top of page
Search
  • Writer's pictureMyat Tun Oo

၂၀၀၈ ခြေဥအတိုင်း အဆုံးအဖြတ်ခံယူကြရအောင်


မနေ့က လိုင်းပေါ်မှာ ဖွတ်နဲ့ အမျိုးသားရေး တပ်ထွက်အသရေစည်သူစိုးမောင်တို့က သမ္မတနဲ့ ရွေးကော်ကို စာချွန်လွှာထုတ်ဖို့ တရားရုံးချုပ်ကို လျှောက်ထားတာကို ဆက်စစ် မစစ် အမိန့်ချဖို့ စစ်မယ်ဆိုပြီး စာထုတ်တာကို တွေ့လိုက်ရပါတယ်။

ဒီကိစ္စဟာ ဒီမိုတွေအတွက် ကြောက်စရာကောင်းလား လေ့လာရအောင်။ ပထမက မြန်မာပြည်မှာသမ္မတကိုတောင် တရားစွဲလို့ရရင် ဒါဟာအင်မတန်ကောင်းတဲ့အချက်ပါ။ တရားရုံးချုပ်က ဆက်စစ်ဖို့အမိန့်ချခဲ့ရင် နောက်ပိုင်း သာဝကိုလဲ တရားစွဲဖို့ လမ်းပွင့်သွားမှာပါ။ ဒါက စစ် မစစ်ဆိုတဲ့ ပထမ အမိန့်မှာတင် အမြတ်ထွက်မှာပါ။ ဒီစာချွန်လွှာက တိုင်းအစိုးရအဖွဲ့တွေ၊ ဝန်ကြီးဌာနတွေကို တင်လေ့ရှိခဲ့ပါတယ်။

ယခုအချိန်အထိ သူတို့က ဘာကိစ္စလျှောက်ထားလဲဆိုတာ စာရေးသူတို့ မသိသေးပါ။ ရွေးကော်ဥက္ကဌပါလို့ ဒီကိစ္စဟာ ရွေးကော်နဲ့ဆိုင်တယ်လို့ မှန်းလို့ရပါတယ်။ ဒါဆိုရင်တော့ ရွေးကော်ကိစ္စကိုတရားရုံးချုပ်ဟာ လက်ရှိ ၂၀၀၈ ခြေဥအရ ဝင်စွက်လို့မရပါ။

ဝင်စွက်ပြီး အမိန့်ချရင် ဘာလုပ်လို့ရလဲ? ရွေးကော်ကိစ္စ တရားရုံးချုပ်က အမိန့်ချခဲ့ရင် အခြေခံဥပဒေခုံရုံးကို သမ္မတက ဒါဟာ အခြေခံဥပဒေနဲ့ ညီမညီ မေးလို့ရပါတယ်။ မညီဘူးဆိုရင် လိုက်နာစရာ မလိုပါ။ ဒါ့အပြင် အခြေခံဥပဒေနဲ့ မညီတဲ့ အမိန့်ကိုချခဲ့တဲ့ တရားရုံးချုပ်ကိုလဲ လွှတ်တော်က စွပ်စွဲပြစ်တင်ပြီး ဖြုတ်လို့ရပါတယ်။ ဒီပွဲမှာ တရားလို အသရေစည်သူခိုးမောင်က ယခင်စစ်ဥပဒေချုပ်ဖြစ်ပြီးအစိုးရဘက်က လိုက်မယ့်ရှေ့နေချုပ်ကလဲ ယခင်စစ်ဥပဒေချုပ်ပါ။ အမိန့်ချမယ့် တရားသူကြီးတွေရဲ့အချုပ်ကလဲ ယခင်စစ်ဥပဒေချုပ်ပါဘဲ။ အခြေခံဥပဒေခုံရုံးကတော့ အရပ်သားအများစုပါ။

စာရေးသူကတော့ သူတို့လုပ်တာကို ဘာမှမပူပါဘူး။ အစိုးရအနေနဲ့က ၂၀၀၈ ခြေဥအောက်ကနေ ပြည်သူ့မေတ္တာကို အပြည့်အဝခံယူလျက်ပါ။ တပ်မတော်ကြီးကလဲ ၂၀၀၈ ခြေဥကြီးကို စောင့်ရှောက်ထားလို့ အဆင်ကိုပြေနေပါတယ်လို့ ပြောပါရစေ။

ယခုဟာက သုံးကောင်ကို ခွချက်ထားတဲ့ မေမေရဲ့ အကွက်ပါလို့ ပြောပါရစေ။ အားလုံး ၂၀၀၈ ခြေဥကိုလေးစားပြီး ဥပဒေရဲ့ အဆုံးအဖြတ်ကို ခံယူကြရအောင်။

1,117 views2 comments

Recent Posts

See All
bottom of page