top of page
Search

ဗိုလ်နဂါးမှသည် Black Hawk Down ဆီသို့

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 11, 2022
  • 1 min read

မနေ့က ဗိုလ်နဂါးကို ရဟတ်ယဉ်နဲ့ ဖမ်းဖို့ကြိုးစားတာဟာ မအလသူပုန်တပ်အနေနဲ့ ဗိုလ်နဂါးကို ရဖို့ ဘာလုပ်ရလုပ်ရ လုပ်မယ်ဆိုတာကို ပြနေပါတယ်။ အဆိုပါဖြစ်ရပ်ကြောင့် PDF ဗိုလ်နဂါးအဖွဲ့ကလဲ မိမိဆက်သွယ်ရေးစနစ်နဲ့ အတွင်းစည်းလုံခြုံရေးကို ပြန်လည်သုံးသပ်ရပါမယ်။ ဒါပေမယ့်စာရေးသူကတော့ မအလသူပုန်တပ်ဟာ ဗိုလ်နဂါးနောက်လိုက်ရင်း ထောင်ချောက်မိနိုင်တယ်လို့ထင်ပါတယ်။ သူတို့ဟာ ယခင်က အမေရိကန်တပ်ဆိုမာလီမှာ စစ်ဆင်ရေးလုပ်တုန်း သတင်းအမှားကြောင့် ရဟတ်ယဉ်အပစ်ခံရ မြေပြင်မှာ ဝိုင်းအတိုက်ခံရတဲ့ Black Hawk Down ဆိုတဲ့ရုပ်ရှင်ကို အမှတ်ရစေပါတယ်။ အကယ်လို့များ ဗိုလ်နဂါးနဲ့အဖွဲ့က သူတို့အဖွဲ့တည်နေရာသတင်းမှားကို ပျူကနေမအလတပ်ကိုပေးပြီး သူတို့ရဟတ်ယဉ်ဆင်းနိုင်တဲ့နေရာမှာ မိုင်းထောင်တာကင်းပုန်းဝတ်တာတွေနဲ့ စောင့်ခြုံခိုတိုက်ခဲ့ရင် မအလတပ်ဟာ အမေရိကန်လို လက်နက်မကောင်းစိတ်ဓာတ်လဲမကောင်းလို့ အသေများသွားနိုင်ပါတယ်။ သူ့စစ်ဆင်ရေးရဲ့ လေကြောင်းအားသာချက်ကို ဗိုလ်နဂါးက ဘယ်လိုပြောင်းမလဲ စောင့်ကြည့်ကြရအောင်။

 
 
 

Recent Posts

See All
ထရမ့်ကောင်းလား မကောင်းလား

ထရမ့်ကောင်းလား မကောင်းလား ထရမ့်ကို မကောင်းပြောကြလို့ ထရမ့်က ကောင်း မကောင်းတော့မသိ တရုတ်ကို ကြပ်တာတော့ ကြိုက်တယ်။ ယခုလဲ ဘင်္ဂလားကနေ...

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Jan 11, 2022

ဦးမြတ်!!!ယူအက်စ်က ဗမ မီမီဝင်းဘတ်၏ ဆိုရှယ်မီဒီယာပေါ်ကနေ ပြောသောစကား ဗိုလ်နဂါးတို့အဖွဲ့ ကြားယောင်မိသွားဟန်ရှိသည်ဟု မြင်မိပါသည်။

*ြာရ‌န်သူကို သတင်းမှားပေးခြင်းဖြင့် အနိုင်ယူပါ။*

စကစအနေနဲ့ မသေချာပဲနဲ့၊သာလွန်အင်အားတစ်ခုဖြင့်မလာပါ။ အတိအကျရ၍သာ ဦးနှောက်ရွာသို့ ရောက်လာခြင်းဖြစ်သည်ဟု ယူဆရပါသည်။

အတိတ် တဘောင် ယတြာကို အသက်နှင့် ထပ်တူ လေးစားယုံကြည်လွန်းသောကြောင့် အသေ ရရ၊ အရှင် ရရ၊ဖမ်းဆီးမိဖို့လိုသည်ဟူသော အယူအဆကြောင့်ဖြစ်ပါလိမ့်သည်။

နဂါးတက်ရင် မိစ္ဆာမင်းဆက်ပြုတ်လိမ့်မယ်။ တပေါင်းစစ်ချီ ဒေါင်းစစ်သည် သောင်းချီတက်လိမ့်မည်။

တဘောင်အဆိုရှိသောကြောင့်ပါ။

ဖြစ်နိုင်ခြေနောက်တစ်ဆင့်

~ဗိုလ်နဂါးအဖွဲ့အတွင်း စကစသတင်းပေး(ဒလံ )ရှိ မရှိနှင့် ဒလံရှိခဲ့လျှင် သိ အောင်၊ ပရိယာယ် ဆင်မှုတစ်ရပ်ဟုလည်းမြင်မိပါသည်။

ဤဖြစ်စဉ်မှ ယူစရာတွေများပါသည်။

အတွင်းစကား အတွင်းမှာပြောရန်!!!

ယုံကြည်သင့်သူ မယုံကြည်သင့်သူကို ကာလရှည် လက်တွဲမှုအပေါ်မူတည်ပြီးလုပ်ရပ်နှင့်အတူ သတ်မှတ်ရန်!!!

ဆောင်းပါးဖော်ပြသကဲ့သို့ စည်းသုံးတန်ဖြင့် ဝန်းရံရန်!!!

ပျူ အယောင်ဆောင်နှင့် ပျူတို့၏ လက်ဝေခံ အစေခံများကို ကြိုရှင်းထားရန်!!!

သိမီသမျှတင်ပြအပ်ပါသည်။

ပျူဆိုတာ ငွေရရင် ဘနဖူးသိုက်တူးမဲ့ အယုတ်တမာအမျိုးတွေဖြစ်ပါသည်။

တချို့နယ်တွေမှာ ပျူနှင့် စကစ ပူးပေါင်း၍ စီးပွါးဖြစ် ငွေ ရှာနေကြကြောင်းသတင်းများမှတဆင့် သိရပါသည်။

ယခုဖြစ်စဉ်က ပီဒီအက်ဖ်အပေါင်းအား

အသက်ကို ဉာဏ်စောင့်သည် အသိရစေသလို ရှင်သန်ရန် ပတ်ဝန်းကျင်ကို မပြတ်သော သတိ၊ ကြီးစွာသောလုံ့လဖြင့် စောင့်ကြည်နေရမည်ဟူသော အသိတရားကို ပေးစွမ်းသွားခဲ့ပါပြီ။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page