top of page
Search

ကျားဖြန့်မှသည် ဘဘဆီသို့

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 23, 2023
  • 1 min read

အာဏာသိမ်းအပြီးမှာ တရုတ်နယ်စပ်က ကျားဖြန့် လိုင်းပေါ်ငွေလိမ်တာက စီးပွါးဖြစ်လုပ်လာပါတယ်။ အကြောင်းက မအလက သူ့ပြည်သူ့စစ်တွေကို မထိန်းနိုင်လို့နဲ့ သူတို့ထံက ငွေဝင်လို့ပါ။ သူက ပြည်သူ့စစ်အားကိုးပြီး PDF ကိုတိုက်ရလို့ အသံမမာရဲပါ။ ဥပမာ ရွှေကုက္ကိုမြို့သစ်မှာလဲ ကျားဖြန့်ရှိပြီး မအလက စောချစ်သူကို မကျော်ရဲပါ။ ဒီစီးပွါးရေးမှာ အမြတ်ကို ဒကစမှသည် တိုင်းမှူး စစ်ဆင်ရေးအထူးအဖွဲ့မှူး အဆင့်ဆင့်ကိုပေးရပြီး မအလအထိပေးရသလို စရဖကိုလဲ ပေးရပါတယ်။ ရဲကိုလဲပေးရပြီး ပြည်ထဲရေးဝန်ကြီးအထိပေးရပါတယ်။ ဒီဝင်ငွေက မြန်မာတစ်ပြည်လုံး ထုတ်ကုန်ထက် များလာနေတာ တွေ့ရပါတယ်။ မြန်မာပြည်က ထုတ်ကုန်က သဘာဝဓာတ်ငွေ့မှသည် အထည်ချုပ်အထိ ၂၀၂၁ မှာ ကြိုးစားခဲ့တာ ဒေါ်လာ ၆၅ ဘီလီယံသာ ရခဲ့ပါတယ်။ ဒီလိုင်းပေါ်က လိမ်တဲ့လုပ်ငန်းက ဒေါ်လာဘီလီယံ ၄၀ ရတာပါ။ ဒါဆိုရင် အမြတ်ဘယ်လောက်ကောင်းလဲ အားလုံးသိမှာပါ။

တရုတ်က ဘာလို့ကြမ်းလာလဲဆိုတော့ သူ့ပြည်သူထံက ငွေလိမ်လို့ရယ် လောင်းကစားအိမ်တစ်ခုကနေ သူ့ထောက်လှမ်းရေးကို မအလပြည်သူ့စစ်နဲ့ မအလတပ်က အရပ်ဝတ်စရဖက ပစ်သတ်လိုက်လို့ပါ။ လူ ၅၀ လောက်သေပါတယ်။ ဒီကိစ္စမှာ ပြည်သူ့စစ်၊ လောက်ကိုင်ကိုယ်ပိုင်အုပ်ချုပ်ရေးမှသည်၊ ကြံ့ဖွတ်အဖွဲ့ထိပ်ပိုင်းခေါင်းဆောင်များ စစ်တပ်ခေါင်းဆောင်များ မအလအထိ ပါဝင်ပတ်သက်နေပါတယ်။ ဒါကြောင့် Ming Xuecheng က မိမိကိုယ်ကို သတ်သေခဲ့တာမဟုတ်ဘဲ မအလက စရဖကတဆင့် နှုတ်ပိတ်ခဲ့တာပါ။ ဒီနေရာမှာ ကျားဖြန့်ကရငွေက အများကြီးပါ။ ဒေါ်လာဘီလီယံ ၄၀ မှာ အဘကို ၁၀% ပေးရလို့ ၄ ဘီလီယံ ဒေါ်လာ သန်း ၄၀၀၀ ပါ။ အဘ ဘဝ တစ်ရာရှာလို့မရပါ။ သူလဲဒါကတရုတ်နဲ့ပြဿနာဖြစ်မယ် မထင်လို့နေခဲ့မှာပေါ့။ မအလက လူသေအလောင်းပုံကိုထုတ်ပြခဲ့ပေမယ့် မအလကို တရုတ်ကယုံမှာပါလား? မအလလောက်တော့ တရုတ်ကလဲ လုပ်နေကြပါ။ မြွေမြွေချင်း ခြေမြင်မှာပါ။ မအလက သူ့ PSO, ဒကစမှူး၊ ယခင် စစ်ဆင်ရေးအထူးအဖွဲ့မှူး၊ မိုးမြင့်ထွန်း၊ စိုးထွဋ်၊ လက်ရှိစရဖညွှန်ချုပ်ကို ဖမ်းစစ်ရဲပါသလား? တရုတ်ကို ထိုသူများကိုမလွှဲရဲတာကတော့ သေချာပါတယ်။ လောက်ကိုင်ဟာ အဘရာထူးတိုးခဲ့တဲ့ အောင်မြေကနေ အဘကြိုးစင်တက်ရမယ့်မြေဖြစ်လာမှာလားကတော့ စောင့်ကြည့်ရမှာပါ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

3 Comments


Maung Chit Khaing
Maung Chit Khaing
Nov 24, 2023
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဦးသန်းရွှေက ဘာပြောလဲ။  ဦးလော်စစ်ဟန်၊ ဦးဖုန်းကြာရှင်နဲ့ ဦးခင်ညွန့်တို့ ရှိနေရင် ကိုးကန့် ပဋိပက္ခ ဖြစ်မှာ မဟုတ်ဘူး။     ဦး မင်းအောင်လှိုင်ကို ဒီလိုမထားခဲ့ပါနဲ့။ သူဘယ်လိုကိုင်တွယ်ရမှန်းမသိဘူး။
Edited
Like

Scarlet Scarlet
Scarlet Scarlet
Nov 23, 2023

အမှုက ​တော့...

နက်နဲလာဘီ IP ​ရေ...

Like

Khin Pyone
Khin Pyone
Nov 23, 2023

that righy

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page