top of page
Search

ကိုဗစ်၊ ဘာသာရေးပွဲများနှင့် ခြေဥ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 13, 2020
  • 1 min read

ပုံမှန်မှာဆို ကပ်ရောဂါဖြစ်တယ် အစိုးရက ဘာသာရေးပွဲမလုပ်ရလို့ အမိန့်ထုတ်တယ်။ အများစုကလိုက်နာမှာပါ။ မလိုက်နာရင်ဖမ်းပြီး ထောင်ထဲ ထည့်လိုက်ရုံပါ။ ဒါက ပုံမှန်ခြေဥနဲ့ ပုံမှန်တိုင်းပြည်တွေမှာပေါ့။

ကပ်ရောဂါကြီးကလဲ ကွန်မြူနစ်တရုတ်ကို ရောက်ခဲ့သလို ဒီမိုအမေရိကန်၊ ဥရောပလဲ ရောက်ခဲ့ပါပြီ။မြန်မာပြည်မှာက ၂၀၀၈ ခြေဥမိုလို့ မလာပါနဲ့လို့ တားလို့မရပါ။ အဲ့ဒီမှာ ပြဿနာက စပါပြီ။

ဗုဒ္ဓဘာသာက အများစုကိုးကွယ်တဲ့ဘာသာပါ။ အစိုးရကအမိန့်ထုတ်လို့ ဘုန်းကြီးကျောင်းတွေက မလိုအပ်တဲ့ စာသင်သားတွေကို နယ်ပြန်ခိုင်းတာတွေ ဘာညာအားလုံးလုပ်ပြီးပါပြီ။ ဘာမှ ပြဿနာမရှိပါ။ အချို့နယ်တွေမှာ တားထားတဲ့ကြားက အလှူလုပ်တာ ဘုန်းကြီးပြန်လုပ်တာ ကြားနေရပါသည်။အစိုးရကလဲ တတ်နိုင်သလောက် အရေးယူနေပါသည်။ အချို့ကိစ္စကတော့ အနည်းငယ်ခက်ပါတယ်။အစိုးရကကျပ်ရင် မဘသတွေက သူတို့သာသနာပျက်အောင်ဘာညာဆိုပြီး အော်ဖို့ချောင်းနေလို့ပါ။ယခုတောင် ဘုန်းကြီးကျောင်းတွေကို ဆွမ်းစီစဉ်ပေးမယ်ဆိုတဲ့ မူဝါဒကြောင့် ဘာမှအော်သံမကြားရသေးတာပါ။ ဒါက အများစုဘာသာ။

ထို့အတူပါဘဲ ခရစ်ယန်အတွက်လဲ သူတို့တွေကို သူတို့လူကြီးတွေက လူစုလူဝေးမလုပ်ဖို့ စာထုတ်ထားပြီးသားပါ။ ဒါကို သူတို့အသင်းရဲ့ လူကြီးပြောတာကို နားမထောင်ဘဲ လူသွားစုလို့ဖြစ်တာပါ။ သူတို့ကိုအစိုးရက သွားအရေးယူရင်လဲ လူ့အခွင့်အရေးဆိုပြီးအော်နိုင်ပါတယ်။ ကိုယ့်တိုင်းပြည်က ဟိုကိစ္စနဲ့ပတ်သက်ပြီး စောင့်ကြည့်ခံထားရလို့ပါ။

မူစလင်တွေကလဲ သူတို့ရဲ့ ဗလီတက်တာကို ဖျက်ထားတယ်လို့ ကြားပါတယ်။ သူတို့အသိစိတ်နဲ့ပါ။ဘာသာတိုင်းမှာ သူတို့အကြီးအကဲရဲ့အမိန့်ကို ချိုးဖောက်သူတော့ ရှိနိုင်ပါတယ်။

ပြီးခဲ့တာကို သင်ခန်းစာယူပြီး အမှားထပ်မလုပ်ကြဖို့ပါ။

ယခုနှစ်ကူးမှာ အားလုံးတီဗီကနေ တရားနာလို့ရသလို မိမိဆရာတော်မှ ဆိုသူများလဲ ဘယ်ဘာသာမဆိုFacebook ကနေ တရားနာလို့ရပါတယ်။

ဘုရားတရားဟာ ကိုဗစ်အတွက် စိတ်ဖိစီးမှု ရနေသူတွေအတွက် လိုအပ်မှာပါ။

ဒါပေမယ့် အိမ်ထဲမှာသာ နေကြပါ။ ဘုရားတွေက သူ့သားသမီးတွေ အိမ်ကနေ ရှစ်ခိုးလဲ ကုသိုလ်ရပါတယ်။ ရင်ထဲမှာဘုရားရှိဖို့က အဓိကပါ။ ပါးစပ်က ဘုရားဘုရားဆိုပြီး မိမိလက်က ကိုဗစ်ခေါ်သူ မဖြစ်ပါစေနဲ့။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page