top of page
Search

သဘောထား

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 12, 2022
  • 1 min read

စာရေးသူသဘောထား ရှင်းအောင်ပြောပါမယ်။ စာရေးသူကားထဲမှာ စာရေးသူမိန်းမ CDM နဲ့ ကလေးပါနေမယ်။ PDF ကစာရေးသူကို တပ်ကယူနီဖောင်းနဲ့မို့ လမ်းမှာ မိုင်းဆွဲဖို့ပြင်ထားတယ်ဆိုပါစို့။ ဒီမိုထောက်ခံသူမှန်း သိသိ မသိသိ ဆွဲစရာရှိတာဆွဲလိုက်ပါ။ စာရေးသူနဲ့ မိသားစု သေပေမယ့်လဲ စစ်ခွေးတစ်ယောက်သေသွားတယ်ဆိုတာ မင်္ဂလာရှိမှာပါ။ ဘာလို့လဲဆိုတော့ မအလတပ်သားဆိုရင် ဒီမိုဖြစ်နိုင်ချေက ၂၀% သာရှိပြီးစစ်ခွေးဖြစ်နိုင်ချေက ၈၀% မိုလို့ပါ။ PDF က ထိုအချိန်မှာကလေးပါလို့ မဆွဲခဲ့ရင် အဲဒီစစ်ခွေးက တပ်တွေကို စီမံခန့်ခွဲပြီး ရွာတွေကို မီးရှို့ပါလိမ့်မယ်။ လေယာဉ်ပေါ်တက်ပြီးဗုံးကြဲပါလိမ့်မယ်။ ထိုအချိန်မှာ လက်နက်ချင်း ယှဉ်ပစ်ရတာခက်သွားမှာပါ။ ထိုအချိန်မှာ သတင်းသမား၊ လူ့အခွင့်အရေးသမား၊ ကုလနဲ့ အမေရိကန်က ဗုံးမကြဲအောင် ကာကွယ်ပေးမှာမဟုတ်ပါ။ ဝမ်းနည်းကြောင်းသာ ပြောမှာပါ။ သတင်းသမားက သူ့အလုပ်သူလုပ်သလို၊ လူ့အခွင့်အရေးသမား၊ ကုလနဲ့ အမေရိကန်က သူ့အလုပ်သူလုပ် ဝမ်းနည်းသလို စာရေးသူတို့ကတော်လှန်ရာမှာ လက်တွေ့ကျကျ မိမိအလုပ် မိမိလုပ်ရမှာပါ။တူမီးကို F16 စံနှုန်းနဲ့ ပစ်နေရင်တော့ ကြာသွားပါမယ်။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page