top of page
Search
  • Writer's pictureMyat Tun Oo

DASSK မနေ့က တရားရုံးချိန်းမှာ ဘာပြောခဲ့လဲ?


မအလဟာ သမ္မတကြီး ဦးဝင်းမြင့်က ၄င်းကနိုင်ငံတော်ပုန်ကန်ပြီး သမ္မတကို တရားမဝင်ဖမ်းတာကို ဖော်ခဲ့ပြီးကထဲက DASSK အစစ်ခံမှာကို ကြောက်နေခဲ့ပါတယ်။ အထူးသဖြင့် DASSK ရဲ့ ရှေ့နေမှတဆင့် ပြည်သူကိုပြောရင် သူ့ကို ပိုတိုက်မှာစိုးလို့ပါ။ ရှေ့နေတွေကို ၁၄၄ ထုတ်ပိတ်ထားလို့ သူက သတင်းတွေ အပ့င်မထွက်တော့ဘူးလို့ ထင်နေပါတယ်။ စာရေးသူယခင်က မအလအဖွဲ့က သူတို့နဲ့ DASSK တွေ့တယ်ဆိုပြီး ဂျင်းထည့်ချိန်မှာ မတွေ့ခဲ့ကြောင်းဘယ်လိုသိလဲဆိုတော့ သူမနဲ့ သူမရှေ့နေတွေပြောတာကို အသံဖမ်းတာကတဆင့်သိကြောင်းရေးခဲ့ပြီးပါပြီ။ သူတို့ကလဲ အသံမဖမ်းရ မနေနိုင်ပါ။

မနေ့က ၅၀၅ အမှုမှာ သူမက အဆိုပါကြေညာချက်ဟာ သူမတို့ဖမ်းချိန်ထုတ်တာဖြစ်ကြောင်းပြောခဲ့ပါတယ်။ အကြည်ညိုပျက်စေမှုဆိုရာမှာ သမ္မတဦးဝင်းမြင့်က သမ္မတဖြစ်နေသေးလို့နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု မြောက်သလားလို့ ပြန်လှန်မေးခွန်းထုတ်ခဲ့ပါတယ်။နောက် NUG က ဦးဝင်းမြင့်ကို သမ္မတ၊ DASSK ကို အတိုင်ပင်ခံခန့်ထားတာကို သိပါသလားလို့ မေးရာမှာ DASSK က သမ္မတဦးဝင်းမြင့်ဟာ တည်ဆဲဥပဒေအရ လက်ရှိသမ္မတဖြစ်ကြောင်း သူမဟာလဲ အတိုင်ပင်ခံဖြစ်ကြောင်း ဖြေကြားသွားပါတယ်။ ဒါ့အပြင် CRPH, NUG နဲ့ PDF တို့ကို သိလား ထောက်ခံလားလို့ မအလရဲ့ ရှေ့နေက မေးရာမှာ ဒီအဖွဲ့တွေဟာသူမအဖမ်းခံရချိန်မှာ ဖွဲ့ထားတာဖြစ်ကြောင်း ဒါတွေဟာ ပြည်သူကသာ ဆုံးဖြတ်တာဖြစ်ပြီးဒီမိုကရေစီမှာ ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ကို လေးစားရလေ့ရှိကြောင်း ပြောကြားသွားခဲ့ပါတယ်။

အကျဉ်းချုပ်ရရင် DASSK က အာဏာသိမ်းတာဟာ တရားမဝင်ကြောင်း သမ္မတဦးဝင်းမြင့်သာ လက်ရှိသမ္မတဖြစ်ကြောင်း ဒါ့ကြောင့် ဘာစာထုတ်ထုတ် နိုင်ငံတော်ပုန်ကန်တာမဟုတ်ကြောင်း ပြည်သူ့ဆန္ဒကို ဒီမိုကရေစီစနစ်မှာ အလေးထားရမှာဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ ဒါ့ကြောင့် ပြည်သူတွေက NUG ကို တခဲနက် ဆက်ထောက်ပံ့ကြပါ။

မအလအနေနဲ့ ဒီသတင်းမဟုတ်ဘူးလို့ ငြင်းလိုရင် သတ္တိရှိရင် အသံဖိုင်ကို ချပြလိုက်ပါ။စိန်ခေါ်လိုက်ပါတယ်။

5,306 views4 comments

Recent Posts

See All
bottom of page