top of page
Search

ပုလဲနှင့် ပင်လည်ဘူးမှပေးသော သင်ခန်းစာများ

Writer's picture: Myat Tun OoMyat Tun Oo

ပုလဲနှင့် ပင်လည်ဘူးမှပေးသော သင်ခန်းစာများ


ယခုရက်ပိုင်းအတွင်း နာမည်ကြီးသွားသော တိုက်ပွဲကလေးကတော့ ပုလဲကတိုက်ပွဲဖြစ်ပါတယ်။ ဒီကိစ္စဟာ ပြည်သူတိုင်း လေ့လာရမယ့်ကိစ္စပါ။ ဒီမတိုင်ခင်က ပင်လည်ဘူးမှာလည်း NUG တပ်ဖွဲ့တွေကမြို့သိမ်းခဲ့တာ အားလုံးသတိထား အမှတ်ရနေမှာပါ။ အဆိုပါစစ်ပွဲတွေကို နိုင်ငံရေး၊ စစ်ရေး ရှုထောင့်ကနေ လေ့လာကြည့်ကြရအောင်။

NUG ကို ဝေဖန်သူများက နဂါးတပ်တော် အခြားတပ်‌တော်တွေကို ထောက်ခံတာ တွေ့ရပါတယ်။ ဒါကဒီမိုကရေစီသဘောအရ သူတို့လုပ်ပိုင်ခွင့်ပါ။ ဒီနေရာမှာ NUG မကောင်းပြောတာကလွဲရင် သူတို့ကဘာလုပ်ပေးနိုင်သလဲဆိုတော့ ဘာမှပို‌ကောင်းအောင် မလုပ်ပေးနိုင်တာ သွားတွေ့ရပြန်ပါတယ်။ လက်ရှိပြီးသွားတဲ့ အမေရိကန်ရွေးကောက်ပွဲကိုနှိုင်းယှဉ်ကြည့်ရင် လက်ရှိဒီမိုကရက်တွေက ထရမ့်ကြီးကို ဟစ်တလာနဲ့တူတယ်လို့ဆိုပြီး ပြောနေပေမယ့် သူတို့ဟာ ထရမ့်ထက်ကောင်းတဲ့ နိုင်ငံအတွက် စီးပွားရေး၊လူမှုရေးအမြင်များကိုမချပြနိုင်ခဲ့ပါ။ ဒါကြောင့်ရွေးကောက်ပွဲရှုံးသွားတာအားလုံးသိမှာပါ။ ထို့အတူပါပဲ NUG ကိုဝေဖန်တဲ့သူများကို လေ့လာရမှာလည်း အချို့က မဲဆောက်ကနေ ဝေဖန်သူရှိသလို အချို့ကလည်း အင်္ဂလန်မှာ လူငါးဆယ်ပြည့်အောင်တောင် စည်းရုံးဖို့မလုပ်နိုင်တာတွေ့ရပါတယ်။ အချို့ကလည်း နဂါးကို ဒုတိယဗိုလ်ချုပ်အောင်ဆန်းဆိုပြီး အသက်ကြီးမှ ကြောင်တောင်တောင် ထပြောတာတွေ့ရပါတယ်။ အချို့က အမေရိကန်မှာ အလုပ်မရှိအကိုင်မရှိသူဖြစ်ပြီး အလုပ်ရှိသူကလည်း ရုံးအခိုင်းအစေလောက်သာ အဆင့်ရှိတာတွေ့ရပါတယ်။ ဒါက သာမန်လူဆို ပြဿနာမရှိပေမယ့်တိုင်းပြည်ကို NUG ထက်သာအောင် ပြောဆို စည်းရုံးလိုရင် အရည်အချင်းက လိုပါတယ်။ အချို့ကတော့ ဩစီမှာ ဘယ်သူမှမတတ်တဲ့ ကျောင်းဖွင့်ထားသူပါ။ ဖြစ်သင့်တာက NUG မကောင်းတာကိုပြောရင် ငါတို့ကတော့ ဘယ်လိုကောင်းအောင်လုပ်နိုင်တယ်ဆိုတာကို စည်းရုံးပြီးချပြရမှာပါ။ ဥပမာNUG ကဒေါ်လာတစ်သန်းသာရန်ပုံငွေကောက်နိုင်တယ်ဆိုရင် ငါတို့ရဲ့စင်ပြိုင်အဖွဲ့ကဘယ်လောက်တိုးပြီးဒေါ်လာသုံးသန်းရအောင်ရှာဖွေနိုင်တယ်ဆိုတာမျိုးပေါ့။ NUG က ကမ္ဘာ့နိုင်ငံကြီးတွေရဲ့အကူအညီမယူနိုင်ဘူးဆိုရင် အဆိုပါကျွမ်းကျင်ပညာရှင်ဆိုသူတွေက ငါတို့က ဘယ်အဖွဲ့တွေနဲ့ဘယ်လိုနိုင်ငံခြားအစိုးရတွေကအသိမှတ်ပြုတယ်ဆိုတာ ပြည်သူကို ချပြနိုင်အောင် လုပ်ပြတာမျိုးပါ။ ဥပမာငါတို့က ဘယ်လိုလေယာဉ်ပစ်အမြောက်ကို ရအောင်လုပ်ပြတယ်ဆိုတာမျိုးပေါ့။ ဒါမျိုးတကယ်မရှိတာပါ။ ပြည်သူတွေက ဝေဖန်သူများကို အကဲဖြတ်ရာမှာ သူတို့က ဝေဖန်တာအပြင် ဘာလုပ်ပြ၊ ဘာလုပ်ပေးနိုင်လဲဆိုတာကိုပါ လေ့လာသင့်ပါတယ်။

ယခုပုလဲတိုက်ပွဲကိုပြန်လေ့လာကြည့်ရအောင်။ ယခုဟာက တပ်ချုပ်အဆင့်စကားမပြောသေးဘဲတပ်ရင်းမှူးတိုက်ပွဲအဆင့်လောက်အနေနဲ့ပဲပြောပြပါရ‌စေ။ ဒါပေမယ့် တကယ်ဗိုလ်နဂါးတို့ မောင်ဆောင်းခတို့ ယူထားတာက တပ်ချုပ်အဆင့်တွေပါ။ ယခုနဂါးက စတိုက်ရာမှာ ဘယ်သူနဲ့မှမတိုင်ပင်ဘဲ  မိမိဖာသာလဲ ဒီတိုက်ပွဲအတွက် သေချာပြင်ဆင်မှုမရှိဘဲ တဇွတ်ထိုး ထတိုက်တာတွေ့ရပါတယ်။စစ်တိုက်တယ်ဆိုရာမှာ ရန်သူ့ကိုတိုက်ရုံသာမက ရန်သူရဲ့စစ်ကူလာလမ်း၊ ထောက်ပို့လမ်းကို ဘယ်သူကဖြတ်မယ် ဘာလုပ်မယ် မိမိကဆုတ်ဖို့လိုလာရင်လည်း ဘယ်လိုဆုတ်မယ်ဆိုတာတွေကို စနစ်တကျပြင်ဆင်ပြီးမှ လုပ်ရကိုင်ရတာပါ။ စစ်တိုက်တယ်ဆိုတာက လိုင်းပေါ်မှာ မယ်ပြိုင်ပွဲဝင်နေတာမဟုတ်ပါ။ လိုင်းပေါ်မှာမီဒီယာတွေနဲ့အင်တာဗျူးပြီး ဘာမှမနိုင်သေးခင် ထအော်တော့ အထက်ကသိပြီးတိုင်းမှူးကို ဖိအားပေး ဟိုကလည်း အမြန်ပြန်တုန့်ပြန်တော့ မလိုလားအပ်ဘဲ မိမိနိုင်နိုင်တာတောင်မှ မနိုင်တော့ပါ။ အလစ်အငိုက် တိုက်တယ်ဆိုတဲ့ အားသာမှုမရှိတော့ပါဘူး။ ဒီနေရာမှာ ပြည်သူတွေအနေနဲ့လည်း သတိထားသင့်တာလေးတွေရှိပါတယ်။ အချို့အဖွဲ့ငယ်လေးတွေက မအလတပ်ကိုဖြတ်တိုက်တယ်ဆိုပြီး လိုင်းပေါ်မှာ မီဒီယာပေါ် အလုအယက်ထင်ကြတာအားလုံးသိမှာပါ။ ဒီလိုတိုက်ပွဲအပေါ်မှာမူတည်ပြီး အချို့တွေကလည်းအလှူခံကြ လှူကြသူများလဲ ရှိနိုင်ပါတယ်။ သူတို့တိုက်အပြီးမှာစစ်တပ်ကရွာတွေဝင်‌မွှေချိန်မှာ ထိုတိုက်ခဲ့တဲ့အဖွဲ့တွေနာမည်ကပျောက်သွားပြီး အားလုံးက NUGကိုဘာကြောင့် မကာကွယ်ပေးနိုင်လဲဆိုပြီး ဝိုင်းဆဲကြပြန်ပါတတယ်။ တကယ်က NUG က သူထိန်းချုပ်တဲ့နေရာတွေမှာ သူတို့ဖာသာသူတို့ အသံမထွက်ဘဲ စစ်အင်အားစုဆောင်းပြီး နေကြပါတယ်။အချိန်တန်လို့ သေချာတိုက်မယ်ဆိုချိန်မှ အားလုံးထွက်လာပြီးတိုက်လို့ ရလဒ်ကလည်းကောင်းသလိုမိမိဒေသလည်း မလိုလားအပ်ဘဲ အဖျက်ခံရတာနည်းပါတယ်။ ဒါပေမယ့် ယခုဖြစ်စဉ်များက နာမည်သိပ်မရှိတဲ့အဖွဲ့လေးများကဝင်တိုက် နိုင်သည့်အချိန်မှာနာမည်ယူ၊ စစ်ကြောင်းထိုးလာရင်တော့ NUG ကိုခေါင်းထိုးခံခိုင်းတာက မဖြစ်သင့်တဲ့အရာပါ။ ဒါ့အပြင် NUG နဲ့ မတိုင်ပင်ဘဲ ထတိုက်အပြီး ဖြစ်ပေါ်လာတဲ့ ဒုက္ခသည် ပြဿနာကလဲ NUG က ဝင်ရှင်းရပြန်ပါတယ်။ ဥပမာ NUG က စစ်ဆင်ရေးအတွက်စုထားတဲ့ ရိက္ခာဟာ အဆိုပါစစ်ဆင်‌ရေးမှာ မသုံးရသေးခင် ဒုက္ခသည်ကိစ္စမှာ ကုန်သွားတာမျိုးပါ။ ဥပမာ ရခိုင်မှာ AA သာရှိလို့ AA က စစ်စမတိုက်ခင် နဂါးလိုကိစ္စကြောင့် ရှင်းရတဲ့ ပြဿနာမရှိဘဲAA က တကယ်စတိုက်ချိန်မှသာ စစ်ဒုက္ခသည်ပြဿနာ ရှင်းရတာပါ။ ခရီးပိုတွင်တာပေါ့။

ဒါကိုပင်လည်ဘူးတိုက်ပွဲနဲ့ နှိုင်းယှဉ်‌ လေ့လာရင် ပင်လည်ဘူးမှာ လချီတိုက်ခိုက်နိုင်အောင် NUG ကစနစ်တကျပြင်ဆင် တပ်စုတပ်ဖွဲ့ တပ်ရွှေတပ်နုတ်တွေကို စနစ်တကျ လုပ်နိုင်ခဲ့တာတွေ့ရပါတယ်။

ပြည်သူတွေအနေနဲ့ သင်ခန်းစာယူရမှာက နဂါးလိုအဖွဲ့တွေနဲ့ ငွေကိုအချိန်ကုန်မခံဘဲ NUGကို ဗမာဒေသမှာ အသေအချာထောက်ပံ့ပြီး ၂၀၂၅ပွဲသိမ်းနိုင်အောင် ဝိုင်းကူပေးကြပါ။ ကျည်ဆံတွေက အလကားမရပါ။ NUG ကို အမေရိကန်‌ရော တရုတ်ကပါ မကူညီ‌ပါ။ ပြည်သူက NUG ကို ကူညီမှသာ စစ်နိုင်မှာပါလို့ပြောပါရ‌စေ။ ၂၀၂၅မှာ အဆုံးအဖြတ်ပွဲတွေလာမှာပါ။ NUG အင်အားရှိအောင်သာ ဆက်ထောက်ပံ့ပေးပါလို့ပြောပါရစေ။

678 views0 comments

Recent Posts

See All

For Mr Marco Rubio

ဒါက Twitter/X မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို ပြောထားတာပါ။ Today, the junta Min Aung Hlaing staged a coup and arrested our elected...

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page