top of page
Search

တော်လှန်ရေးမှာ သတင်းလုံခြုံရေး အရေးကြီးလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 22, 2022
  • 1 min read

ဒီအကြောင်းယခင်ကလဲ ရေးခဲ့ဖူးပါတယ်။ ဒါပေမယ့် တော်လှန်ရေးသမားတွေမိရင် ဖုန်းထဲက၊ ကွန်ပျူတာထဲက၊ မှတ်စုစာအုပ်ထဲက စရဖက သတင်းတွေရသွားတာက ရင်နာစရာပါ။ ဒီနေရာမှာ ဘယ်သူ့ကိုမှ အပြစ်တင်လိုလို့ရေးခြင်းမဟုတ်ပါ။ ဘယ်သူမှလဲ ၂၀၂၁ ဖေဖော်ဝါရီ(၁) ရက်မတိုင်မီက လက်နက်ကိုင်မယ်လို့ မထင်ထားလို့ ဒါမျိုးက အစပိုင်းမှာ ဖြစ်တတ်ပါတယ်။

ယခုက စရဖက တော်လှန်ရေးသမားတွေကို စစ်ကိုင်းမှာ ဘယ်လိုဖမ်းနေလဲ ဘယ်လိုသတင်းရလဲဆိုတာကို အဓိက ရေးလိုတာပါ။ သူ့ထောက်လှမ်းက ကောင်းလို့လား? ဒါမှမဟုတ် အခြားနည်းလားဆိုတာပါ။ သတင်းမှာ လူဒလန်က ရတဲ့သတင်း၊ ဒုတိယ ဆက်သွယ်ရေးကို ကြားဖြတ်နားထောင်လို့ရတဲ့သတင်း၊ စာရေးသူတို့ တော်လှန်ရေးသမားတွေ မသိဘဲပေးမိတဲ့သတင်း၊ အဖမ်းခံရလို့ ပေးမိတဲ့သတင်းဆိုပြီးရှိပါတယ်။

ပထမက လူဒလန် (သို့) ထောက်လှမ်းရေးပါ။ ဒါက ဒီရွထဲမှာ ဘယ်သူကဖွတ်လဲစစ်မှုထမ်းဟောင်းလဲ ဘယ်သူက မဘသ၊ ဘယ်သူကဘောမလဲဆိုတာ လူတိုင်းသိပါတယ်။သူတို့ကို ရှောင်နိုင်ရင် အဆင်ပြေနိုင်ပါတယ်။ မိမိအဖွဲ့ထဲ မြုတ်နှံထားတဲ့ ထောက်လှမ်းရေးကလဲ ခဏခဏ သတင်းပေါက်ရင် သိလာမှာပါ။


ဒုတိယက ဆက်သွယ်ရေးပါ။ တော်လှန်ရေးသမားတွေရဲ့ ဖုန်းနံပတ်တိုင်းကို စရဖက မသိနိုင်ပါ။ ဒါပေမယ့် ပြည်တွင်းမှာ တရားဝင်ခွင့်ပြုထားတဲ့ သတင်းထောက်တွေရဲ့ ဖုန်းနံပတ်အားလုံးနီးပါး စရဖမှာ ရှိပါတယ်။ သူတို့ကနေ ပြောနေတဲ့ ဖုန်းနံပတ် ပြောစကားကို ကြားဖြတ်နားထောင်လို့ရသလို လိုက်လို့ရပါတယ်။ စစ်ကိုင်းမှာ အင်တာနက်လိုင်းဖြတ်ထားလို့ သူတို့ကိုအင်တာဗျူးပေးရင် ဖုန်းနံပတ်ကနေ တာဝါတိုင်နဲ့အနီးဆုံးနေရာကို ခန့်မှန်းလို့ရပါတယ်။ဒီနေရာမှာ သတင်းထောက်က စရဖထံသတင်းသွားပေးတာမဟုတ်ဘဲ ကြားဖြတ်တာကို ခံရတာပါ။ ယခင်အစိုးရလက်ထက် ဖုန်းကြားဖြတ် မနားထောင်ရဥပဒေရှိပေမယ့် ယခုမရှိတော့ပါ။ PDF အဖွဲ့အားလုံး ဂြိုလ်တုဖုန်း မသုံးနိုင်သေးသရွေ့ ဒီပြဿနာက ရှိမှာပါ။ ဒီနေရာမှာPDF အချင်းချင်း ဆက်သွယ်တာကိုတော့ ဖုန်းနံပတ်မရရင် နားမထောင်နိုင်ပါ။ ဖုန်းနံပတ်ရသွားရင်တော့ အဲ့ဒီဖုန်းနံပတ်ကိုဆက်ရင် ကြားဖြတ်နားထောင်တာခံရမှာပါ။ ဒါကို ဖြေရှင်းဖို့က စကားဝှက်သုံးဖို့ပါ။


တတိယက မိမိအဖွဲ့ကလူ အဖမ်းခံရရင် ရိုက်စစ်ရင် သတင်းပေးမိသွားတာပါ။ ဒီနေရာမှာ ငါကတော့ စိတ်ဘယ်လောက်မာတာ ဘာညာဆိုပြီး မိမိကိုယ်ကို အထင်မကြီးပါနဲ့။ ဒီကိစ္စကိုဖြေရှင်းဖို့က မိမိမြေပြင်ကလူကို သူသိသင့်တာကလွဲပြီး ပေးမသိတာပါ။မသိရင်ဘယ်လောက်ရိုက်စစ်စစ် မပြောမိပါ။ တပ်ထဲမှာ ဗိုလ်မှုးအဆင့်လောက်တောင် ရှေ့တန်းထွက်မယ်ပြင်ထားဆိုပြီး ဘယ်သွားမယ်ဆိုတာ မနက်ကျမှ ပြောတာမျိုးပါ။ သူတို့က သူတို့မိသားစုကိုတောင် ပြန်မပြောမိအောင် ထိန်းတာပါ။ နောက်မိမိတို့ စစ်ဆင်ရေးသတင်းတွေကိုအင်တာနက်ရှိတဲ့နေရာမှာ အဝေးက cloud ထဲမှာ သိမ်းထားပြီး ပြည်တွင်းကလူနဲ့ ပြည်ပကလူ စကားဝှက်နှစ်ခုနဲ့မှ ဖွင့်လို့ရတာမျိုး လုပ်ထားရမှာပါ။


နောက်ဆုံးက စာရေးသူတို့ တော်လှန်ရေးသမားတွေတင်တဲ့ ဗီဒီယိုတွေ၊ အင်တာဗျူးတွေပါ။ထိုအရာတွေက စရဖအတွက် ဒလန်ထက်ပိုတန်ဖိုးရှိပါတယ်။ ရန်သူ့လက်နက်က ဘာအမျိုးအစား၊ ဘယ်နည်းနဲ့တိုက်တယ်၊ ဘယ်ရွာနားကနေရာ ဒါတွေကို ဗီဒီယိုတွေက ပြောပါတယ်။ဥပမာ PDF ကို ပြည်သူကြိုဆိုကြပါစို့။ အဝေးကလူက ဘယ်ရွာဆိုတာ မသိနိုင်ပါ။ ဒါပေမယ့်နမခတိုင်းထဲမှာ စစ်ပြေးဖွတ်တွေရှိပါတယ်။ သူတို့က ဒီဟာက ငါတို့ဘယ်ရွာကဆိုတာထောက်ပြပါတယ်။ အဲ့ဒီနေရာကို ပြန်လိုက်ရင်သိပါတယ်။ မသိရင် ဒီနေရာကို လူလွတ်ပြီး သိအောင်လုပ်၊ ဒါမှမဟုတ် drone ကနေ ထောက်လှမ်းပြီး ရဟတ်ယဉ်ဆင်းတာပါ။ မိမိမှာ ဘာလက်နက်မရှိမှန်းမသေချာရင် ရန်သူက ရှိန်ပါမယ်။ နောက် ရန်သူ့ကို လူသားဒိုင်းကာထားရင်မတိုက်ဘူး ဘာညာဆိုတာက နိုင်ငံရေးသမားကပြောလို့ကောင်းပေမယ့် PDF က ပြောရင်ရန်သူက လူသားဒိုင်းပိုသုံးလာမှာပါ။ မိမိက ဘာဆိုတိုက်မယ် လာဆိုမတိုက်ဘူးဆိုတာ ရန်သူကို ကြိုမပြောထားပါနဲ့။


အကျဉ်းချုပ်ရရင် ယခုအချိန်မှာ အားလုံးက အလုပ်သင်ပါ။ ရန်သူကို အထင်ကြီးစရာမလိုသလို အထင်သေးစရာလဲ မလိုပါ။ ဒါပေမယ့် သတိဆိုတာ ပိုတယ်မရှိပါလို့ ပြောထားပါရစေ။ စစ်ပွဲတွေမှာ သတင်းလုံခြုံရေးက အနိုင်အရှုံးဆုံးဖြတ်တတ်ပါတယ်။

 
 
 

Recent Posts

See All
ဗလောင်ဆူတဲ့တောင်ငူ

လေတပ်တွေကို ယခင်က ပစ်ခဲ့တာတွေရှိပေမယ့် ဒီအခေါက်မှာ တောင်ငူကို ဗလောင်ဆူစေခဲ့ပါတယ်။ ပစ်ပါများလို့ ထိသွားပါပြီ။

 
 
 

Comentários


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page