top of page
Search

အဘက ချစ်သူကို ဘာလုပ်မှာလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 16, 2025
  • 1 min read

ree

မအလကို  ရိုဟင်ဂျာအရေး ဘယ်ကဖမ်းဝရမ်းထုတ်တယ် ဘာညာပြောပေမယ့် နေပြည်တော်မှာ ရိုဟင်ဂျာကိစ္စ ဘာအစည်းအဝေးမှမလုပ်ပါ။ စီးပွားရေးပိတ်ဆို့တယ် ဘာညာကြေညာလဲ နေပြည်တော်မှာဘာအစည်းအဝေးမှမလုပ်ပါ။

ဒါပေမယ့် ယခုရက်ပိုင်း အမေရိကန်က ကျားဖြန့်နှိမ်နှင်းဖို့ထလုပ်ရာမှာတော့ အစည်းအဝေးတွေကဆက်တိုက်ဆက်တိုက် ဖြစ်နေပါပြီ။ အဘကိုယ်တိုင် ဘားအံဆင်းတာ နိုင်ငံခြားရေးဝန်ကြီးကိုသံတမန်တွေဆင့်ခေါ်ပြီး သူတို့မလုပ်ဘဲ ကျားဖြန့်တွေကသူ့ဖာသာ KNU, ကိုးကန့်၊ ဝ၊ မိုင်းလားတွေနဲ့ပေါင်းပြီး လုပ်နေကြောင်း အလျင်အမြန်ရှင်းပြတာကလည်း ရိုဟင်ဂျာကိစ္စထက် အလေးထားပြီးပြဿနာဖြစ်နိုင်ခြေရှိတယ်ဆိုတာကို အသိအမှတ်ပြုတဲ့ သဘောပါ။

ဒီကိစ္စက ယခုအချိန်မှ လူသိများလာပေမယ့် ဒေါ်နယ်ထွန်တက်ပြီးနောက်မှာ မအလကို ဒီကိစ္စရှင်းဖို့၊ဘိန်းကိစ္စရှင်းဖို့၊ ဆေးပြားကိစ္စရှင်းဖို့ မူစလင် အကြမ်းဖက် လက်နက်ကိုင်တွေကို အရေးကြီးဓာတုလက်နက်တွေ မထောက်ပံ့ဖို့ ပြောထားတာ ရှိပါတယ်။ မအလက စောချစ်သူရဲ့တပ်တွေအကူအညီနဲ့ ကရင်ကနယ်တွေကိုပြန်သိမ်းဖို့ မြဝတီကိုအလုံးစုံထိန်းချုပ်ဖို့အရင်လုပ်ပြီးမှ စောချစ်သူတို့နဲ့ကိစ္စရှင်းဖို့ထားထားလို့ပါ။

ယခုအချိန်မှာ မအလကို ဘာတွေတင်ပြထားလဲ? မအလကိုတင်ပြထားတာ‌တွေထဲမှာ ပထမဆုံးက စောချစ်သူနဲ့ ကျားဖြန့်နာမည်ကြီးပါဝင်သူ လက်နက်ကိုင်ထိပ်ပိုင်း ခေါင်းဆောင်တွေကိုဖမ်းပြီး တရားစွဲတရားစီရင်ပြဖို့ပါ။။ ဒါပေမယ့် ဒီလိုလုပ်ခဲ့ရင် ပြဿနာက စောချစ်သူရဲ့အောက်က BGF တွေကKNLA နဲ့ပူးပေါင်းနိုင်လို့ ဒါဆိုရင်ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို နောက်ဆက်တွဲစာတမ်းမှာအသေးစိတ် မဖော်ပြနိုင်ဘဲရှိနေပါတယ်။

ဒုတိယအစီအမံက စောချစ်သူကို ထိုင်းနိုင်ငံထဲမှာ အဖမ်းခံရအောင် ကြိုးစားဖို့ပါ။ စောချစ်သူတင်မဟုတ်ဘဲ ကျားဖြန့်နဲ့ နာမည်ကြီးတဲ့ အခြား BGF, DKBA က လက်နက်ကိုင် ခေါင်းဆောင်တွေပတ်သက်သူတွေကိုအဖမ်းခံရအောင် ထိုင်းအစိုးရနဲ့ပူးပေါင်းဆောင်ရွက်ဖို့ပါ။ ဒါဆိုရင်ထိုင်းကဖမ်းသွားတာဖြစ်လို့ BGFတွေကို အခြားခေါင်းဆောင် ပြောင်းလိုက်လို့ရှိရင် အဆင်ပြေသွားနိုင်ပါတယ်။ဒါပေမယ့် ဒီအစီအစဉ်မှာ အားနည်းချက်က စောချစ်သူနဲ့ အခြားအဖမ်းခံရတဲ့ BGF, DKBA ခေါင်းဆောင်တွေက သူတို့တင်လုပ်တာမဟုတ်ဘဲ အခြားမအလတပ်ထဲက ခေါင်းဆောင်တွေ ကြံ့ဖွတ်ကခေါင်းဆောင်တွေနာမည်ပါ ဆွဲထည့်ရင် ကမ္ဘာ့မီဒီယာမှာ နာမည်ပျက်နိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ဆိုပါတယ်။

တတိယ‌ ရွေးချယ်စရာအနေနဲ့ ထောက်ခံတင်ပြထားတဲ့အချက်ကတော့ စောချစ်သူနဲ့ အခြားကျားဖြန့်နဲ့ပတ်သက်တဲ့ BGF, DKBA ခေါင်းဆောင်တွေကို ဘယ်သူကလုပ်မှန်းမသိဘဲ စရဖက လုပ်ကြံလိုက်ဖို့ပါ။ ဒါဆိုရင် ကျန်ခဲ့တဲ့ BGF, DKBA က ဘက်‌ ပြောင်းဖို့နည်းသလို ထိုသူတွေကိုလည်း နုတ်ပိတ်နိုင်မယ်ဆိုတာပါ။

ဒီအချက်တွေကို စရဖရုံးက မအလထံတင်ပြထားပြီး ခွေးကောက်ပွဲအပြီး မအလအမိန့်ကျတာနဲ့လှုပ်ရှားမှာပါ။ ခွေးကောက်ပွဲကိုစောင့်တာက ခွေးကောက်ပွဲမတိုင်ခင် သွားကြမ်းရင် BGFနဲ့ DKBA ကရွေးကောက်ပွဲဖျက်မှာစိုးလို့ပါ။

ယခုဖော်ပြထားတဲ့ ကျားဖြန့်နဲ့ပတ်သက်တဲ့ စောချစ်သူနဲ့ အခြား BGF က ထိပ်ပိုင်းခေါင်းဆောင်တွေဟာ မအလထံအဖမ်းခံရတာ၊ ထိုင်းရဲထံ အဖမ်းခံရတာနဲ့၊ ရှင်းလင်းခြင်းခံရတာဆိုတဲ့ နည်းလမ်းသုံးခုထဲက ဘယ်ဟာရွေးရွေး ကောင်းတာမတွေ့ရပါ။ မအလအတွက်က သူ မနှိမ်နင်းရင် အမေရိကန်ကNUG PDF ကို လက်နက်ပေးနိုင်လို့ သူစစ်ရှုံးဖို့ ပိုများသွားမှာပါ။ ပြည်သူလူထုအားလုံးကတော့ မိမိတပ်ကို အခွင့်သာရင် ဆီးရီးယားမှာလို မြို့တော်အထိ တက်တိုက်နိုင်အောင် NUG PDF ကို ထောက်ပံ့ပေးထားပါ။ NUG ကလဲ NGO လို မတွေးမိပါစေနဲ့။ ဒါဆိုရင် နိုင်မှာပါ။

 
 
 

Recent Posts

See All
မအားသေးဘူး

ယခုအချိန်မှာ ဘာမှရေးမအားသေးဘူး။ လုံခြုံရေး ပြန်သုံးသပ်နေလို့။ တော်လှန်ရေးမအောင်မြင်ရင် NUG ကြောင့်မဟုတ်ဘဲ အသုံးမကျတဲ့ NUCC ထဲက ထရမ့်ကို ရှုတ်ချတဲ့စာထုတ်တဲ့ အဖွဲ့တွေကြောင့်ဘဲ။ ဗကသလဲ ဒီကိစ္စနဲ့မှနာမည်ပျ

 
 
 
ဘာလို့ မအလတပ်က အသေများတာလဲဆရာ မဖြစ်နိုင်ဘူး(ဘောမကမေးတာ)

စစ်မြေပြင်မှာ မျက်နှာချင်းဆိုင်တိုက်တာ၊ ခံစစ်ကုန်းကိုတိုက်တာက မအလတပ်က ခုခံတာမိုလို့ လက်နက်အများကြီးသုံးတာတောင် အသေနည်းပါတယ်။ ဥပမာ ရခိုင်နဲ့ဗန်းမော်စစ်မျက်နှာတွေမှာပါ။ ဒါပေမယ့် စစ်ကိုင်း၊ မကွေး၊ ပဲခူး၊

 
 
 
ခေါင်းလောင်းထိုးသံ

စရဖအထဲမှာ ခုံရုံးနဲ့ အစစ်ခံနေရတဲ့ကိစ္စက ဝေဟင်အောင်က ဘယ်လိုလွတ်သွားတာလဲဆိုတာပါ။ သူမအလ လင်မယားနားကပ်ရတာက NLD ကို မကောင်းပြောတာ ရိုဟင်ဂျာအရေးမှာ မအလဘက်ကနေလိုက်ပြောပြီး ပြန်တိုက်ဖို့ လူမျိုးတုန်းသတ်ဖို့ အ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page