top of page
Search

မြန်မာပြည်ကိုပူအောင်ရေကြီးအောင်ဘယ်သူလုပ်လဲ ျမန္မာျပည္ကိုပူေအာင္ေရႀကီးေအာင္ဘယ္သူလုပ္လဲ

Writer's picture: Myat Tun OoMyat Tun Oo

ေအာက္ကေဆာင္းပါးကေရးထားခဲ့တာၾကာပါၿပီ။ယခုေရႀကီးခ်ိန္မွာလူအခ်ိဳ႕ကဘစိန္ကိုလာမေျပာနဲ႔စစ္အစိုးရကိုလာမေျပာနဲ႔ဆိုၿပီးေနာက္သလိုလိုအတည္လိုလိုတင္ထားတာေတြ႕လို႔ျပန္တင္ေပးလိုက္ပါတယ္။

---------------------------------------------------------

ျမန္မာျပည္ကိုပူေအာင္ေရႀကီးေအာင္ဘယ္သူလုပ္လဲ

ဒီႏွစ္ျမန္မာျပည္မွာအပူခ်ိန္ေတြ၄၀-၄၂အထိတက္လာတာေတြ႕ရပါတယ္။၁၀၆-၁၀၇ေပါ့။ဒါဘယ္သူ႔မွာတာဝန္ရွိလဲ။ဆရာရဲဖြတ္ကိုေမးရင္ေတာ့NLD ကအစိုးရျဖစ္လို႔NLD မွာတာဝန္ရွိတယ္လို႔ေျပာမွာျဖစ္သလိုဖြတ္ေလာ္ဘီေတြခ႐ိုနီေတြဆိုရင္လဲ႐ူးခ်င္ေရာင္ေဆာင္ေနမွာပါ။

ဒါေပမယ့္ျမန္မာျပည္မွာအဘတို႔၁၉၈၈အာဏာသိမ္းၿပီးပိုက္ဆံမရွိလို႔သစ္ေတြကိုလက္ညိဳးထိုးေရာင္းခဲ့ပါတယ္။အခ်ိဳ႕ကစီမံခန္႔ခြဲမႈေတာ္တယ္စီးပြားေရးအျမင္ရွိတယ္ဆိုၿပီးၾကံဖန္ခ်ီးမြမ္းသူမ်ားလဲရွိပါတယ္။

ရလာဒ္ကေတာ့ျမန္မာျပည္ႀကီးကမိုးရြာလွ်င္တအားရြာေရႀကီးၿပီးေႏြမွာေသမေလာက္ေအာင္ပူပါတယ္။ဒါဟာအဘတို႔၁၉၆၂ကစလို႔၁၉၈၈မွာတိုင္းျပည္ကိုအရွိန္နဲ႔ဖ်က္စီးလိုက္လို႔၁၉၈၈မွစတြက္ရင္ႏွစ္ေပါင္း၂၈ႏွစ္၊၁၉၆၂မွစတြက္လွ်င္ႏွစ္ေပါင္း၅၄ႏွစ္သစ္ေတာသယံဇာတေတြကိုညံ့ဖ်င္းစြာအုပ္ခ်ဳပ္ခဲ့တဲ့ရလာဒ္ပါ။

ဒါေၾကာင့္ယခုရန္ကုန္ဟာလူတစ္ေယာက္မွာ၅.၀၂စတုရန္းေပ(၀.၄၆၆စတုရန္းမီတာသာ) စိမ္းလန္းတဲ့ေနရာရွိပါေတာ့တယ္။ဘန္ေကာက္က၅.၄၆အခ်ိဳ႕ကိန္းဂဏန္းက၆.၇၉စတုရန္းမီတာရွိတယ္လို႔ဆိုပါတယ္။ကမ႓ာ့က်န္းမာေရးအဖြဲ႕(WHO)ကေျပာတာကလူတစ္ေယာက္အတြက္စိမ္းလန္းေနရာတစ္ေယာက္ကို၉စတုရန္းမီတာရွိရမယ္လို႔ေျပာပါတယ္။အေနာက္ႏိုင္ငံေတြမွာ၂၀-၃၀စတုရန္းမီတာအထိရွိတယ္လို႔ေျပာပါတယ္။

ဒါကအဘတို႔လုပ္ခဲ့လို႔ယခုခံစားေနရတဲ့ထင္ရွားတယ့္ဥပမာပါ။ယခုလက္ရွိအစိုးရအာဏာယူၿပီးေနာက္ေန႔စိုက္ရင္ေတာင္အပင္ကသံုးႏွစ္သားသာရွိပါမယ္။အခ်ိဳ႕ကၽြန္းပင္ေတြဆိုတာႏွစ္ေပါင္းမ်ားစြာေစာင့္ရပါတယ္။ျပႆနာကဒါတင္ဘဲမဟုတ္ပါ။အခ်ိဳ႕ယခင္ပန္းျခံမ်ားေရဝင္ေနရာမ်ားဝန္ႀကီးဌာနေနရာမ်ားကိုအဘတို႔ကခ႐ိုနီမ်ားကိုေပးသြားေရာင္းသြားပါတယ္။ဒါေတြဟာလဲေျခဥအရေနာက္ေၾကာင္းမျပန္ရပါ။ယခုေျပာတာဟာဘစိန္စဥ္းစားဉာဏ္ကင္းမဲ့စြာကားေဟာင္းေတြကိုေပးသြင္းခဲ့လို႔ကားမီးခိုးကထြက္တဲ့ေလထုညစ္ညမ္းမႈျပႆနာမပါေသးပါ။

အပင္ေတြကေလနဲ႔စိုက္လို႔မရပါ။ေျမႀကီးေပၚမွာစိုက္မွရပါမယ္။ေနာက္အခ်ိန္ယူရပါတယ္။သက္တမ္းလြန္ကားကိုေလထုညစ္ညမ္းလို႔ပိတ္ရင္ဆူပူမႈျဖစ္ပါမယ္။ဒါကေထာင္ေခ်ာက္ပါ။

ယခုရန္ကုန္ၿမိဳ႕ရဲ႕ေနရာေကာင္းအမ်ားစုဟာတပ္ပိုင္ေျမဒါမွမဟုတ္ခ႐ိုနီပိုင္ပါတယ္။လက္ရွိအစိုးရကေတာ့အပိုမေျပာဘဲစိုက္ေနပါတယ္။ျပည္သူေတြအေနနဲ႔လဲအစိုးရကိုအပင္ကူစိုက္ေပးၾကပါ။ဒါကေတာ့ေျခဥမျပင္လဲစိုက္လို႔ရပါတယ္။ဒါေပမယ့္ေနရာေကာင္းေတြမွာအပင္စိုက္ခ်င္ရင္ေတာ့ေျခဥျပင္မွသာေနရာေကာင္းေတြမွာစိုက္လို႔ရပါမယ္။ဒါေတြကေတာ့အဘပိုင္ေျမမိုလို႔ပါ။ဒီကိစၥကေတာ့တစ္ေယာက္ကိုတစ္ေဒၚလာနဲ႔ျပန္ေရြးလို႔မရေတာ့ပါ။အခ်ိန္ဆိုတာျပန္ဝယ္လို႔မရတဲ့အရာပါ။

ျပည္သူေတြအေနနဲ႔ကသစ္ပင္ေတြခုတ္ေရာင္းတိုင္းျပည္ကိုမြဲေစၿပီးမ်ိဳးဆက္သစ္မ်ားစြာအပူဒဏ္ခံရေအာင္လုပ္ခဲ့တဲ့လူမိုက္ေတြကို၂၀၂၀မွာေနရာမေပးမိဖို႔ပါ။

Unicode version

အောက်ကဆောင်းပါးကရေးထားခဲ့တာကြာပါပြီ။ယခုရေကြီးချိန်မှာလူအချို့ကဘစိန်ကိုလာမပြောနဲ့စစ်အစိုးရကိုလာမပြောနဲ့ဆိုပြီးနောက်သလိုလိုအတည်လိုလိုတင်ထားတာတွေ့လို့ပြန်တင်ပေးလိုက်ပါတယ်။

---------------------------------------------------------

မြန်မာပြည်ကိုပူအောင်ရေကြီးအောင်ဘယ်သူလုပ်လဲ

ဒီနှစ်မြန်မာပြည်မှာအပူချိန်တွေ၄၀-၄၂အထိတက်လာတာတွေ့ရပါတယ်။၁၀၆-၁၀၇ပေါ့။ဒါဘယ်သူ့မှာတာဝန်ရှိလဲ။ဆရာရဲဖွတ်ကိုမေးရင်တော့NLD ကအစိုးရဖြစ်လို့NLD မှာတာဝန်ရှိတယ်လို့ပြောမှာဖြစ်သလိုဖွတ်လော်ဘီတွေခရိုနီတွေဆိုရင်လဲရူးချင်ရောင်ဆောင်နေမှာပါ။

ဒါပေမယ့်မြန်မာပြည်မှာအဘတို့၁၉၈၈အာဏာသိမ်းပြီးပိုက်ဆံမရှိလို့သစ်တွေကိုလက်ညိုးထိုးရောင်းခဲ့ပါတယ်။အချို့ကစီမံခန့်ခွဲမှုတော်တယ်စီးပွားရေးအမြင်ရှိတယ်ဆိုပြီးကြံဖန်ချီးမွမ်းသူများလဲရှိပါတယ်။

ရလာဒ်ကတော့မြန်မာပြည်ကြီးကမိုးရွာလျှင်တအားရွာရေကြီးပြီးနွေမှာသေမလောက်အောင်ပူပါတယ်။ဒါဟာအဘတို့၁၉၆၂ကစလို့၁၉၈၈မှာတိုင်းပြည်ကိုအရှိန်နဲ့ဖျက်စီးလိုက်လို့၁၉၈၈မှစတွက်ရင်နှစ်ပေါင်း၂၈နှစ်၊၁၉၆၂မှစတွက်လျှင်နှစ်ပေါင်း၅၄နှစ်သစ်တောသယံဇာတတွေကိုညံ့ဖျင်းစွာအုပ်ချုပ်ခဲ့တဲ့ရလာဒ်ပါ။

ဒါကြောင့်ယခုရန်ကုန်ဟာလူတစ်ယောက်မှာ၅.၀၂စတုရန်းပေ(၀.၄၆၆စတုရန်းမီတာသာ) စိမ်းလန်းတဲ့နေရာရှိပါတော့တယ်။ဘန်ကောက်က၅.၄၆အချို့ကိန်းဂဏန်းက၆.၇၉စတုရန်းမီတာရှိတယ်လို့ဆိုပါတယ်။ကမ႓ာ့ကျန်းမာရေးအဖွဲ့(WHO)ကပြောတာကလူတစ်ယောက်အတွက်စိမ်းလန်းနေရာတစ်ယောက်ကို၉စတုရန်းမီတာရှိရမယ်လို့ပြောပါတယ်။အနောက်နိုင်ငံတွေမှာ၂၀-၃၀စတုရန်းမီတာအထိရှိတယ်လို့ပြောပါတယ်။

ဒါကအဘတို့လုပ်ခဲ့လို့ယခုခံစားနေရတဲ့ထင်ရှားတယ့်ဥပမာပါ။ယခုလက်ရှိအစိုးရအာဏာယူပြီးနောက်နေ့စိုက်ရင်တောင်အပင်ကသုံးနှစ်သားသာရှိပါမယ်။အချို့ကျွန်းပင်တွေဆိုတာနှစ်ပေါင်းများစွာစောင့်ရပါတယ်။ပြဿနာကဒါတင်ဘဲမဟုတ်ပါ။အချို့ယခင်ပန်းခြံများရေဝင်နေရာများဝန်ကြီးဌာနနေရာများကိုအဘတို့ကခရိုနီများကိုပေးသွားရောင်းသွားပါတယ်။ဒါတွေဟာလဲခြေဥအရနောက်ကြောင်းမပြန်ရပါ။ယခုပြောတာဟာဘစိန်စဉ်းစားဉာဏ်ကင်းမဲ့စွာကားဟောင်းတွေကိုပေးသွင်းခဲ့လို့ကားမီးခိုးကထွက်တဲ့လေထုညစ်ညမ်းမှုပြဿနာမပါသေးပါ။

အပင်တွေကလေနဲ့စိုက်လို့မရပါ။မြေကြီးပေါ်မှာစိုက်မှရပါမယ်။နောက်အချိန်ယူရပါတယ်။သက်တမ်းလွန်ကားကိုလေထုညစ်ညမ်းလို့ပိတ်ရင်ဆူပူမှုဖြစ်ပါမယ်။ဒါကထောင်ချောက်ပါ။

ယခုရန်ကုန်မြို့ရဲ့နေရာကောင်းအများစုဟာတပ်ပိုင်မြေဒါမှမဟုတ်ခရိုနီပိုင်ပါတယ်။လက်ရှိအစိုးရကတော့အပိုမပြောဘဲစိုက်နေပါတယ်။ပြည်သူတွေအနေနဲ့လဲအစိုးရကိုအပင်ကူစိုက်ပေးကြပါ။ဒါကတော့ခြေဥမပြင်လဲစိုက်လို့ရပါတယ်။ဒါပေမယ့်နေရာကောင်းတွေမှာအပင်စိုက်ချင်ရင်တော့ခြေဥပြင်မှသာနေရာကောင်းတွေမှာစိုက်လို့ရပါမယ်။ဒါတွေကတော့အဘပိုင်မြေမိုလို့ပါ။ဒီကိစ္စကတော့တစ်ယောက်ကိုတစ်ဒေါ်လာနဲ့ပြန်ရွေးလို့မရတော့ပါ။အချိန်ဆိုတာပြန်ဝယ်လို့မရတဲ့အရာပါ။

ပြည်သူတွေအနေနဲ့ကသစ်ပင်တွေခုတ်ရောင်းတိုင်းပြည်ကိုမွဲစေပြီးမျိုးဆက်သစ်များစွာအပူဒဏ်ခံရအောင်လုပ်ခဲ့တဲ့လူမိုက်တွေကို၂၀၂၀မှာနေရာမပေးမိဖို့ပါ။

628 views0 comments

Recent Posts

See All

For Mr Marco Rubio

ဒါက Twitter/X မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို ပြောထားတာပါ။ Today, the junta Min Aung Hlaing staged a coup and arrested our elected...

အရပ်သားသာအဓိက

အမေရိကန်မှာ ရာထူးက အနားယူပြီးသား ဗိုလ်ချုပ်ကြီးတောင် ရွေးကောက်ပွဲမှာ ဝင်ရှုတ်လို့ ထရမ့်တက်တော့ သူ့ကိုပေးထားတဲ့ လုံခြုရေးတွေ...

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page