top of page
Search

အဘရဲ့ စစ်သားစုဆောင်းရေး

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 18, 2024
  • 1 min read

ree

အစည်းအဝေးတွေများနေတော့ ယခုမှ ဘာဆိုတာရုပ်လုံးပေါ်လာပါပြီ။ မအလဟာ လူသစ်လဲစုချင်သလို သူ့ကိုပြန်ချမှာလဲ ကြောက်နေပါတယ်။ စစ်သားစုဆောင်းရေးကလဲ မအလထုံးစံအတိုင်း ဂွင်လေးတွေလဲ ပါရမှာပေါ့။

အစီအစဉ်ကဒီလိုပါ။ အစပိုင်းမှာ ရာထူးကြီးသူများရဲ့ သားသမီးအချို့ ဟန်ပြပါပါမယ်။ သူတို့ကို စစ်ရုံးမှာသာထားမယ်လို့ ကတိပေးပြီး ခေါ်မှာပါ။ ဒုဗိုလ်မှူးကြီး သားသမီးအဆင့်အထိပါ။ ဒါက ပေါ်လစီအရပါ။

ဒါပြီးရင် ပိုက်ဆံအလွန်ချမ်းသာသူများထံ ဆင့်ခေါ်စာပို့ပါမယ်။ ဥပမာ အောင်ကိုဝင်းသမီးလိုမျိုးပါ။ သူတို့ကတော့ ပိုက်ဆံတောင်းရုံပါ။ ပြီးရင် ကင်းလွတ်ခွင့်ကို ခြောက်လ/ တစ်နှစ်တစ်ခါစာထုတ်ပေးပြီး သူတို့က ပိုက်ဆံကို ခြောက်လ/တစ်နှစ်တစ်ခါ လာဘ်ထိုးရမှာပါ။ ဒါက အဘနဲ့ အဘသားများရဲ့ စီးပွါးရေးအမြင်ရှိမှုပါ။ အခြားပိုက်ဆံရှိသူများလဲ လာမှာပါ။

ဒါဆိုရင် ဘယ်သူ့ကို စစ်ထဲထည့်မှာလဲ? အရန်မီးသတ်၊ ကြက်ခြေနီ၊ ဖွတ်၊ အောက်ခြေအဆင့် စစ်သားသားသမီးများ၊ နန်းများ၊ မဘသများ၊ YMBA အသင်းဝင်များ၊ တပ်ထောက်ခံသူများနဲ့ သူတို့ရဲ့ သားသမီးများက ပထမဦးစားပေးပါ။ သူတို့တွေက သစ္စာစောင့်သိမယ်လို့ ယူဆလို့ပါ။

NLD ပါတီဝင်များ၊ ၄င်းတို့ရဲ့ သားသမီးများ၊ CDM များကို စစ်မှုထမ်းခိုင်းရင် သူတို့က သစ္စာစောင့်သိ မသိ၊ သူတို့ကို ဘယ်လိုတပ်ထဲမှာ စောင့်ကြည့်မလဲဆိုတာတွေက မစီစဉ်ရသေးပါ။

လောလောဆယ်မှာကတော့ ပေါ်တာဆွဲပြီး တပ်အင်အားကို ဖြေရှင်းဖို့ လုပ်ထားပါတယ်။ ပိုက်ဆံမရှိသူ ဆင်းရဲသားရပ်ကွက်များကိုလဲ ဆင့်ခေါ်တာ ဝင်ဖမ်းတာတွေ လုပ်ပြီး စုဆောင်းပါမယ်။ စရဖက တပ်မတော်အပေါ်ထောက်ခံသူအများစုရှိတယ်လို့ယူဆတဲ့ ဧရာဝတီ၊ နေပြည်တော်၊ မကွေးတောင်နဲ့ ရှမ်းတောင်တွေမှာ ပိုစုဆောင်းပါမယ်။ သူတို့တွေက တပ်မတော်နဲ့ သဘောထားနီးတယ် ထောက်ခံတယ်လို့ ယူဆလို့ပါ။ နောက်ဖွတ်အမတ်တွေ မဲနိုင်ခဲ့တဲ့နေရာတွေကိုလဲ အဖြူရောင်နယ်မြေဆို လူစုပါမယ်။

ဒါက ယခုအချိန်အထိ အစည်းအဝေးတွေကတဆင့် သိထားတဲ့ ဗျူဟာပါ။ ပြင်စရာရှိတာ ပြင်လို့ရအောင်ပါ။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page