Myat Tun Oo
အသံတိတ်သပိတ်နှင့် မအလ

မနက်ဖြန် ဒီဇင်ဘာ ၁၀ ရက်မှာ အသံတိတ်သပိတ်ဆိုပြီး လိုင်းပေါ်မှာတွေ့တာ မကြာသေးပါ။အဆိုပါကိစ္စ အစပိုင်းမှာ လူမသိပေမယ့် ဆယ်လီတွေတင်ချိန်မှာ မအလကလဲ အောက်က သူ့တပ်တွေက ဒီအသံတိတ်သပိတ်ပျက်အောင် စျေးတွေဖွင့်ဖို့ အကုန်ဖွင့်ဖို့ ညွှန်ကြားပါတော့တယ်။ ဒီမှာအောက်ခြေကလဲ ရေပါတာသာ လိုချင်တယ်ဆိုတဲ့ အသိဉာဏ်နဲ့ စျေးမဖွင့်မနေရမဖွင့်ရင် ဆိုင်ခန်းသိမ်းမယ် ဘာညာ အလွန်အကျွံ လုပ်လာပါတယ်။ အဲဒီစည်ပင်အုပ်ချုပ်ရေးမှူးအိမ် အဝုန်းခံရရင် သူက အပြစ်မဲ့ပြည်သူဆိုပြီး ဘီဘီစီမှာ ငိုပြပါလိမ့်မယ်။
ယခုမအလတပ်ဖြစ်နေတာက မြန်မာပလာဇာလိုဘဲ စျေးသည်တွေကို ဖိအားပေးလို့ရပေမယ့်ပြည်သူတွေကို ဘာမှလုပ်မရပါ။ ပြည်သူတွေကို လမ်းပေါ်အတင်းထွက်ခိုင်းရင်လဲ သူ့ရူးသူပတ်မှာပါ။ ဒီအသံတိတ်သပိတ်က အချို့ကြောက်လို့ အပြင်မထွက်ရဲသူများလဲ မပင်ပန်းဘဲလုပ်ရလွယ်တာပါ။
နောက်မအလတပ်ဟာ ကားတိုက်သတ်တာ မီးရှို့သတ်တာတွေလုပ်နေပေမယ့် ပြည်သူတွေက ကြောက်ပြီးမရပ်သွားဘဲ ရှေ့သာပိုတိုးလာတာ တွေ့နေရပါတယ်။ မနေ့က သူ့ယောင်္ကျား မအလတပ်က မီးရှို့သတ်လို့ သေသွားသူ အမျိုးသမီးက မအလတပ်ကို ကျိန်စာတိုက်ပြီးဆက်တိုက်ပွဲဝင်မယ်လို့ ပြောသွားတာက ကြက်သိမ်းထစရာ အလွန်ကောင်းပါတယ်။ သူမရဲ့သတ္တိကိုလဲ လေးစားပါတယ်။ ဒါက ဗမာ့မြေပါ။ ဗမာသူရဲကောင်းတွေလာတဲ့နေရာဆိုတာ မမေ့ပါနဲ့။
အကျဉ်းချုပ်ရရင် အသံတိတ်သပိတ်က ဘယ်သူစလဲ မသိပေမယ့် မအလရဲ့တပ်နဲ့ သူ့အုပ်ချုပ်ရေးအဖွဲ့တွေဟာ ဒါကိုတုန့်ပြန်ဖို့ အချိန်တွေ၊ လူတွေ၊ ငွေတွေ အများကြီး သုံးနေရပါပြီ။ ဒါက မနက်ဖြန် သာမန်လူအပြင်မထွက်ချိန် သူ့လူတွေအပြင်ထွက်ရင် မုန့်ဟင်းခါးအကျွေးခံရအုံးမှာ မပါသေးပါ။ ယခု မအလဟာ ယခင်ကလို သူ့အကွက်ကို အခြားလူက လိုက်ကစားတာမဟုတ်ဘဲ ဘယ်ကစမှန်းမသိတဲ့ အကွက်နဲ့လဲ အလူးအလဲ ခံနေရတယ်ဆိုတာပါ။လေပေါ်က အကျွေးခံနေရတာက အခံရအခက်ဆုံးပါ။