည့်ပါ။

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Oct 19, 2020

ဦးမြတ်! လူသားမှန်သမျှ ကောင်းကောင်း စား/ဝတ်/နေ အဆင်ပြေပြေ**ငြိမ်းငြိမ်းချမ်းချမ်း**နေလိုသည်မှာ မွေးရာပါ ဗီဇဖြစ်ပါသည်။

သို့သော် စားဝတ်နေအတွက် မိမိတဦးတည်း ဖော်ဆောင်မရ။ စားဝတ်နေပြေလည်စေမည့် ပတ်ဝန်းကျင်ကောင်းကို အများ(ဒီမို)နှင့် ပူးပေါင်း ညှိနိုင်း ဆောင်ရွက်(ကရေးစီးယား) ရယူ ရပါသည်။ တဦးတယောက်၏ အာဏာဖြင့် ဆုံးဖြတ်မှုနှင့် အံ မဝင် ၊ မကိုက် ညီ။

မိမိအခွင့်အရေး မိမိသာ ဖန်တီးခွင့်မူအရ။ကိုယ်က အချိုစားချင် ၊ သူကသူ့သဘောနဲ့ အခါးပေး။ မငြိမ်းချမ်းတော့။ အချိုစားချင်လို့ ပတ်ဝန်းကျင်မှာ အချို မရှိ။ အခါးသာ အတိ ရှိနေရင်။ ရင်မှာ မငြိမ်းချမ်းတော့ပါ။ အချိုပေးသော ဝန်းကျင်ကိုသာ အာရုံစိုက် ရှာဖွေပါတော့မည်။

စနစ်တခုကို ဆရာအဆက်ဆက် ကျင့်သုံးခဲ့လို့လည်း မှန်သည်ဟု မယူနဲ့။

ဘိုးဘွားအဆက်ဆက် လက်ခံကျင့်သုံးခဲ့လို့လဲ စနစ်ကောင်းဟု မယူဆနဲ့။

တဆင့်ကြားနဲ့လည်း လက်မခံနဲ့။

မိမိကိုယ်တိုင် ကျင့်သုံးကြည့်လို့ ကောင်းတယ်(ငြိမ်းချမ်းတယ်)လို့ ယုံကြည်မှသာ လက်ခံ ကျင့်သုံးပါ

(ဘုရားရှင်ဟောကြားသော ကာလာမသုတ်)

*****************************


ဓမ္မ. နှင့် ငြိမ်းချမ်းရေး

တိုက်ရိုက် အချိုးကျ၏။

မူးယစ်ပေါသော ဖားကန့်မှာ မငြိမ်းချမ်းပါ။ ေသသူ သေ၊ကြေသူ ကြေ၊ ကြွေသူ ကြွေ။

မူးယစ်မှန်သမျှကို ငြိမ်းချမ်းလိုသူ(ဓမ္မလိုလားသူအပေါင်း) ဆန့်ကျင်ကြပါသည်။

ဝန်းကျင် မသာယာပါ။ပတ်ဝန်းကျင်ကောင်း မဖန်တီးနိုင်ပါ။


****************************


ခုခါမယ် အများပြည်သူ(ဒီမို)ရွေးချယ်တင်မြောက်သည့် ကိုယ်စားလှယ်များ စီမံ အလုပ်လုပ်မှု(ကရေးစီးယား)ကို ဦးဆောင်သူအဖွဲ့ အစိုးရကြောင့်

**ကျေးရွာအနှံ လျှပ်စစ်မီး ရောက်ခဲ့ပါပြီ။

**လမ်းပန်းဆက်သွယ်ရေးအတွက် အခြေံအဆောက်အအုံ လမးတံတားများ ခမ်းနား ဆန်းပြားစွာ ပေါ်ထွက်လာပါပြီ

**ကိုယ်ဝန်ဆောင်မိခင်လောင်းများအတွက် အထောက်အပံများ ရရှိအောင် ဖော်ဆောင်ပေးထားပါပြီ။

#ပတ်ဝန်းကျင်ကောင်းများ#ကို ခံစားသုံးဆောင်အောင် ဖန်တီးပေးထားပါပြီ။

လမ်းပန်းဆက်သွယ်မှုကြမ်းတမ်းခက်ခဲသော ချင်းပြည်နယ်အတွက်

အရည်ချင့်ပြည့် ကောင်းမွန်သည့်လေဆိပ်တခု ၅ နှစ်တာကာလအတွင့် ရနိုင်သမျှအခွင့်အရေးများနှင့်အတူ ဖော်ဆောင်ပေးထားခဲ့ပြီးဖြစ်ပါသည်။မငြိမ်းချမ်းသမျှများကို ငြိမ်းချမ်းစေခဲ့ပါပြီ။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page