top of page
Search

ကျိုင်းတုံနဲ့လွှတ်တော်မှာအဆင်ပြေမလား

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 16, 2019
  • 1 min read

ree

ကျိုင်းတုံနဲ့လွှတ်တော်မှာအဆင်ပြေမလား

ငြိမ်းချမ်းရေး

ပုံမှန်ကတော့နှစ်ဖက်စလုံးမှာတရုတ်ကြီးဖိအားတွေရှိနေပါတယ်။မြောက်ပိုင်းသူပုန်ကတပ်ကရှမ်းပြည်မှာအပစ်ရပ်ထားချိန်ဝင်တိုက်သွားလို့သူကပိုတာဝန်ရှိတာပါ။ဒါပေမယ့်သူကတိုက်ပြီးဒီဘက်ကပြန်မတိုက်ခင်အပစ်ရပ်ခေါ်သွားတော့၁၇ရပ်နေ့အပစ်ရပ်ဆွေးနွေးပွဲဟာအရေးကြီးလာပါတယ်။

အဘကလဲသူတို့ကိုကိုင်ဖို့ပြင်စရာရှိတာတွေပြင်ပြီးပါပြီ။ပြည်ထောင်စုလမ်းမကဒီအတိုင်းရှင်းလို့မရဘဲသူပုန်ရဲ့ပြည်ထောင်စုလမ်းကိုတိုက်ခိုက်ရာမှာသုံးတဲ့ထောက်ပို့လမ်းကိုဖြတ်မှရမှာပါ။

ဒီနေရာမှာသူပုန်တွေကိုဘယ်လိုတိုက်တိုက်သူတို့ဟာဝနဲ့KIA ဌာနချုပ်တွေကနေလက်နက်လူအင်အားဖြည့်နေမှာပါ။မဖြည့်ရင်တောင်ပြင်ဆင်နေလို့ရပါတယ်။သူတို့ဟာတရုတ်ထဲမှာအခြေမချဘူးဆိုရင်ပေါ့။

ဒါကြောင့်အဓိကအချက်ကအပစ်ရပ်သဘောတူရင်တပ်တွေဘယ်မှာထားမလဲဆိုတာပါ။ယခုရောက်တဲ့နေရာမှာတပ်ထားပြီးအပစ်ရပ်မယ်ဆိုရင်တော့လက်ရှိတပ်နဲ့မလွယ်ပါ။ဥပမာသူကနမ့်ဆန်နားသူ့တပ်ရောက်လို့ရပ်ပြီဆိုရင်တောင်မရနိုင်ပါ။

တိုက်ရာမှာလဲရန်သူ့ရဲ့နယ်မြေထဲအထိမတိုက်နိုင်ရင်အလကားပါ။ဒါမျိုးတိုက်ဖို့ကနိုင်ငံရေးအရလိုပါမယ်။အကောင်းဆုံးကအတိုင်းအတာတစ်ခုအထိအစိုးရပြောစကားနားထောင်လွှတ်ပေးပြီးမရရင်ပြည်သူနဲ့အတူကိုင်မှရမှာပါ။ယခုလ၁၇ရက်နေ့ဆွေးနွေးပွဲတွေဟာတိုင်းပြည်အတွက်အရေးကြီးပါတယ်။

ခြေဥပြင်ဆင်ရေး

ငြိမ်းချမ်းရေးဘက်မှာအရေးကြီးသလိုဒီနေ့ဟာခြေဥအတွက်လဲအရေးကြီးပါတယ်။တပ်ကဘာတင်တင်ခြေဥပြင်ဖို့တင်တာကမတင်တာထက်ကောင်းပါတယ်။NLD ကလဲသူတို့လိုချင်တာကိုချပြထားသလိုတိုင်းရင်းသားပါတီတွေကလဲချပြထားပါတယ်။ယခုတပ်ကချပြလာတာဟာဘယ်သူ့အတွက်မဆိုအပေးအယူလုပ်ဖို့အစလို့သတ်မှတ်ပါတယ်။

ငြိမ်းချမ်းရေးရော၊ခြေဥမှာပါသဘောထားတင်းရင်ပြည်သူနဲ့ထိပ်တိုက်တွေ့နိုင်ပါတယ်။ခြေဥကိုပြင်ပြီးလိုက်လျောရင်ငြိမ်းချမ်းရေးကပါလာမှာပါ။ကြားတဲ့အတိုင်းဖြစ်ပါစေလို့ဆုတောင်းမိပါတယ်။ဒါဟာကောင်းဖို့အစဖြစ်ပါစေလို့ဆုတောင်းပါတယ်။

Photo credit: Golden Triangle news

Zawgyi version



ငြိမ်းချမ်းရေး










ခြေဥပြင်ဆင်ရေး






 
 
 

Recent Posts

See All
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 
NUG သတင်းက စိုးရိမ်စရာလား?

ပထမဆုံးပြောချင်တာက စာရေးသူဟာ ကွီးဖြိုးကိုထောက်ခံခဲ့သူဖြစ်ပြီး ကြည်ပြာတို့ နေဘုန်းလတ်တို့ရဲ့ ပရိသတ်မဟုတ်ဘူးဆိုတာပါ။ ဒီနေရာမှာ အချို့က NUG မှာ ဒီလိုဖြစ်တာက NUG ဝိုင်းထောက်ခံသူတွေကြောင့်ဆိုပြီး ရေးကြပြော

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page