top of page
Search

မိမိထောက်ခံသူ အဆင်မပြေသည့်အခါ

Writer: Myat Tun Oo
Myat Tun Oo
Oct 8, 2023
2 min read

စာရေးသူလူကဲခတ်ညံ့မညံ့က တော်လှန်ရေးမတိုင်ခင် ထောက်ခံသူ၊ မကောင်းပြောခဲ့သူတွေက ဘာဖြစ်နေလဲဆိုတာနဲ့ တိုင်းတာပါတယ်။ သက္ကမိုးညိုဆိုရင် V ကိစ္စထဲက တပ်က စရဖဇတ်ညွှန်းအတိုင်း လိုက်ကနေတယ်ဆိုတာကို ရေးခဲ့ပါတယ်။ သူ CDM လုပ်တာကလဲ သူ့ဖာသာ အနေချောင်အောင်ပါ။ သူ့ကိုဖမ်းမယ့်စာရင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ပါ။ စာရေးသူထင်တာ အားလုံးနီးပါးမှန်ပေမယ့် ကွီးဖြိုးနဲ့ သာလွန်ဇောင်းထက်ကိုတော့ ယခုအချိန်မှာ မှားသလိုဖြစ်နေပါတယ်။ စာရေးသူ ဝန်မခံသေးပေမယ့် စောင့်ကြည့်နေပါတယ်။ ယခုရေးမှာက မိမိထောက်ခံသူ အဆင်မပြေရင် ဘာဆက်လုပ်မလဲ? ဒီကိစ္စက နဂါးကိုထောက်ခံသူတွေအတွက်လဲ အရေးကြီးလို့ ရေးမှာပါ။

နဂါးကို ထောက်ခံသူအားလုံးဟာ ဒလန်မဟုတ်ပါ။ သူ့ကိုအဓိကထောက်ခံသူ ဦးဇီးကွက်ဆိုရင် စာရေးသူရဲ့ Facebook က မိတ်ဆွေတွေပါ။ လူချင်းတော့ သူမမြင်ဖူးပါဘူး။ သူကလဲ အမေစုထောက်ခံသူပါ။ ဒါပေမယ့် အခြား နဂါးကိုဝန်းရံသူများက တတိယအင်အားစု များနေပါတယ်။ ဒီနေရာမှာ စာရေးသူရဲ့ အတွေ့အကြုံကို ဝေမျှလိုလို့ပါ။

စာရေးသူကွီးဖြိုးကိုထောက်ခံတာ အားလုံးသိမှာပါ။ သူ့ကိုထောက်ခံတာက လူအရမဟုတ်ဘဲ သူကလဲ ပြည်သူရွေးထားတဲ့ ဝန်ကြီးချုပ်မိုလို့ပါ။ နောက် မအလက သူ့ကိုအဓိကဒုက္ခပေးဖို့ စရဖတွေနဲ့ ငွေများစွာလုပ်တာသိလို့ ကိုယ့်ထမင်းကိုယ်စားပြီး ကာကွယ်ပေးခဲ့တာပါ။ ယခုလဲ မအလနားလည်တဲ့စကားနဲ့ ကာကွယ်ထားပါတယ်။ ဒါကထားလိုက်ပါ။ အာဏာမသိမ်းခင် မအလကို ခံချဖို့ကိစ္စမှာ အမေစုနားကလူအချို့ကြောင့် ပြောခွင့်မရခဲ့တာတွေ ရှိခဲ့ပါတယ်။ ပထမပုံစံက အမေစုက ဦးဆောင်ပြီး တူရကီပုံစံပြန်ချဖို့ပါ။ အခြားပုံစံက ရန်ကုန်အခြေပြုပါ။ အမေစုက ခွင့်မပြုခဲ့ပါ။ သူတို့အဖမ်းခံခဲ့ပါတယ်။ နောက် အစိုးရသက်သေအနေနဲ့ သူ့နာမည်ကိုသတ်ခဲ့ပါတယ်။ NLD နဲ့ အားလုံးက ဝိုင်းဆဲခဲ့ပါတယ်။ ယခုအချိန်အမှုပြီးချိန်အထိ ပြန်မလွှတ်သေးပါ။ ပုံမှန်အစိုးရသက်သေဆိုရင် ပြန်လွှတ်ရမှာပါ။ ဒါဆိုရင် ထမင်းစားသူတိုင်း နားလည်မှာပါ။ အမေစုလဲ သူ့ကိစ္စထွက်ဆိုချိန်မှာ စိတ်တိုခဲ့ပါတယ်။ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ကို ကြိုးပေးသတ်တာကို အမေစုပြန်သိပြီးချိန်မှာ သူမရဲ့အမြင်တွေဟာ အလွန်ပြောင်းလဲသွားတာကို ရှေ့နေတွေဣဲ့ စကားပြောရာမှာ ရာပြည့်နဲ့ စကားပြောရာမှာ သတိထားမိပါတယ်။ နောက်ပိုင်း ကွီးဖြိုးကို စန္ဒာမင်းတို့နဲ့အတူ ထုတ်ခဲ့ပါတယ်။ စာရေးသူဟာ NUG/NLD ကို ထိုကိစ္စကြောင့် မဝေဖန်ခဲ့သလို ရန်သူအနေနဲ့ မဆက်ဆံခဲ့တာ အားလုံးသတိထားမိမှာပါ။ ယခု NUG ထဲမှာ ပြန်ကြားရေးလုပ်နေသူတွေ အစိုးရအဖွဲ့ အတွင်းဝန်လုပ်သူတွေက ကွီးဖြိုးကို အဓိကဝေဖန်ခဲ့တဲ့ ရန်ကုန်အမတ်တွေပါ။ သူတို့ကို ပြည်သူကအားမရတဲ့ကိစ္စအပေါ်မူတည်ပြီး ပြန်တိုက်ခိုက်ရင် ရပါတယ်။ ဒါပေမယ့် NUG/NLD ဟာ ပြည်သူကရွေးထားတဲ့ အမတ်တွေနဲ့ ဖွဲ့ထားတာပါ။ လက်ရှိယာယီသမ္မတ ဒူးဝါးကိုထောက်ခံတာက လူအရမဟုတ်ဘဲ CRPH က တင်မြှောက်ထားလို့ပါ။ ဝန်ကြီးချုပ်ဦးမန်းဝင်းခိုင်သန်းကို ထောက်ခံတာကလံ CRPH က ရွေးကောက်တင်မြှောက်ထားလို့ပါ။ CRPH က ပြည်သူတွေက တင်မြှောက်ထားတဲ့ ရွေးကောက်ပွဲကနေ ဖြစ်လာတာပါ။ ထိုသူများက NLDက ထုတ်တယ်လို့ကြေညာရင် အရပ်သား/စစ်သားက ပြည်သူကပေးတဲ့အမိန့်ကို နာခံရမှာပါ။ သူပြောတာမကြိုက်လို့ ငါလုပ်ချင်တာလုပ်မယ် ပြန်တိုက်ခိုက်မယ်ဆိုရင် မအလလို ဖြစ်သွားမှာပါ။ ဒါကြောင့် စာရေးသူဟာ သူတို့က ကွီးဖြိုးကိုထုတ်တယ်လို့ စန္ဒာမင်းနဲ့တန်းတူ ကြေညာပေမယ့်လဲ ဘာမှဖောင်းမထုခဲ့ပါ။ ဒါပေမယ့် စာရေးသူ ကွီးဖြိုးကို ထောက်ခံတာတော့ မလျော့သွားခဲ့ပါ။ ကွီးဖြိုးဟာ ယခုဒီမိုတိုက်ပွဲမှာပါနေတယ့် ဆရာကြီးပါချုပ်ပါမောက္ခဦးဇော်ဝေစိုးနဲ့ ဒုပါချုပ်ပါမောက္ခဒေါ်မြင့်မြင့်ငြိမ်းတို့ကိုတော့ လူရွေးမှန်ခဲ့ပါတယ်။ စာရေးသူလဲ ထိုနှစ်ယောက်ကို ရွေးချယ်တာတော့ မှန်ခဲ့ပါတယ်။ ပါမောက္ခဇော်ဝေစိုးကိုရွေးရာမှာ အချို့ဆရာကြီးများက သူ့ကိုဘရွှေနဲ့သိလို့ မရွေးဖို့တားပေမယ့် သူကရွေးခဲ့ပါတယ်။ သူကိုင်တွယ်တဲ့ကိုဗစ်နဲ့ မအလအောက်က သက်ခိုင်ဝင်းကိုင်တွယ်တဲ့ကိုဗစ် ဘာကွာလဲဆိုတာ အားလုံးသိပြီးသားပါ။

ယခုနဂါးကိစ္စ ပြန်ဆက်ပါ့မယ်။ ဗိုလ်နဂါးက လက်နက်မရဘူးအော်ချိန်က စာရေးသူ NUG က ဝန်ကြီးကို အသံမထွက်အောင်ထိန်းဖို့ပြောချိန်မှာ သူတို့ထောက်ပံ့တာကို စာရေးသူသိခဲ့ပြီး ဗိုလ်နဂါးလိမ်တာကို သိခဲ့ပါတယ်။ စာရေးသူစိုးရိမ်ခဲ့တာက သူ့တပ်ရင်းအချို့သာ NUG ထံအပ်လို့ စစ်​ရေးအရ စိုးရိမ်ခဲ့တာပါ။ ယခုတော့ သူဘာလဲဆိုတာ ပေါ်လာပါပြီ။ ယခုအချိန်မှာ ဗိုလ်နဂါးထောက်ခံသူအနေနဲ့ ဆက်ထောက်ခံနိုင်ပါတယ်။ မိမိဖာသာ ငွေးကြေးထောက်ပံ့လိုကလဲထောက်ပံ့ပါ။ ဒါပေမယ့် NUG ကို မဝေဖန်ပါနဲ့။ နဂါးကလဲ မဝေဖန်ပါနဲ့။ နဂါးက ဆောင်းမြောင်းရေးပြီး မိဘကိုထောက်ပြရင် စာရေးသူတို့ကလဲ နဂါးကိုထောက်ပြရမှာပါ။ နဂါးအဖွဲ့ တတိယအင်အားစုဟာ မိမိရဲ့ ငွေကြေးကွန်ရက်တည်ဆောက်ပြီး မိမိကတော်ကြောင်းပြပါ။ နိုင်ငံခြားက NUG အဖွဲ့ပွဲတွေကတဆင့်မလုပ်ဘဲ မိမိအဖွဲ့နဲ့ နဂါးပွဲလုပ်ပြီးငွေကောက်ပါ။ NUG အောက်က တပ်ရင်းတွေကို စည်းရုံးပြီး NUG အားနည်းအောင်လုပ်တာမျိုး မလုပ်ပါနဲ့။ မိမိငွေ၊ မိမိလူနဲ့ အင်အားတည်ဆောက်ပြီး အလုပ်နဲ့ သက်သေပြပါ။ ဒီလိုမဟုတ်ဘဲ NUG ကို တိုက်ခိုက်ပြီး မိမိတပ်အင်အားကို တည်ဆောက်ရင်တော့ NUG ထောက်ခံတဲ့ပြည်သူနဲ့ ထိပ်တိုက်တွေ့မှာပါလို့ ပြောပါရစေ။

ဘယ်လိုစစ်တပ်ကိုလိုချင်လဲဆိုတော့ ပြည်သူ့အမိန့်နာခံတဲ့ ပြည်သူရွေးကောက်တင်မြှောက်တဲ့ ပြည်သူ့အစိုးရအမိန့်ကိုနာခံတဲ့ စစ်တပ်မျိုးသာ လိုချင်ပါတယ်။ ကျွန်တော်တို့က အရပ်သားအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပါ့မယ် လိုအပ်ရင် အရပ်သားအစိုးရကို ထိန်းညှိပေးမယ်လို့ပြောတဲ့ စစ်တပ်ခေါင်းဆောင်ဆိုရင်တော့ သင်ဟာ မအလသာဖြစ်မှာပါ။ စာရေးသူတို့ဟာ လက်ရှိမအလတပ်ကို မကြိုက်လို့ တိုက်နေတာပါ။ မအလလိုနောက်တပ်မျိုး နောက်တပ်ချုပ်မျိုးကို ထပ်မမွေးမိပါစေနဲ့။ ဒါဟာ ဒီတော်လှန်ရေးမှာ မအလပြုတ်တာနဲ့ တန်းတူအရေးကြီးတယ်ဆိုတာ မမေ့ပါနဲ့။ မဟုတ်ရင် တော်လှန်ရေးက မဆုံးနိုင်ဘဲ ဖြစ်နေပါမယ်။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

4 Comments


Maung Chit Khaing
Maung Chit Khaing
Oct 16, 2023

ဘိုနဂါးက အမေစုကို လက်မခံတော့ဘဲ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပူးပေါင်းဆောင်ရွက်နေတာကို ကြားသိရပါတယ်။

Like

Maung Chit Khaing
Maung Chit Khaing
Oct 09, 2023

ဗိုလ်နဂါးလိမ်တာ ပေါ်လာပါပြီ။ လူကဲခတ်ညံ့သူတွေ ဆက်ထောက်ခံနိုင်ပါတယ်။

Like

Scarlet Scarlet
Scarlet Scarlet
Oct 09, 2023

စ, ကတည်းက...

နဂါးကို လုံးဝ, မကြိုက်လို့...

အားမ​ပေးပါဘူး...

တချိန်လုံး...

NUG ကို တိုက်ခိုက်​နေလို့..

ပိုပြီး အားမ​ပေး ​တော့ပါဘူး...

တခုဘဲ ရှိတာက...

"နဂါးထိ ဒါးကြည့် " ဆိုတဲ့..

ball သ, ​တွေ ​ကြောင့်

ခက်​နေတာပါ...

(မ, တဲ့အဆင့်ကို​ကျော်ပြီး..

သ, ​နေကြတာ)

Like

Angelina Thane
Angelina Thane
Oct 08, 2023

စင်ပေါ်က လူ လုပ်ချင်သူတွေ ကို အစထဲက

ကြည့်မရခဲ့ပါ ။


အာချောင်တာများ

လူဇော်လုပ်ချင်တာများ

နာမည်ကြီးချင်ဇောများ

များ ပေါင်းများစွာက -

ကိုယ့်တပ်ပြန်ချနင်း သလိုဖြစ်နေတာပါ ။


ပြည်သူတွေ က သိချင်ကြတာမှန်ပေသိ

operation ကို လုံခြုံရေးအတွက်

စဉ်းစားပြီး video files တွေ တင်နေကြတာလဲ

လျှော့ပြီး still လေါက်ဘဲ တင်သင့်တယ်ထင်ပါတယ် ။


စခန်းက movements တွေဟာ ကိုယ့် gps ကို

ရန်သူ့ဆီ ကိုယ်တိုင်ပေးနေတာမို့ သတိထါးသင့်ပါတယ် ။


Operators တွေက မအလ လက်ခုပ်ထဲကရေ

ဆိုတာ မမေ့သင့်ပါဘူး ။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page