ကိုဗစ်က တရုတ်မှာ စဖြစ်ပါတယ်။ တရုတ်က ကွန်မြူနစ်နိုင်ငံ။ နဂိုကမှ သတင်း ထိန်းချုပ်ပါတယ်။သူ့သိပ္ပံပညာရှင်ကလဲ အမေရိကန်လောက် မတတ်ပါ။ သူလဲ သူသိသမျှပြောပါတယ်။ ဒါပေမယ့် သူသိသလောက်ပေါ့။
သူ့ကိုမှီပြီး WHO က guideline ထုတ်ရတာပါ။ ယခု အီတလီ၊ အင်္ဂလန်နဲ့ နယူးယောက်ဖြစ်အပြီးမှာ ပိုသိလာရပါပြီ။ ဒီနေရာမှာ အစိုးရတွေကို အပြစ်ပြောရတာ လွယ်ပါတယ်။ လူတိုင်းက ဘာမှသေချာမသိတာကို အသစ်ပေါ်လာတဲ့ အထောက်အထားတွေနဲ့ ပြုပြင်ပြီး လုပ်နေရတာပါ။
သာမန် နှာခေါင်းစည်းက ယခင်က ရောဂါပိုးကို မဝင်အောင် မကာကွယ်နိုင်လို့ WHO ကပြောပါတယ်။ယခုလဲ အထောက်အထားများအရ မကာကွယ်နိုင်ပါ။ မိမိမှာ တပ်ထားရင်တော့ မိမိက ချောင်းဆိုးရင်အဝေးကြီး မသွားတော့ဘူးပေါ့။ ဒါကလဲ အထင်နဲ့ လုပ်ခိုင်းရတာပါ။ ဆေးပညာမှာ တစ်ခုခုလုပ်ရင်အထောက်အထားနဲ့ လုပ်ရပါတယ်။ ဥပမာ ဂျင်းပြုတ်ရေသောက်လို့ သွေးတိုးကျတယ်ဆိုပြီး ပါးစပ်နဲ့ပြောလို့မရဘဲ လူတစ်ရာ သောက်ရာမှာ လူ ၉၀ က သွေးကျတယ်ဆိုမှ မှန်တာမျိုးပါ။ Level of evidence from Sackett မှာ Level I က အကောင်းဆုံးဖြစ်ပြီး Level V က မသေချာတာ မကောင်းတာပါ။အဲ့ဒီလို အထောက်အထားမျိုး COVID အတွက် မရှိသေးပါ။
နောက်လူတွေကို ၁၄ ရက် Q မလား? တစ်လ Q မလား အငြင်းအခုံလုပ်ကြတာ ရှိပါတယ်။ WHO တို့ကညွှန်ကြားချက်ထုတ်ရာမှာ အထင်နဲ့ ထုတ်လို့ မရပါဘူး။ လက်ရှိအထောက်အထားအရ ၁၄ ရက်ဆိုအများစုကို ကာကွယ်ပါတယ်။ ဒါပေမယ့် စင်ကာပူက ရောဂါဖြစ်သူတွေရဲ့ ပိုးကူးတာလေ့လာရာမှာ၁၄ ရက်ကျော်မှ viral shedding ခေါ်တဲ့ ပိုးကူးတာလဲ ရှိပါတယ်။ ဒါပေမယ့် ညွှန်ကြားချက်ရေးသူတွေအနေနဲ့က အများစုကို ကာကွယ်နိုင်အောင်သာ ရေးရတာပါ။ တိုင်းပြည်ရဲ့ ငွေကြေးနဲ့လဲ ဆိုင်ပါတယ်။ဒါက မျိုးစုံအငြင်းပွါးလို့ရပါတယ်။ ယခုမှ စဖြစ်တဲ့ရောဂါမိုလို့ လေ့လာချိန်မရကြတာပါ။
စင်ကာပူမှာ အဓိကလုပ်တာက case finding, contact tracing, testing and isolation ပါ။
မြန်မာပြည်မှာလဲ စင်ကာပူလို အကုန်လုပ်နိုင်ပါတယ်။ Testing လို့ခေါ်တဲ့ စစ်ရာမှာတော့ မိမိတတ်နိုင်သလောက်သာ လုပ်ပေးနိုင်မှာပါ။ ဒါကလဲ ဂျမနီမှာ ဆေးရုံရောက်သူနဲ့ ရပ်ကွက်ထဲနေသူအားလုံးကိုစစ်တဲ့ သုတေသနလုပ်နေပါတယ်။ လကုန်ရင် အဖြေအချို့ သိနိုင်ပါတယ်။
ရောဂါဖြစ်ရင် အများစုက တုတ်ကွေးလောက်သာဖြစ်ပြီး ပြန်ကောင်းပါတယ်။ အသက်ကြီးသူ၊ ကိုယ်ခံအားနည်းသူ၊ ဆီးချို၊ သွေးတိုး၊ နှလုံးရှိသူဆိုရင် သေဖို့များပါတယ်။ သူက ရောဂါဆိုရသူအချို့မှာအဆုတ်ကိုထိပြီး အဆုတ်ပွ (Acute Respiratoroty Distress Syndrome) လို့ ရောဂါဆိုးသူတွေမှာ အသက်ရူစက်လိုပါတယ်။၅-၁၀% နိုင်ငံကြီးတွေမှာ သေပါတယ်။
ဆေးတွေကတော့ စမ်းသပ်ဆဲပါ။ အတိအကျ မသိသေးပါ။ ဖြစ်နိုင်ချေများကို သုတေသန လုပ်နေဆဲပါ။
ဘာမှ ဆေးမပေးတာ
အီဘိုလာရောဂါမှာသုံးတဲ့ Remdesivir
AIDS ကုရာမှာသုံးတဲ့ Lopinavir/Ritonavir
ငှက်ဖျားမှာသုံးတဲ့ Hyroxycholoroquine
အသက်ကယ်ဆေး Dexamesthasone
နောက် အာရုံကြောရောဂါ multiple sclerosis မှာသုံးတဲ့ interferon b 1 a
Convalescent serum therapy
တို့ကို စမ်းသပ်နေဆဲပါ။
ဝေဖန်ရတာ လွယ်ပါတယ်။ ရေးမယ် ရှယ်မယ်ဆိုရင် သတိထားကြပါ။ ဆရာဝန်ပြောတိုင်း မယုံပါနဲ့။တကယ့်ကို အထူးကုတွေပြောတာကိုတောင် အထောက်အထားနဲ့မှ ယုံကြည်ပါ။ အထူးကုမှာလဲ သူ့လိုင်းနဲ့သူပါ။ ဆရာဝန်တွေဟာ သာမန်လူထက်ပိုသိနိုင်ပေမယ့် ဒီကိစ္စက အထူးကုပြောမှ စိတ်ချရတာပါ။
သေချာတာကတော့ ဝေးဝေးနေ၊ လက်ဆေး၊ ဖြစ်နိုင်ရင် အိမ်မှာနေတာပါ။
ဖောင်းထုရတာ လွယ်ပါတယ်။ စာရေးသူလဲ ဖောင်းထုတတ်ပါတယ်။ စာရေးသူအနေနဲ့က ကျန်းမာရေးဝန်ကြီး ကိုင်တွယ်ပုံကို မဝေဖန်ခင် အီတလီ၊ အင်္ဂလန်၊ အမေရိကန်၊ အိန္ဒိယ၊ ပါကစ္စတန်ကို ကြည့်ပြီးမှနှိုင်းယှဉ်သုံးသပ်ပါတယ်။
ဒါပါဘဲ။ ကျန်တာကတော့ မိမိယုံကြည်ရာလုပ်ပါ။ အသက်ကို ဉာဏ်စောင့်ပါတယ်။ အချို့ အစိုးရကိုအလွန်ဖောင်းထုသော NGO က ဆရာဝန်မများအတွက် နောက်မှ သူ့အမျိုးများနေထိုင်ရာ အမေရိကန်နှင့် အင်္ဂလန်တို့နှင့် နှိုင်းယှဉ်ပြီးရေးပါ့မယ်။
Source: Ministry of Health Singapore, National University of Singapore, Rocovery Trial
(စာကြွင်း၊ ဤစာ၏ ဆေးပညာဆိုင်ရာ အချက်အလက်များကို စင်ကာပူ၊ အမေရိကန်နှင့် အင်္ဂလန်မှInfectious Disease Consultant များ၊ အထူးကြပ်မတ်ကုသအထူးကု ဆရာဝန်များ Intensive Care Consultant များမှ ကူညီပေးပါသည်။)
Comments