top of page
Search

DASSK အတွက်စိုးရိမ်လာသောဖွတ်နှင့်ဘောမများ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 21, 2022
  • 1 min read

ဖွတ်တွေ၊ မဘသတွေ၊ ဘောမတွေဟာ DASSK ကို မျိုးစုံ ဆဲဆို ဝေဖန်ခဲ့ကြပါတယ်။ အပြစ်တင်ရာမှာလဲ ဖွတ်တွေ၊ မဘသတွေ၊ ဘောမတွေက ထိပ်ဆုံးကပါ။ သူမအသက်ကိုတောင် ရန်ရှာဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့သူများပါ။ ဒါပေမယ့် ယခုနောက်ပိုင်း PDF အားကောင်းလာချိန်မှာ ဖွတ်များ၊ မဘသများ၊ဘောမများရဲ့ လေသံဟာ ပြောင်းသွားခဲ့ပါတယ်။

ပထမဆုံးက သူတို့ရဲ့ ခေါင်းကိုင်ဖခင်ကြီး မအလပါ။ သူက DASSK အနေနဲ့ PDF ကိစ္စ၊ CRPH NUG ကိစ္စကို မှတ်ချက်ပေးနိုင်ကြောင်း စပြောပါတယ်။ DASSK က သူ့အဖေ နေဝင်းနဲ့သန်းရွှေခေတ်ထဲက ခံချလာသူ နိုင်ငံရေးပါးဝသူမိုလို့ ဘာမှ မတုန့်ပြန်ခဲ့ပါ။ သူမနောက်ဆုံးပြောသွားတာက ပြည်သူရဲ့ဆုံးဖြတ်ချက်ကို လေးစားလိုက်နာမယ်ဆိုတာပါ။ သူမက ပြည်တွင်းက လွတ်နေတဲ့ NLD CEC တွေ EC တွေကိုလဲ ပြည်ပဧည့်သည်များနဲ့ တွေ့တဲ့အခါ တွေ့ချင်ရင် လူပုဂ္ဂိုလ်အနေနဲ့သာ တွေ့နိုင်ပြီး ပါတီကိုကိုယ်စားပြုမတွေ့နိုင်ကြောင်း ပြောထားခဲ့ပါတယ်။ အခြားကိစ္စများကို NLD CEC စုံညီအစည်းအဝေးထိုင်နိုင်မှ မှတ်ချက်ပေးမယ်လို့ ပြောထားသူပါ။

ဒီလို သူမက ဘာမှ PDF, CRPH နဲ့ NUG ကို မှတ်ချက်မပေးတဲ့အခါ NLD က အထုတ်ခံရတဲ့ စစ်ခွေးဒလန် ကျော်ဇေယျက သူမထံသဘောထားမှတ်ချက်ကို မြဝတီကသွားမေးပြီး အသံဖမ်းဖို့ ပြီးရင် ပြန်လွှင့်ဖို့ အင်တာဗျူးမှာ ထည့်ပြောသွားပါတယ်။ ဘောမအေးမောင်ကလဲ အမကြီးအနေနဲ့ PDF တွေကိုရပ်ခိုင်းဖို့ ကြေညာချက်ထုတ်ပေးပြီး မအလကလဲ ပြေလည်ဖို့ ဘာညာဆိုပြီး ရေလာမြောင်းပေးလုပ်သွားခဲ့ပါတယ်။

ဒီထက်ပိုဆိုးတာက ယခင်က DASSK ကို ထောင်ချဘာညာဆိုပြီး အသံကျယ်ခဲ့သူ မဘသ၊ဖွတ်နဲ့ ဘောမတွေက စာရေးသူက PDF ကြောင့် မြန်မာ့နိုင်ငံရေးက ပြောင်းသွားပြီ DASSK ဆီမှာ ယခင်ကမရှိခဲ့တဲ့တပ် ယခုရှိလာပြီလို့ ရေးရင်တောင် အမယ်အိုကြီးကို ထောင်ထပ်ကျအောင် မလုပ်ပါနဲ့ ဘာညာဆိုပြီးခြိမ်းခြောက်သလိုလို သူမကို သနားသလိုလိုနဲ့ DASSK ကို ဖေးမနေကြတာပါ။ သူတို့စိုးရိမ်တာကစာရေးသူက DASSK မှာ တပ်ရှိလာပြီလို့ရေးလို့ DASSK ကို ထောင်ထပ်ကျမှာ အထူးစိုးရိမ်ပြနေကြတာပါ။ ပုံမှန် ထမင်းစားကြီးသူဆိုရင် ယခုထဲက DASSK ကို မတရားတဲ့ ပုဒ်မတွေနဲ့ဖမ်းတရားစွဲထားတာ လူတိုင်းသိပါတယ်။ ဒါကြောင့် DASSK ဟာ တပ်ရှိရှိ မရှိရှိ မအလထောင်ချတာကို ခံနေရတာပါ။ယခုလက်ရှိစွဲထားတဲြအမှုကတင် ထောင်နှစ် ၁၀၀ နီးပါးရှိပါတယ်။ သန်းခေါင်ထက်ပိုညဉ့်မနက်ပါ။သူတို့ မဖြစ်စေချင်တာက DASSK မှာ တပ်ရှိတယ်ဆိုတာကြောင့် PDF ကို လူတွေက ပိုထောက်ပံ့မှာကိုသေမလောက်ကြောက်လာနေတာပါ။

ယခုမအလတပ်ရဲ့ ပြဿနာက လက်ရှိ PDF တွေ လက်နက်ပိုရလာရင် သူတို့ကို ဒုက္ခပေးလာမယ်ဆိုတာ သူတို့ကောင်းကောင်းသိပါတယ်။ PDF တွေမှာက အချို့လက်နက်ကိုင်တွေလို မအလနဲ့ဘိန်းရောင်းရရင် ကျေနပ်နေမှာ မဟုတ်ပါ။ မအလကို သွေးကြွေးဆပ်လိုသူများနဲ့သာ PDF က အများစုဖွဲ့ထားတာပါ။ ယခုမအလအတွက်က ချင်း၊ ကချင်၊ ကရင်၊ ကယားနဲ့ စစ်ကိုင်း၊ မကွေးမြောက်မှာPDF တွေကို နှိမ်နင်းဖို့ တပ်အင်အားလိုနေပါတယ်။ ယခုဆိုရင် မွန်နဲ့ တနင်္သာရီက PDF တွေကလဲ မအလကို စကြွေးနေတာတွေ့ရပါတယ်။

ဒါတွေကို တန်ပြန်ဖို့ မအလနဲ့အဖွဲ့ဟာ DASSK ကို ရုတ်တရက် စိုးရိမ်လာတာ ချစ်လာတာ တွေ့ရပါတယ်။ ဒါပေမယ့် နောက်ကျသွားခဲ့ပါပြီ။ ပြည်သူက ဒီပွဲကို အဆုံးအထိသွားမှာပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Feb 22, 2022

ဦးမြတ်!!! ​ဒေါ်​အောင်ဆန်းစုကြည်ထံမှာ တပ် ရိှလာပါသည်။ ဟုတ်ပါသည်။

~••• မြင်တတ်

~••• ​တွေးတတ်

~••• သိမြင် ​ကျော်မြင် တတ်သူ​​တွေ

တပ်​တော်မဟာ ပမာရိှလာပါသည်။ DASSK တည်​ထောင်ခဲ့ခြင်း​ကြောင့်​တော့ မဟုတ်ပါ။ သူမကိုအ​ကြောင်းပြု (ကိုယ်ပိုင်အသိ ကိုယ်စီဖြင့်)​ပေါင်းစု ဖွဲ့တည်လာခြင်းဖြစ်ပါသည်။သည်ထဲမှာ

~ဗမ ဟိန်း​သော်ဦး လို

~​ဒေါက်တာ ​အောင်ကြီး (ခ)စွမ်းထက်​အောင်လို(မိုးဗြဲတွင်ကျဆုံး)

~ပုလဲ ဗိုလ်နဂါး B.Sc (Zoology)လို

~ရုပ်ရှင် ဂီတ လူရွှင်​တော်အစ

~ရဟန်း ကိုရင် ဘဝ များမှ သိက္ခာချ လူဝတ်လဲပြီး လွတ်​မြောက်​ရေး အတွက် တိုက်ပွဲဝင်​နေကြသူများပါဝင်ကြပါသည်။

ပရမ်းပတာ အ​လေအလွင့် တစ်​ယောက်မျှ မပါ။

ထမင်းစားဖို့ ပီဒီအက်ဖ်ထဲ ​ရောက်လာကြသည်မဟုတ်။

ပီဒီအက်ဖ် ထဲ​ရောက်ပြီး ရှင်သန်နိုင်ရန်အတွက် ထမင်းစားသူများသာဖြစ်ကြပါသည်။ ဥာဏ်ရည်ဥာဏ်​သွေး နိမ့်ပါးသူများမပါသလို ကိုယ်ချင်စာတရားကို နားလည်ထားပြီးသူများ အသီသီး ပါဝင်​​နေကြပါသည်။

ရဲ ​ဖော် ၊ ရဲ ဖက် များသာဖြစ်ကြပါသည်။

သို့ပါ၍ လက်သည်းဆိတ်လျှင်​တော့

လက်ထိတ် နာ တတ်ကြပါသည်။

မိုးဗြဲမှ ​ဒေါက်တာ​အောင်ကြီး(ခ)စွမ်းထက်​အောင်၏ စျာပန အခမ်းအနားကို မြင်​တွေ့ခြင်းဖြင့် သူတို့ နာ တတ်ပုံကို သိနိုင်ပါသည်။

လူ့တန်ဘိုးကို သိ ၊ ကျဆုံးသူကို ၊ တ​လေးတစား အ​ရေးထားကာ ၊ စု​ဝေးညီညာစွာဖြင့် စျာပနကိုပြုကြသည်မှာ ပြည်မ ပြည်နယ် တ​ရောင်ထဲ ခြယ်ပါသည်။

ခု​နောက်ပိုင်း ဒလန်(က​တော်​တွေ) ​သေဆုံးမှုဖြစ်ရပ်များကလည်း စိပ် လာပါသည်။

~သွားတစ်​ချောင်းအတွက် သွားတစ်​ချောင်း

~မျက်လုံးတစ်လုံးအတွက် တစ်လုံး

***သည်အမြင်ရ​အောင် မည်သူ သင်​ပေးပါသနည်း?????***DASSK မသင်ကြား​ပေးသည်က​တော့ ရာနှုန်းပြည့်​သေချာပါသည်။ အချုပ်အ​နှောင်မခံရလည်း သင် ပေးမည်။ လမ်းပြမည်မဟုတ်ပါ။

ငြိမ်းချမ်းချင်လွန်းလို့ *ရင်ကြား​စေ့​ရေး*မူ

အနာခံ အမုန်းခံ၍ ​ဆောင်ရွက်ခဲ့ပါသည်။

ခု​တော့ **သိ**…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page