top of page
Search

NLD လိုစိတ်ထားပါ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 27, 2020
  • 1 min read

ရွေးကောက်ပွဲဆိုတာ အနိုင် အရှုံးရှိပါတယ်။ ရန်ကုန်မှာ NLD ဟာ အကုန်နိုင်ပြီး ကိုးကိုးကျွန်းမှာ ရှုံးခဲ့ပါတယ်။ ကိုးကိုးကျွန်းဟာ ၂၀၁၅ ကလဲ NLD က ရှုံးခဲ့ပါတယ်။ ကိုးကိုးကျွန်းမှာနေသူများဟာ တပ်နဲ့ဝန်ထမ်းအများစုပါ။ အရပ်သားက အနည်းစုပါ။ အရပ်သားတွေဟာ သယ်ယူပို့ဆောင်ရေးအတွက်တပ်ကိုမှီခိုနေရပါတယ်။ ကွီးက သင်္ဘောသီးသန့်ဆွဲဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမယ့် တပ်သူလျှို ကျော်ဇေယျက အကုန်အကျစားရိတ်ကို အကြောင်းပြကန့်ကွက်ခဲ့ပါတယ်။ အခြားအမတ်များကလဲ ကန့်ကွက်ခဲ့ပါတယ်။ တပ်ကလဲ အဲ့ဒီကလူတွေကို သူတို့ကိုသာ မှီခိုစေချင်သလို ပြည်မကလူတွေကို မလာစေချင်ပါ။ ဒါ့ကြောင့် တစ်ချက်ခုတ် နှစ်ချက်ပြတ်ပါ။ ဒါနဲ့ပထမအစီအစဉ်က ပျက်သွားခဲ့ပါတယ်။တပ်ဖြစ်စေချင်တာက သူတို့ထိန်းချုပ်နယ်မြေကို အရပ်သားတွေ လာချင်တိုင်း လာလို့မရအောင် တားတာပါ။ ဘာပဲပြောပြောသူတို့ဖြစ်ချင်တာ ကျော်ဇေယျကြောင့် အတိုင်းအတာတစ်ခုအထိ အောင်မြင်ခဲ့ပါတယ်။

နောက်ကွီးကစပြီး လျှပ်စစ်မီးအတွက် စီစဉ်ပါတယ်။ DASSK ရဲ့ ဗဟိုအစိုးရက အတည်ပြုပြီးနေရောင်ခြည်စွမ်းအင်သုံးပြီး ပေးဖို့လုပ်ပါတယ်။


၂၀၂၀မှာ အားလုံးသိတဲ့အတိုင်း NLD ဟာ ကိုးကိုးကျွန်းမှာ ရှုံးပါတယ်။ ပုံမှန်မှာ အဘတို့သာရှုံးခဲ့ရင်လမ်းတစ်ခြမ်းနဲ့ ပြီးသွားမှာပါ။ ဒါပေမယ့် NLD ဟာ နိုင်ငံရေးပါတီပါ။ သူတို့ရှုံးပေမယ့်လဲ NLD ပါတီကဖွဲ့ထားတဲ့ ဗဟိုအစိုးရနဲ့ ရန်ကုန်တိုင်းအစိုးရဟာ သူတို့ပြောထားတဲ့အတိုင်း လျှပ်စစ်ဓာတ်အားပေးနိုင်အောင် အငြိုးမထားဘဲ ဆက်လုပ်ပေးနေပါတယ်။ အဘသာဆို ဖြတ်လေးဖြတ်ပါ။ ဒါကဘာကိုပြသလဲဆိုတော့ အစိုးရရဲ့ ရင့်ကျက်မှုကို ပြသွားသလို ပြည်သူအပေါ် မေတ္တာထားတာကိုလဲ ပြသွားခဲ့တာပါ။ အဘတို့လဲ NLD လို စိတ်ထားနိုင်ပါစေလို့ ပြောပါရစေ။

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Nov 28, 2020

ဦးမြတ်! ဆောင်းပါးနှစ်ပုဒ်အတွက် ခြုငုံမိစေမည့် အတွေးတစဖြင့်တင်ပြပါရစေ။

***စေတနာ ဆောင်၍

***အောင်ကြပါစေ။

ဒေါ်အောင်ဆန်းစုကြည်


လောကကြီးကို စိတ်က ဦးဆောင်၏။ စေတနာကို ကံဟု ခေါ်၏။(ဗုဒ္ဓဘုရားရှင် အဆုံးအမ)


စေတနာဖြူလျှင် အလုပ်(ကံ)ဖြူ၍ (ကမ္မနိယမအရ)ကံ၏ အကျိုးပေး လက်ဆောင် ဖြူစင်ပါသည်။

တစ်ဦးတစ်ယောက် အောင်မြင်ခြင်း ကျရှုံးခြင်းသည် ကံကောင်း၊မကောင်း ဆောင်ရွက်သည့်လုပ်ရပ်အပေါ် ရာနှုန်းပြည့်မူတည်ပါသည်။**ငါ ကံမကောင့်းလို့ ရှုံးရတာပါ**အတိတ်ကံပေါ်ချည်း လက်ညှိုးထိုး ပုံချတတ်ပါသည်။

ပစ္စုပ္ပန် ကံကို မေ့ထားတတ်ကြ၏။

အောင်မြင် ကျရှုံးခြင်းကို စီမံအုပ်ချုပ်အလုပ်လုပ်သူမှာ

**ကံ အမိ ၊ ကံ အဖ**ပါ။မိရင်း ဖရင်း ဖြစ်ပါသည်။ တခြားအရာကို အမိ အဖ ခေါင်းစဥ်တပ် ဝင်ရောက် မိလျှင် မိဘကျေးဇူး မသိသော အမိုက်သားသို့ မိုက်မှားတာတွေပဲတွေ့ရမှာပါ။ **ကျေးဇူး မသိ သောကြောင့်**။

သူတထူး၏ ကျေးဇူး သိပြီး၊ ကျေးဇူးဆပ်သူမှန်သမျှ **အောင်မြင်**ကြသူချည်းပါ။

အထင်ရှားဆုံးသာဓက

#သုဝဏ္ဏသာမ#။

**သား ရွှေအိုး ထမ်း၊ ပြန်လာရပါသည်။**

ကံနှင့် ကံ၏ အကျိုးကို နတ်ထိုး

ပူဇော်၊ လာဘ်ကိုး ယြတြာ တန်ခိုးဖြင့် မိမိလိုသလို ဖန်တီးယူ၍ မရပါ။ဘုရားရှင်မှ အနတ္တဟု ဆုံးတော်မူခဲ့ရာ အတ္တ စိုးနေလျှင်ဖြင့်

ဗုဒ္ဓဘုရားကိုးကွယ်ငြား ဘုရားနှင့်

မြင်ဆန့်ကျင် အယူလွဲ မိစ္ဆာဘဝ ခံယူရာရောက်ပါသည်။ မိစ္ဆာဆိုသည်မှာ **မာ ၊ ဆိတ်**။ အယူအမြင်လွဲ မွဲသူသည် အယူမာကြောကြမ်းတမ်းသောကြောင့် အကောင်းကျိုးပေး ဆိတ် သုန်း

ရပါသည်။

တပါးသူကို အမှောင်ချလျှင် ကိုယ်အမှောင်ကျပါသည်။

တပါးသူကို လင်း စေပါက၊ ကိုယ့်မှာ ရန်ရှင်း ၊ အောင်ခြင်းမှန်သမျှ

ထွန်း လင်း ခ. ရပါသည်။

~ရေအားဖြင့် မလုံလောက်၍ ဆိုလာစနစ် လျှပ်စစ်။

~သဘာဝဓာတ်ငွေ့ရည်သုံး လျှပ်စစ်ထုတ်…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page