top of page
Search

DASSK အမှု ဘာလို့အမိန့်မချသေးတာလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 2, 2021
  • 1 min read

ဒီနေရာမှာ အရေးကြီးတာက ပြည်သူတွေအနေနဲ့ DASSK ဘာအမိန့်ချမလဲ တွေဝေမနေပါနဲ့။ သူမကိုထောင်ချချင်လို့ တမင်အမှုများစွာနဲ့ တရားစွဲတာပါ။ အမိန့်မချသေးတာက တရားသူကြီးနဲ့ DASSK ကိုတရားစွဲတဲ့ မအလအစိုးရရှေ့နေများရဲ့ မိဘတွေ၊ သူတို့ ယောင်္ကျား၊ မိန်းမနဲ့ ကလေးတွေကို နေရာပြောင်းနေလို့ပါ။ နောက်အရေးကြီးတဲ့အချက်က မအလကိုယ်တိုင် ဘာလုပ်ရမလဲ မဆုံးဖြတ်ရသေးလို့ပါ။ DASSK ကို တရားသူကြီးက မျှမျှတတ အမိန့်ချမယ်လို့ ထင်နေရင် စိတ်ကူးယဉ်မှုသာ ဖြစ်လိမ့်မယ်လို့ ပြောပါရစေ။

DASSK ကို ယခုဘယ်မှာထားသလဲဆိုတာ စာရေးသူ မအလနေတဲ့အိမ်ကအစ Myanmar Now မတိုင်ခင် မြေပုံနဲ့ ရေးခဲ့ပြီးပါပြီ။ အဆိုပါနေရာက သူမကို ပြင်ပနဲ့ တကယ့်ကို အဆက်ဖြတ်ထားလို့ရတဲ့နေရာပါ။ သူမကို ထောင်ချခဲ့ရင် လက်ရှိနေရာမှာ ဆက်ထားမှာလား နေပြည်တော်ကထောင်ထဲကိုပြောင်းမှာလား မအလစဉ်းစားရပါမယ်။ သူဘာလုပ်လုပ် သူ့အတွက် နိုင်ငံရေးအရ ငရဲတွင်းထဲကိုဆက်ဆင်းတာပါ။ သူမကို ထောင်ချရင် သူမပါတီနဲ့ PDF တွေက ယခုထက်ပိုပြီး ပြင်းပြင်းထန်ထန်တိုက်ဖို့သာ ရှိမှာပါ။ နောက် NLD ပါတီထဲက လက်နက်မကိုင်ဘဲ မအလနဲ့ စကားပြောသလိုလုပ်နေတဲ့ယခင် အစိုးရဖောင်းထု Gen Lee တွေလဲ ရှေ့တိုးဖို့ ခက်သွားမှာပါ။ ဒါ့အပြင် မအလနဲ့ ကမ္ဘာကြီးနဲ့ထိပ်တိုက်ပိုတွေ့ဖို့သာ ရှိမှာပါ။

ဒီနေရာမှာ စာရေးသူပြောလိုတာက DASSK ကို ဘာအမိန့်ချမှာလဲဆိုတာ သိလိုကြမှာဖြစ်ပေမယ့်ယခင်ကလို သူမလွတ်လာရင် ဒီမိုကရေစီရမှာဆိုတဲ့ အတွေးမျိုးတွေ ဖျောက်ထားရပါမယ်။ အမေရိကန်မျှော်၊ ကုလမျှော်တာလဲ ဖျောက်ထားရပါမယ်။ စာရေးသူတို့ဟာ နေ့စဉ် ရန်သူကို ဘယ်လိုတိုက်မလဲသာ အမြဲတွေးနေရပါမယ်။ NUG ထီဝယ်တာ၊ NUG ကို အခွန်ဆောင်တာ၊ ငွေတိုက်စာချုပ်ဝယ်တာစတဲ့နည်းမျိုးစုံနဲ့ ထောက်ပံ့နေရပါမယ်။ ပြည်သူကသာ မိမိလွတ်လပ်ခွင့်ကို မိမိရအောင် တိုက်ယူရမှာပါ။ မေမေနိုင်မှဖြစ်မှာပါဆိုပေမယ့် ဒီပွဲက ပြည်သူနိုင်မှ စစ်ကျွန်ဘဝက အားလုံးလွတ်မြောက်မှာပါ။ဘယ်လောက်စွန့်စားမလဲဆိုတာက သင်ဘယ်လောက်ာစစ်ကျွန်ဘဝက လွတ်မြောက်ချင်လဲအပေါ်မှာသာ မူတည်ပါလိမ့်မယ်လို့ ပြောပါရစေ။

 
 
 

Recent Posts

See All
ထရမ့် ထရမ့်

အော်ထရမ့် ထရမ့် နေပြည်တော်ကို ယခင်အစိုးရတွေလက်ထက် စီးပွါးရေးပိတ်ဆို့တာ နှစ် ၃၀ ကျော်၊ ဘာမှမဖြစ် ဘာမှ မမှု။ ထရမ့်က မာဒူရိုဝင်ဖမ်း မအလ လုံခြုံရေးပြန်သုံးသပ်၊ အစည်းအဝေးတွေလုပ်၊ ယခု အီရန်ကို စနေဝင်တိုက်၊

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Dec 02, 2021

ဦးမြတ်!!! ပါတီခေါင်းဆောင်ဆိုတာထက် ပုဂ္ဂိုလ်ရေး အညှိုးထား မုန်းတီးမှုကို အခြေခံသည်ဟု မြင်မိပါသည်။ထို့အတူ ပါတီနှင့် အဖွဲ့ဝင်မှန်သမျှအပေါ်

မုန်းတီးမှု ပိုခဲ့ကြောင်း၊ ရုံးများ မီးရှို့မှု၊ ပါတီဝင်နှင့် ထောက်ခံသူများ ဖမ်းဆီးမှု

ဆတိုးလုပ်ဆောင်လာပါသည်။

အမှန်တကယ်အားဖြင့် NLD ခေါင်းဆောင်ထက်၊ ပြည်သူကို လမ်းပြ ဖွင့်ပေးသူအဖြစ် ရပ်တည်ပေးခဲ့ပါသည်။

သည်အမြင်ကို စကစ မမြင်နိုင်ခဲ့၍ နွေဦးပေါ်လာရခြင်းဖြစ်ပါသည်။ မျောလိုက်၍ မရတော့ပဲ*စကစဆိုသည်မှာ သည်လိုသဘောရှိပါသည်**ဟူသော အမြင်ရအောင်ဟ ရုပ်ခန္ဓာနှင့် ရင်း၍ ချပြခဲ့ပါသည်။

ဂျီဇက်အများစုသည် ပါတီဝင်များ မဟုတ်ပါ။ မိမိတို့၏ ဆန္ဒနှင့် လုပ်ပိုင်ခွင့်မှန်သမျှ စကစ ချိုးနှိမ်မှုကို မျက်မြင်ကြုံတွေ့ခံစားခဲ့ရပါသည်။

လူမမယ် ၇ ~ ၈ နှစ် အရွယ်များသည်ပင် သပိတ်အဖွဲ့နှင့်တွေ့လျှင် လက်သုံးချောင်း ထောင်ပြတတ်သည့် အမူအကျင့်

အရိုးစွဲနေပါပြီ။ PDF & G Z များလျှင် ဆိုဖွယ်ရာ မရှိတော့ပါ။ အမုန်းကြီးကို အညှိုးတကြီးဖြင့် မုန်းနေကြောင်း နေ့စဉ်အမျှ ဖောက်ခွဲ တိုက်ခိုက်မှုတွေက ပြဆိုနေပါသည်။

*အားကိုးစရာဆိုလို့ ပြည်သူပဲရှိပါတယ်*

*တယောက်ချင်းစီတိုင်းမှာ အရည်ချင်းတွေ ကိုယ်စီရှိပါတယ်**

သူမ၏စကားက ပြည်သူအတွက် ရှေ့ဆက် သွက်စေရန် အာဟာရ စကားများဖြစ်ခဲ့စေပါသည်။

လူထုအားကို အများကြီး ယုံကြည်ခဲ့သူ တစ်ယောက်။

သို့ပါ၍ သူမကို အပြစ် မြူမျှ တစ ပြစ်ဒါဏ်ချခဲ့ပါက အုံကြွလာမည့် ပမာဏသည် ခန့်မှန်း၍ မရနိုင်ပါ။

ပြည်ပ အားမကိုးကြောင်း သက်သေတွေပြလာကြပါသည်။

ခေတ်သစ် ကနောင်မင်းသားများဟု ကင်းပွန်းတပ်ကာ ရေမြုပ်မိုင်း ဖောက်ခွဲသော VDO။

မိုင်တဲလ်မှရသော ပစ္စည်းများကို လက်နက်ကြီးများအဖြစ် ဖော်ဆောင်နေပုံ ဖော်ပြထားသော စာမျက်နှာ။

GZ ဆိုသည်မှာ

GENIUS (associated with)ZEALOTSဟု ညွှန်းဆိုခဲ့ပါသည်။

မခံမရပ်နိုင်သည့်အဆုံး

အမုန်း အဆွဲ ခံရ‌ေတာ့မည်ကို

ရိပ်စားမိသောကြောင့်ဟု


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page