လေကြောင်းရန်ကို ဘယ်လိုကာကွယ်ကြမလဲ
- Myat Tun Oo
- May 20
- 1 min read

ပထမဆုံးကတော့ လေယာဉ်ပျံကို ပစ်ချတာပါ။ မအလတပ်မှာရှိတဲ့ SU-30 ဟာ အမြန်နှုန်း Mach 2.0 (တစ်နာရီ မိုင် ၁၃၅၀) အမြင့်ပေ ငါးသောင်းကျော်က ပျံနိုင်လို့ သူ့ကို ပစ်ချနိုင်ဖို့က အမေရိကန်/နေတိုးက တိုက်ရိုက်ထောက်ပံ့မှ ဖြစ်နိုင်မှာပါ။ ဒါတောင် ယူကရိန်းက ရုရှားလေကြောင်းရန်ကို ယခုအထိ မကာကွယ်နိုင်သေးပါ။ ယူကရိန်းကို အမေရိကန်က ဘီလီယံ ၃၀၀ (ထရမ့်) (သို့) ဘီလီယံ ၁၅၀အနည်းဆုံးပေးခဲ့ပြီး၊ ဥရောပကလည်း ဘီလီယံ ၁၅၀ ပေးတယ်လို့ ဆိုပါတယ်။ ဒါတောင် ယူကရိန်းကရုရှားလေကြောင်းရန်ကို မကာကွယ်နိုင်သေးပါ။ စာရေးသူတို့ ဒေါ်လာ သန်း ၃၀ လောက်နဲ့ ဘာမှ လုပ်မရပါ။ ဒါကအရှိတရားပါ။
နောက်တစ်နည်းက လေယာဉ်ပျံလာရင် ရေဒါကနေ သိအောင်လုပ်တာပါ။ ရေဒါကလည်း ဝယ်မှရမှာပါ။ ဒါက သိလည်း သတိပေးဖို့ အချိန်က လိုပါသေးတယ်။ လက်တွေ့မကျပါ။
ဒါဆိုရင် လက်တွေ့ကျတဲ့နည်းက လေယာဉ်ပျံတွေကို မြေပြင်မှာ ဖျက်စီးတာပါ။ စစ်တိုက်ပြီးလေယာဉ်ကွင်းကို တက်သိမ်းလို့ရပေမယ့် လေယာဉ်ကွင်းမကျခင် လေယာဉ်တွေကို အခြားနေရာပြောင်းသွားတာက များပါတယ်။
နောက်တစ်နည်းက ၁၀၇ မမနဲ့ ကွင်းအနားအထိ ခိုးဝင်ပြီး ပစ်တာပါ။ ဒါက ပစ်မှတ်ပေါ်တည့်တည့်ကျရင်တော့ အမြတ်များပါတယ်။ လေယာဉ်ဆိုတာက တောင်ပံထိရင်ဖြစ်ဖြစ်၊ ဘာထိရင်ဖြစ်ဖြစ် ပျံရခက်သွားပါတယ်။ ၁၀၇ မမက အရင်းကြီးပေမယ့် လေယာဉ်ထိရင် ၁၀၇ မမက အမြတ်များပါတယ်။
ဒါပေမယ့် ဒီနည်းတွေဟာ ပြည်သူအပေါ် သစ္စာစောင့်သိမှုမရှိတဲ့ လေတပ်က အရာရှိတွေနဲ့ သူတို့မိသားစုတွေကို မကြောက်စေပါ။ သတင်းတွေထဲ သူတို့မိသားစုတွေအကြောင်းပါလာရင် သူတို့ကများသောအားဖြင့် သူတို့တပ်ထဲခေါ်ထားလို့ သူတို့ကို တပ်ထဲမှာ တိုက်ခိုက်ရတာ ခက်နေပါတယ်။ ဒီနေရာမှာ ဖရဲသီးသတင်းပေးရှိပေမယ့် သူတို့ဟာ အနည်းစုဖြစ်နေပြီး၊ သူတို့ဟာ sabotage လို့ခေါ်တဲ့အတွင်းက ဖောက်ခွဲဖျက်စီးတာတွေအထိ မလုပ်နိုင်သေးတာ တွေ့ရပါတယ်။
တိုက်စစ်
ဒါဆိုရင် ဘာလုပ်ရမလဲ။ တော်လှန်ရေးမှာ ကောင်းတာက ဗမာလူငယ်တွေ များစွာပါဝင်နေတာပါ။ သူတို့ဟာ မအလတပ်ထဲကို သူလျှိုထောက်လှမ်းရေးအနေနဲ့ ဝင်သင့်ပါတယ်။ အစပိုင်းမှာ သူတို့ယုံကြည်အောင် နေပြီး၊ မိမိရောက်တဲ့နေရာတွေကနေ သတင်းပေးတာ၊ အတွင်းက လက်နက်တိုက်တွေ၊လေယာဉ်သိုလှောင်ရုံတွေ၊ စစ်သားမိသားစုတွေ၊ စစ်တပ်မိသားစုကျောင်းတွေကို အတွင်းကနေ ဖျက်စီးနိုင်ရင် တိုင်းပြည်အတွက် အကျိုးများမှာဖြစ်ပါတယ်။ သူတို့ဟာ နဂိုထဲက ထောက်လှမ်းရေးနည်းပညာတွေ၊ အဆင့်မြင့်ဖောက်ခွဲရေးနည်းပညာတွေကို သင်ယူပြီး အတွင်းစည်းထဲကနေ လုပ်ရင်အောင်မြင်မှုက ပိုမြန်မှာပါ။
ယခု လေတပ်၊ ကြည်းတပ်က စစ်ခွေးတွေနဲ့ သူတို့မိသားစုတွေရဲ့ စိတ်ထဲမှာ သူတို့ကိုဖမ်းမိရင်လည်းဘာမှမလုပ်ဘူး၊ မိသားစုကိုလည်း ပြန်လွှတ်တယ်ဆိုပြီး အကြောက်တရားမရှိ ထင်ရာစိုင်းနေတာပါ။ အင်တာဗျူးတွေ နားထောင်ကြည့်ရင် တပ်သားကနေ ဗိုလ်ကြီးအဆင့်လောက်ကသာ နောင်တရသလိုဖြေကြပေမယ့် ဒုဗိုလ်မှူးကြီးအထက်ဆင့်က အချိုးမပြေတာ အားလုံးသတိထားမိမှာပါ။
ခံစစ်
နောက်လေကြောင်းရန် ကာကွယ်ဖို့က ပြည်သူတွေအနေနဲ့ မိမိရပ်ရွာ၊ ကျောင်းတွေ ကာကွယ်ဖို့အတွက်အနည်းဆုံး ပေါင် ၅၀၀ ဒဏ်ကို ကာကွယ်နိုင်တဲ့ တွင်းနက်နက်နဲ့ ဗုံးခိုကျင်းတွေ၊ မြေအောက်ကျောင်းတွေ၊ မြေအောက်အမိန့်ပေးစနစ် (underground command centre)၊ မြေအောက်အစားသိုလှောင်စနစ်တွေ တည်ဆောက်ထားဖို့ လိုအပ်နေပါပြီ။ ဒါတွေကတော့ ရပ်ရွာပြည်သူ့အားနဲ့ တည်ဆောက်ရမှာပါ။ ဗီယက်နမ်လည်း အမေရိကန်ကို ခံချတုန်းက ဘယ်သူကမှ မြေအောက်လိုဏ်ဂူတွေကို ဆောက်ပေးသွားတာ မဟုတ်ပါ။ ပေါင် ၅၀၀/၁၀၀၀ ဗုံးဒဏ်ခံနိုင်ဖို့ ဘယ်လောက်အနက်ဆောက်ရမယ်ဆိုတာပညာရှင်တွေသိပါတယ်။ ပေါင် ၅၀၀ မှာ MK-82 က မြေကြီးထဲ အများကြီးမဖောက်နိုင်ပါ။ကွန်ကရစ်ဆိုရင် တစ်ပေတောင် မဖောက်နိုင်ပါ။ MPR-500 က ရှစ်ပေအထိ ဖောက်နိုင်ပေမယ့်လောလောဆယ် မအလတပ်ထဲမှာ မရှိပါ။
အကျဉ်းချုပ်
လေယာဉ်ဒဏ်ခံနိုင်ဖို့က မိမိလုပ်နိုင်တာက ရေတိုမှာ မြေအောက်လိုဏ်ခေါင်းတူးတာဖြစ်ပြီး၊ နောက် ရေတိုက ၁၀၇ မမနဲ့ သူ့စခန်းကို သွားပစ်တာ၊ ရဟတ်ယာဉ်ကို ပစ်ချတာဖြစ်ပြီး၊ ရေရှည်မှာ မိမိလူကသူ့တပ်ထဲဝင်ပြီး သူ့ပစ္စည်းတွေ ဖျက်စီးတာ၊ လေတပ်မိသားစုအိမ်၊ ကျောင်းတွေကို တိုက်ခိုက်ဖျက်ဆီးတာပါ။ ရေးတာလွဲပေမယ့် ရေးတာ တွေးတာက စရတာပါဘဲ။ ဒါတွေအားလုံးဟာ ဂျနီဗာကုလစာချုပ်တွေနဲ့ အဆင်ပြေချင်မှ ပြေမှာဖြစ်ပေမယ့် လုပ်စရာရှိတာကို လုပ်ရမှာပါ။ အောင်ပွဲဟာရဲရင့်သူတွေအတွက် စောင့်ကြိုနေပါတယ်။
Comments