top of page
Search

ကိုဗစ်မှသည် e government ဆီသို့

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 20, 2020
  • 1 min read

စာရေးသူ ရန်ကုန်တိုင်းအစိုးကိစ္စနဲ့ပတ်သက်ပြီးရေးချိန်မှာ ပလက်ဝကိစ္စလဲ ထည့်ရေးခဲ့တာ အားလုံးသိမှာပါ။ ဒီကိစ္စက ရန်ကုန်ကိစ္စမရေးခင်ကထဲက ပြောပေးနေတာကြာခဲ့ပါပြီ။ စာရေးသူက ၁၄ ရက်နေ့မှာတင်ပြီး ၁၆ ရက်နေ့မှာ ပလက်ဝကို ဆန်ရောက်တယ်လို့ ကြားပါတယ်။ တပ်ကလုံခြုံရေးယူပေးတယ်လို့ပြောပါတယ်။ ဗဟိုကပြောလို့လား အောက်ခြေမှာအဆင်ပြေသွားတာလားတော့ မသိပါ။ ဘာကြောင့်ဖြစ်ဖြစ် အဆင်ပြေသွားတာ ဝမ်းသာပါတယ်။ သူတို့က ကြားထဲက ခံနေရသူတွေမိုလို့ပါ။

နောက် တရားစွဲတဲ့ကိစ္စ။ ရန်ကုန်တိုင်းအစိုးရကိုပြောအပြီးမှာ ပြည်သူတွေက ရန်ကုန်တိုင်းအစိုးရကတရားမဝင်လူစုတာကို အရေးယူတာအတွက် ထောက်ခံတယ်ဆိုတာ ပြခဲ့ကြပါတယ်။ ကျန်းမာရေးဝန်ကြီးရော၊ ဆေးတက္ကသိုလ်ကဆရာကြီး ဆရာမကြီးများကလဲ ရန်ကုန်တိုင်းအစိုးရ အရေးယူတာဟာမှန်ကန်တယ်လို့ ပြောဆိုရေးသား တင်ပြကြပါတယ်။ ဒါကိုလဲ DASSK ပြန်ကြားခဲ့ပုံပါ။ ဒီထက်ပိုအရေးကြီးတာက အခြားခရစ်ယန်အဖွဲ့များကလဲ ဒီတရားဟောဆရာဟာ သူတို့ကို ကိုယ်စားမပြုကြောင်း ထုတ်ပြောလာလို့ သူဟာ အများစုသော ဘာသာဝင်တွေကို ကိုယ်စားမပြုကြောင်း DASSK သိသွားပုံပါ။ သူမက သတင်းတွေပေါ်မှာ သုံးသပ်နိုင်ပါတယ်။ သတင်းမှန် သူမထံရောက်ဖို့တော့ လိုပါတယ်။ ဒါကြောင့် သူတို့ကို အမှုမပိတ်ပါ။ တရားဥပဒေအရ ဆက်လက်ဆောင်ရွက်သွားပါမယ်။ ဒီကိစ္စဒီမှာပြီးပါပြီ။ အခြားလူများ ဖျာဝင်ခင်းမှာစိုးလို့ပါ။

ဒီကိစ္စဖြစ်ပြီးနောက်ပိုင်း လုပ်တာတွေက တာဝန်ခံရမယ့်အဖွဲ့တွေဟာ အလုပ်တော့ မလုပ်ချင်လူပ်ချင်နဲ့လုပ်လာတာတွေ့ရပါတယ်။ ဒါကလဲ ရန်ကုန်တိုင်းအစိုးရက လိမ္မာပါးနပ်စွာ တင်ပြပြီး သူတို့အလုပ်လုပ်အောင် လုပ်လာလို့လို့ ပြောနိုင်ပါတယ်။ ပထမက စက်ရုံနဲ့ အလုပ်သမားကိစ္စမှာ ဒါက တိုင်းဒေသကြီးတစ်ခုရဲ့ ကိစ္စမဟုတ်ဘဲ ဗဟိုက ကိုင်တွယ်ရမှာပါ။ အင်မတန်မှ သိမ်မွေ့ပါတယ်။ အလုပ်ရှင်၊အလုပ်သမား၊ စီးပွါးရေးနဲ့ ကျန်းမာရေး ဘက်ပေါင်းစုံက စဉ်းစားရမှာပါ။ ဒါပေမယ့် အထက်က ဘာမှအကြောင်းပြန်မလာခဲ့ပါ။ တွေ့လိုက်ရတာက ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝန်ကြီးက စာထုတ်ပြီးနေပြည်တော်ကို သူ့ရဲ့ လုပ်မယ့် action plan ကို အကြောင်းပြန်ခိုင်းရာမှာ အလုပ်သမားရုံးနဲ့ဗဟိုကလုပ်ငန်းခွင်ပိတ်ဖို့ စာထွက်လာတာတွေ့ရပါတယ်။ သူကရုံးတွင်းစာလဲပို့ Facebook ပေါ်လဲတင်လို့အထက်က အကြောင်းပြန်ကိုပြန်ရပုံပါ။ ဉာဏ်ကောင်းပါတယ်။

အလုပ်သမားဝန်ကြီးဌာနက စာထွက်တာဟာ နောက်ကျပေမယ့် မထွက်တာထက်စာရင်တော့ ကောင်းပါတယ်။

ဒီကိုဗစ်ရဲ့ စိန်ခေါ်မှုက ကြီးမားပါတယ်။ မြန်မာပြည်လို ကြိုးနီစနစ်များတဲ့တိုင်းပြည်၊ ခြေဥမရှင်းတဲ့တိုင်းပြည်၊ လက်တစ်လုံးအလိုစောင့်နေတဲ့ တိုင်းပြည်၊ အမိန့်ပေးမှ လုပ်တတ်သူများရှိတဲ့တိုင်းပြည်၊အဘတမိုးကျအချို့ရှိတဲ့တိုင်းပြည်မှာတော့ ပိုစိန်ခေါ်မှုများမှာပါ။ ဒါပေမယ့် ဒီကိုဗစ်ဟာ e-government ဒါမှမဟုတ် Facebook government အနေနဲ့ အကောင်းဘက်ကို တွန်းပို့နေတာတော့ တွေ့ရပါတယ်။

ကြံဖန်ဝေဖန်လိုသူတွေကတော့ ဝေဖန်မှာပါ။ စာရေးသူကြည့်ရာမှာ ရန်ကုန်ကနေ မန္တလေးကိုသွားတာဟာ ဒီမိုခရီးဖြစ်ပြီး မန္တလေးက ပန်းတိုင်ဆိုရင် ယခင်စစ်အစိုးရလက်ထက်က ရန်ကုန်ကနေကို မရွေ့တာပါ။ ဒီမိုအစိုးရလက်ထက်မှာတော့ စပြီးရွေ့လာပါပြီ။ သူကယခင်က လှည်းနဲ့သွားတာဆိုရင် ယခုကိုဗစ်မှာ ကားနဲ့သွားတဲ့အဆင့်ရောက်လာပါပြီ။ သွားတဲ့ လမ်းကြောင်း direction မှန်ပြီး ကိုဗစ်ကြောင့်ပိုမြန်လာတာကို တွေ့ရပါတယ်။

Credit: Irrawaddy, Yangon Region Government, Labour and immigration department

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

5 Comments


Myat Tun Oo
Myat Tun Oo
Apr 20, 2020

Thanks. If u can create a new fb account and add me and let me know here. I will reaccept you. Thanks for reading.

Like

naynanmyint629395
naynanmyint629395
Apr 20, 2020

Because my fb acc was

deleted according to the

a lot of rudiness I don't want

to read .

I only watch and read your articles only so just pray

your acc must be in safe .

Like

naynanmyint629395
naynanmyint629395
Apr 20, 2020

I thought your acc is something went wrong .

When I was reading ..

your article was dropdown

and the words " something

went wrong " appeared .

I worried about no disturbance has been done

upon your acc .

Like

U Myint Soe Oo
U Myint Soe Oo
Apr 20, 2020

ကိုမြတ်! e. gov လို့ပြောတာကတော့ သဘောကျသွားပါပြီ။ထောင်တွင်း မူးယစ်ကိစ္စ / ရေးမြို့ သစ်တောကိစ္စ. ဒါတွေ ဆိုင်ရာအစိုးရများသိသွားပါမည်။ လှည်းကူးပဲရောက်ရောက် ! လှည်းလှေနဲ့ပဲ သွားသွား ပန်းတိုင်ရောက်ရန်သာလိုပါသည်။ #မိုင်တစ်သောင်းခရီးကိုပထမခြေလှမ်းဖြင့်စတင်ရာ၏#။လှမ်းဖြစ်ခြင်းသည်သာ အဓိကပါ။ခုဆို ဖေါင်ကြီးဟာ ပထမခြေလှမ်း။ ဆိုင်ရာဆိုင်ရာ ကဏ္ဍစုံအလိုက်မှာရှိသော တတ်ကျွမ်းသူများ၏ စုပေါင်းညီညွတ်မှု အား။ညီညာ၍ ပြည်သာ၏။

နွံထဲ၌ လှည်းဘီးကျွံနေသည်

ကူ၍တွန်းပေးကြပါ

လေးလွန်း၍ မတွန်းနိုင်ဘူးလား

ပြိုင်တူတွန်းလျှင် #ရွေ့နိုင်ပါသည်#

Like

U Myint Soe Oo
U Myint Soe Oo
Apr 20, 2020

ကိုမြတ်! e. gov လို့ပြောတာကတော့ သဘောကျသွားပါပြီ။ထောင်တွင်း မူးယစ်ကိစ္စ / ရေးမြို့ သစ်တောကိစ္စ. ဒါတွေ ဆိုင်ရာအစိုးရများသိသွားပါမည်။ လှည်းကူးပဲရောက်ရောက် ! လှည်းလှေနဲ့ပဲ သွားသွား ပန်းတိုင်ရောက်ရန်သာလိုပါသည်။ #မိုင်တစ်သောင်းခရီးကိုပထမခြေလှမ်းဖြင့်စတင်ရာ၏#။လှမ်းဖြစ်ခြင်းသည်သာ အဓိကပါ။ခုဆို ဖေါင်ကြီးဟာ ပထမခြေလှမ်း။ ဆိုင်ရာဆိုင်ရာ ကဏ္ဍစုံအလိုက်မှာရှိသော တတ်ကျွမ်းသူများ၏ စုပေါင်းညီညွတ်မှု အား။ညီညာ၍ ပြည်သာ၏။

နွံထဲ၌ လှည်းဘီးကျွံနေသည်

ကူ၍တွန်းပေးကြပါ

လေးလွန်း၍ မတွန်းနိုင်ဘူးလား

ပြိုင်တူတွန်းလျှင် #ရွေ့နိုင်ပါသည်#

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page