top of page
Search

NLD ရုံးရှေ့ ရန်ကုန်ပြည်သူများရဲ့ အောင်ပွဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 15, 2021
  • 1 min read

ဒီနေ့မနက်မှာ NLD က လွှတ်တော်အမတ်တွေ ရုံးချုပ်မှာစုမယ် ဒါ့ကြောင့်ဝင်ဖမ်းဖို့ စရဖနဲ့ ရန်ကုန်စစ်တိုင်းမှူးက စီစဉ်ပါတယ်။ ရဲက လုံခြုံရေးပေးပေါ့။ သူတို့ဝိုင်းအပြီးမှာ ပြည်သူတွေက သူတို့ကို ဝိုင်းလိုက်ပါတယ်။ ပြည်သူက သာလွန်အင်အားဖြစ်လို့ စစ်တပ်က စစ်ကူထပ်ခေါ်ပါတယ်။ စစ်ကူရဲနဲ့ ရေကားကို ပြည်သူတွေက ဝင်မရအောင် ကားပျက်ပြီး လမ်းပိတ်ဆို့လို့ ဘာမှ ဆက်လုပ်မရခဲ့ပါ။

ရန်ကုန်မှာ သိထားသင့်တာက အကယ်၍ သူတို့ပစ်ခဲ့ရင် ကုန်ကားနဲ့ ရန်သူကို တိုက်သတ်လဲ သူတို့စုစည်းမှု ပျက်ပါတယ်။ ပြည်သူတွေရဲ့ အားသာချက်ပါ။

ပြည်သူက သူတို့စစ်ကူလာရာလမ်းကို ပိတ်ထားလို့ ယခု လက်လျှော့ ပြန်သွားတာပါ။

လွှတ်တော်ကိုယ်စားလှယ်များလဲ မအပါနဲ့။ ခင်ဗျားတို့ဟာ နိုင်ငံရဲ့ အသက်၊ အနာဂတ်ပါ။ မလိုအပ်ဘဲမစုပါနဲ့။ အစည်းအဝေးတွေကို zoom meeting လုပ်ပါ။ ယခုတော့ ဦးအောင်ကြည်ညွန့်နဲ့ ဒေါ်မေဝင်းမြင့်ကို ရှာတာဆိုပြီး ရူးချင်ယောင် ဆောင်သွားပါပြီ။ သူတို့အမြဲတမ်း NLD ရုံးရှေ့မှာ စောင့်ကြည့်နေကြပါ။ အထဲမှာ ဘယ်သူရှိလဲ သိပါတယ်။ ပြည်သူတွေဒီပွဲ နိုင်ခဲ့ပါတယ်။ ဆက်စည်းလုံးကြပါ။

အရေးတော်ပုံ အောင်ရမည်။ မအလ ကျဆုံးပါစေ။

 
 
 

Recent Posts

See All
ထရမ့် ထရမ့်

အော်ထရမ့် ထရမ့် နေပြည်တော်ကို ယခင်အစိုးရတွေလက်ထက် စီးပွါးရေးပိတ်ဆို့တာ နှစ် ၃၀ ကျော်၊ ဘာမှမဖြစ် ဘာမှ မမှု။ ထရမ့်က မာဒူရိုဝင်ဖမ်း မအလ လုံခြုံရေးပြန်သုံးသပ်၊ အစည်းအဝေးတွေလုပ်၊ ယခု အီရန်ကို စနေဝင်တိုက်၊

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Feb 15, 2021

ဦးမြတ်! တံငါသည် လှေဝမ်းထဲက ငါးသုံးကောင် ပုံပြင်။

~ကံ ကောင်းလျှင် လွတ်မှာပါ။ ကံ

အားကိုးပြီး မှိန်း နေသော ငါး

~လွတ်ဖို့ တဖျတ်ဖျတ် (အခြေအနေအချိန်အခါ မကြည့် ၊ အားအတင်းစိုက် ရုန်းထွက်ဖို့)ကြိုးစားတဲ့ ငါး

နှစ်ကောင်လုံး တံငါလက်ချက်နှင့် အသက်ထွက်ရပါသည်။

+/+/+ နောက်ဆုံးငါးကတော့ အသာငြိမ်နေပြီး အခွင့်အခါသင့်သည့်အခိုက် (တံငါသည် ငေးမော တွေးတောနေချိန်မှာ၊ ရှိသမျှ အားစိုက် တစ်ချက်တည်း ခုန်)ရုန်း ထွက်ခြင်းဖြင့် လွတ်မြောက်ရပါသည်။

~အားစိုက် အလုပ်လုပ်ခြင်းဟူသော ကံ

~ နိုင်ငံတကာဖိအားခံထားရသူတို့

အကြမ်းဖက် ပစ်ခတ်မှု နေ့ခင်းလည်မှာ မပြုနိုင်ကြောင်း ဆင်ခြင်တုံ တရားတည်းဟူသော ဉာဏ်

~တစ်သောင်း ဆောင်သော်ရ၏ အမြင်ဖြင့် တစ်ချက်တည်း ပြိုင်တူအင်အားဖြင့် ရုန်းထွက်ခြင်းဟူသော ဝီရိယ

#ကံဉာဏ်ဝီရိယ

လူသားစွမ်းဆောင်ရည်

~±~အတ္တာဟိ အတ္တနော နာထော(မြတ်ဗုဒ္ဓဘုရားရှင်)။

#ပြည်သူတွေမအတော့ပါ။


အမှန်သစ္စာဖြင့်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page