top of page
Search

ကိုဆွေဝင်းကို ဝေဖန်သောသူများသို့

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 5, 2020
  • 1 min read

ree

စာရေးသူဟာ သတင်းသမားမဟုတ်လို့ သတင်းသမားအလုပ်ကို မသိနိုင်ပါ။ ဒါပေမယ့် မြန်မာပြည်ကသတင်းသမားတွေထဲမှာ ဘယ်သူကကောင်းတယ် မကောင်းဘူးဆိုတာလောက်တော့ သိပါတယ်။

ယခုတလော လူအချို့က ကိုဆွေဝင်းကို ဖွတ်တွေကိစ္စသာဖော်ပြီး လက်ရှိအစိုးရအကြောင်းရေးပါလား၊ ရခိုင်အရေး ရေးပါလားဆိုပြီး ဝေဖန်ကြလို့ ကိုဆွေဝင်းက ပြန်ရှင်းထားတာကိုလဲ ဖတ်လိုက်ရပါတယ်။

ပထမဆုံးကလမြန်မာပြည်မှာ သတင်းသမားအများစု ၇၅% ဟာ လက်ရှိအစိုးရကို နည်းမျိုးစုံနဲ့ မကောင်းရေးနေတာပါ။ ကောလဟာလသတင်းကို တပ်အကောင့်တုတွေကဖွပြီး အဲ့ဒီသတင်းကိုဘဲ နင်းမေးပြီး သိက္ခာချကြတာပါ။ ဘာမှ ထောက်လှမ်းတဲ့ သတင်းပညာ Investigative journalism မရှိပါ။

နောက်အုပ်စုက ဘင်္ဂါလီ အိမ်သာတက်တာကအစ အင်္ဂလန်နဲ့ အမေရိကန်ကနေ သခင်ကြီးတွေအတွက်အဓိကမေးပေးတဲ့ အုပ်စုပါ။

တတိယအုပ်စုက အစိုးရကို အဓိကဖောင်းထု၊ သူပုန်နဲ့ဆို တပ်ကိုဖောင်းထုတဲ့အုပ်စုပါ။

သူတို့ကလဲ သတင်းသမားအလုပ် လုပ်တာလို့ ပြောကြမှာပါ။ အဓိကက အများစုက အစိုးရကိုဖောင်းထုပြီး အကွက်မှားစောင့်နေတဲ့ သတင်းသမားအများအုပ်စုစုနဲ့ ဘင်္ဂါလီကို မိဘသဖွယ်သဘောထားတဲ့ပြည်ပဩဇာခံသတင်းသမားအုပ်စုသာ အများဆုံးရှိတဲ့နိုင်ငံမှာ ကိုဆွေဝင်းဟာ ပြည်သူအတွက်မျက်နှာမူပြီး စုံစမ်းပေးနေတယ်ဆိုတာပါ။ ဒါကြောင့် သူဟာ အဆိုပါဝေဖန်သူတွေထက် ဥပမာသာလွန်ဖွတ်ထက်တို့နဲ့ အခြားပြည်ပက ဒေါ်လာစား ဌာနမှူးကြီးတွေထက် တိုင်းပြည်ကို အကျိုးပြုမှုမှာဆယ်ဆသာတယ်လို့ ပြောပါရစေ။ သူဟာ သမ္မတအနေနဲ့ ဂုဏ်ပြုထိုက်သူပါ။

ဒါဆို Myanmar Now ကရေးသမျှ သဘောတူလား? စာရေးသူ သဘောမတူတာလဲ ရှိနိုင်ပါတယ်။ဥပမာ ကယားလူငယ်ကိစ္စပေါ့။ ဒါက စာရေးသူနဲ့သူက အလုပ်မတူလို့ပါ။ ကယားအခြေအနေမှန်ဟာစာရေးသူထင်သလို ဟုတ် မဟုတ်က ရွေးကောက်ပွဲရလာဒ်ထွက်ရင် သိမှာပါ။ ဒါပေမယ့် ကိုဆွေဝင်းလုပ်နေတာကိုတော့ ထောက်ခံပါတယ်။ သူ့ကိုဝေဖန်သူများအနေနဲ့ သူ့ထက်ကောင်းတဲ့ သတင်းတစ်ပုဒ်လောက် တင်ပေးပါ။ ဥပမာ အဘ Rolex ကြီး ဘယ်ကရလဲ ဆိုတာမျိုးပေါ့။ မိမိက စဖော်နိုင်ပြီဆိုမှ ကိုဆွေဝင်းကို ဝေဖန်ပါလို့ ဖွတ်နဲ့ မာမူတ မီဒီယာများကို ပြောပါရစေ။

 
 
 

Recent Posts

See All
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 
NUG သတင်းက စိုးရိမ်စရာလား?

ပထမဆုံးပြောချင်တာက စာရေးသူဟာ ကွီးဖြိုးကိုထောက်ခံခဲ့သူဖြစ်ပြီး ကြည်ပြာတို့ နေဘုန်းလတ်တို့ရဲ့ ပရိသတ်မဟုတ်ဘူးဆိုတာပါ။ ဒီနေရာမှာ အချို့က NUG မှာ ဒီလိုဖြစ်တာက NUG ဝိုင်းထောက်ခံသူတွေကြောင့်ဆိုပြီး ရေးကြပြော

 
 
 

2 Comments


Myint Soe Oo
Myint Soe Oo
Oct 06, 2020

ဦးမြတ်! ကိုဆွေဝင်းအကြောင်း တစေ့တစောင်း သိခွင့်ရလိုက်သည်က သူ့အနေနဲ့ (မြန်မာပြည်တွင်းက ပေးသော) ဘွဲ့ မရပါ။အများအမြင်ကတော့ ဘွ့ဲရပညာတတ်မဟုတ်ဘူးရယ်လို့ အဓိကထား မြင်နေကြသူများလည်းရှိကြပါသည်။


****************************


အတတ် + ပညာ = အတတ်ပညာ

အတတ်ပညာရှိသူ = ပညာတတ်

= ပညာရှိ

ဘွဲ့? မဟာဘွဲ့ ? ပါရဂူဘွဲ့?


အတတ် = မြင်တတ် ၊ တွေးတတ်

ကြံစည်တတ်သော

စွမ်းရည်

ပင်ကိုယ်ဗီဇ သတ္တိထူးတစ်မျိုး။

အတတ်အပေါ် အခြေခံ၍ (ကြုံတွေ့ရသည့် ဖြစ်စဥ်အပေါ်)ကောင်းကျိုးပေါ်အောင် ဖော်ဆောင်တတ်သော စွမ်းရည်ကို ပညာဟု ဉာဏ်မီသမျှ သုံးသပ်မိပါ၏။


****************************


မီးဖိုပေါ်က ရေနွေးအိုး အဖုံး တဆတ်ဆတ်နှင့် တုန်ခါလှုပ်???

ရေနွေးငွေး၏ စွမ်းအင်=>ရေနွေးငွေ့အားသုံး မီးရထားစက်ခေါင်း (ဂျိမ်းဝပ်)


ရေချိုးကန်တွင်း လူဝင်ရောက်ရာ၊ရေများဘေးသို့ ဖိတ်စင်လျှံကျ??

အာခိမိဒိစ်=ရေ၏ဖော့ဂုဏ်=>ပင်လယ်ကူးသင်္ဘောကြီးများ။


မြင်တတ်မှုအပေါ် ကြံစည်နိူင်မှု စွမ်းရည် = အတတ် ပညာ = ပညာတတ် = ပညာရှိ။


**************************


ဗာဟုသစ္စဥ္္စ ၊ သိပ္ပဥ္စ

အ ကြားအမြင် ဗဟုသုတရှိခြင်း၊

စက်မှုလက်မှု(---)စသော သိပ္ပံပညာတတ်မြောက်ခြင်း

မင်္ဂလ=အပြစ်ကင်းရှင်း သန့်စင်ခြင်း။

စက်မှုလက်မှုသည် အတွေးအကြံ

ကြံစည်မှု(စိတ်)ကို အ ခြေခံပါသည်။

စိတ္တေန နိံယတိ လောကော

လောကကို စိတ် ဦးဆောင်၏။

ဗုဒ္ဓဘုရားရှင်၏ အဆုံးအမ။


ခုလောက်ဆိုလျှင်

ဘွဲ့တွေ တသီတတန်းကြီးရသူတိုင်း ပညာတတ်ပါသလား?

ပညာတတ်သူတိုင်း လောကကောင်းကျိုးပေါ်အောင် ဖော်ဆောင်ကြသူချည်းဖြစ်ပါသည်။

တနည်း ပညာတတ် ပညာရှိများဖြစ်ကြပါသည်။

ပညာရှိ = ပဏ္ဍိတ

ပဏ္ဍိတာနဥ္စ သေဝနာ

ပညာရှိကို မှီဝဲဆည်းကပ်ခြင်းသည် မင်္ဂလာ(အပြစ်ကင်းရှင်းသန့်စင်ခြင်း)


****************************


ခုလောက်ဆိုလျှင် ကိုဆွေဝင်းကို အမြင်မမျှ မမြင်တတ်သူများ မြင်တတ် ခွဲခြားတတ်သော အတတ်တခု ရရှိနိုင်လိမ့်မည်ဟု…


Like

Albert Wint
Albert Wint
Oct 06, 2020

ဖွတ်သိုက်သမိုင်းမဖော်နိုင်တောင် ဖွတ်တကောင်သမိုင်းပြည့်ပြည့်စုံစုံလေးဖော်ပြကြပါလား

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page