top of page
Search
Writer's pictureMyat Tun Oo

Message from state counsellor


စာ​ရေးသူအနေနဲ့ DASSK ရဲ့ မြန်မာလိုရေးတင်ထားတာကို နိုင်ငံခြားသံရုံးတွေ မြန်မာပြည်ကို ဝေဖန်လေ့ရှိတဲ့ သတင်းထောက်တွေ ဖတ်လို့ရအောင် အင်္ဂလိပ်လို ဘာသာပြန်တင်ပေးလိုက်ပါတယ်။ သူတို့အနေနဲ့ သူမဟာ ပြည်သူနဲ့ ဘယ်လိုဆက်သွယ်တယ်ဆိုတာကို သိစေချင်လို့ပါ။

———————————————-


I am thinking about “Immunity”. Three people died due to COVID 19 and all of them had some pre-existing condition. Therefore, they have a weak immune system to fight back COVID 19. People with preexisting condition and elderly have weak immune system.

Please don’t forget that your immune system will be weak If you are not taking care of your lifestyle. Please take care of yourself. Each citizen is valuable for our country. The collective strength of each citizen is the immune system of our country.

Tomorrow, my government will start delivering essential food aid to low income people who are in poverty. This is the project we have never done it before in this country.

There is a phrase where a chain is no stronger than its weakest link means that a group is only as strong or successful as its weakest or least successful member. The strength, success, empathy and immunity of the state will be determined by how the state looks after its most vulnerable and weakest members of its society.

Please help us to deliver food successfully. Please make sure there is less waste by using resources carefully. We won’t leave anyone in needs. Please wait and be patient if there is any delay.

Let’s face this challenge together by showing empathy and love.

Let me finish my message with this proud note. I have made my own mask. Please have a look.

————————————-


“ကိုယ်ခံအား” ဆိုတဲ့ စါသားလေး ခုတလော ခဏခဏ ခေါင်းထဲ ရောက်လာ ပါတယ်။ COVID-19ကြောင့် ကျွန်မတို့ ပြည်သူ (၃)ဦး ဆုံးပါး သွား ရရှာ ပါပြီ။

ကွယ်လွန် သွားသူ (၃)ဦးလုံး ရောဂါအခံတွေရှိကြပါတယ်။ ဒါ့ကြောင့် COVID ကို တွန်းလှန်ဖို့ အားနည်း သွား ပါတယ်။ ကိုယ်ခံအား နည်းတယ် ဆိုတဲ့ သဘော ပါ။ ရောဂါအခံ ရှိသူတွေ၊ သက်ကြီး ရွယ်အိုတွေ ကိုယ်ခံအား နည်းတယ်လို့ သိနေကြမယ် လို့ ထင်ပါတယ်။


အနေအထိုင်၊ အစား အသောက် မဆင်ခြင်ရင် လည်း ကိုယ်ခံအား ကျနိုင်တယ် ဆိုတာ မမေ့ကြ ပါနဲ့။ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ။ ပြည်သူ တစ်ဦးချင်းဟာ နိုင်ငံ အတွက် တန်ဖိုး ရှိပါတယ်။ ပြည်သူတွေရဲ့ စုပေါင်း အင်အားက နိုင်ငံရဲ့ ကိုယ်ခံစွမ်းအား ပါဘဲ။


မနက်ဖြန် ကျွန်မတို့နိုင်ငံ တဝှန်း ပုံမှန် ဝင်ငွေ မရှိတဲ့ အခြေခံ လူတန်းစား ပြည်သူတွေ အတွက် စားနပ်ရိက္ခါ ကူညီဖြန့်ဖြူးတဲ့ အစီစဉ် စပါမယ်။ တစ်ခါမျှ မ လုပ်ဖူးတဲ့ စီမံကိန်းကြီးမျိုးပါ။ သံမဏိချိန်းကြိုး တစ်ကြိုးရဲ့ အင်အားဟာ

ကြိုးရဲ့အပျော့ဆုံးကွင်းရဲ့ အားလောက်သာရှိတယ် လို့ဆိုပါတယ်။ နိုင်ငံ တစ်နိုင်ငံရဲ့ ကိုယ် ခံ စွမ်းအားရဲ့အတိုင်းအတါကို၊ အားအနည်းဆုံးပြည်သူ တွေကို စောင့်ရှောက်နိုင်တဲ့အတိုင်းအတာကပြပါတယ်။


ရိက္ခါ ဖြန့်ဖြူးရေးအစီအစဉ် အောင်မြင်ဖို့ ဝိုင်းဝန်း ကူညီ ပေး ကြပါ။ စေတနာဟာ ဝေဒနာ မဖြစ်ရအောင်၊ စည်းစနစ်နဲ့ လောဘ ဒေါသတွေကို ဟန့်တားပေးကြပါ။ လိုအပ်နေသူ မည်သူကိုမျှ မချန်ထား ပါဘူး။ စောင့်ရတာလေးတွေရှိရင် သည်းခံ စိတ်ရှည် ပေးကြပါ။


ကျွန်မတို့ ရင်ဆိုင်ရမဲ့ စိန်ခေါ်မှုတွေကို အားလုံးအတူ နိုင်ငံရဲ့ ကိုယ်ခံအား မွေးပြီး ကျော်လွှားကြရအောင်။


ဒီmessageကို အကြွားလေးနဲ့ အဆုံးသတ်ပါရစေ။ ကျွန်မ mask ချုပ်လို့ပြီးပါပြီ။အောက်မှာ ကြည့်ပါ။


Credit: Daw Aung San Suu Kyi

107 views0 comments

Recent Posts

See All

လူညီရင်

ဆီးရီးယားတပ်က တပ်သားတစ်ယောက် တစ်နေ့ ကြက်ဥတစ်လုံး၊ ပေါင်မုန့်တစ်ခု၊ လစာ ဒေါ်လာ ၅၀ (၂၃၀၀၀ ကျပ်) ပေးတယ်။ အာဆတ်က မပြုတ်ခင် ဒီဇင်ဘာ ၂၀၂၄ မှာ...

コメント


bottom of page