top of page
Search
  • Writer's pictureMyat Tun Oo

တော်လှန်ရေးများကို လေ့လာခြင်း


စာရေးသူတို့တိုင်းပြည်မှာ ရင်ဆိုင်နေရတာက မအလရဲ့ ဖက်ဆစ်အဖွဲ့ပါ။ ဖက်ဆစ်အဖွဲ့ဆိုတာဘာလဲဆိုတော့ မိမိလူမျိုးကို သတ်တယ်၊ ပြည်သူပိုင်ပစ္စည်းကို ခိုးတယ်၊ ဓားမြတိုက်တယ်၊ မုဒိမ်းကျင့်တယ်၊ အောက်ဆီဂျင်မပေးဘူး၊ ပြည်သူကို နှိပ်စက်တယ်။ ပြည်သူတွေကိုအစုလိုက်အပြုံလိုက်သတ်တယ်။ ရွာတွေကို မီးရှို့တယ်။ ဒါတွေကို ဖက်ဆစ်ဂျပန်နဲ့ နာဇီဂျာမနီက ဒုတိယကမ္ဘာစစ်မှာ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ဖက်ဆစ်နဲ့ နာဇီက သူတို့ဂျပန်လူမျိုးနဲ့ ဂျာမနီလူမျိုးကို မလုပ်ခဲ့ပါ။ မအလဖက်ဆစ်ကတော့ မိမိလူမျိုး မိမိဘာသာဝင် ဘုန်းကြီးတွေကအစ သတ်ဖြတ်တာပါ။ တကယ်က ဖက်ဆစ်နဲ့ နာဇီထက်တောင် မအလက ဆိုးပါတယ်။

တော်လှန်ရေးများကို လေ့လာရာမှာ မြန်မာ့သမိုင်းနဲ့ ကမ္ဘာ့သမိုင်းကို လေ့လာကြည့်သင့်ပါတယ်။ ဖက်ဆစ်တော်လှန်ရေးဟာ နေ့သတ်မှတ်ပြီးကို တစ်တိုင်းပြည်လုံး တစ်ပြိုင်နက် တိုက်ခဲ့ရတာပါ။ အကြောင်းက ဖက်ဆစ်က အင်အားကြီးလို့ သူ့ကိုတိုက်ဖို့ အချိန်ယူခဲ့ရပါတယ်။ဖက်ဆစ်ရဲ့ ညဉ်းပန်းမှုကြောင့် ပြည်သူကလဲ သူ့ကိုတိုက်ဖို့ အဆင်သင့်ဖြစ်နေခဲ့ပါတယ်။ ဒီနေရာမှာ ဗိုလ်ချုပ်အောင်ဆန်းဟာ အင်္ဂလိပ်ကိုတိုက်ဖို့ စစ်တပ်ဖွဲ့ဖို့ ပထမဆုံး တရုတ်နိုင်ငံကိုသွားခဲ့ပါတယ်။ ဒါပေမယ့် လက်တွေ့မှာ ဂျပန်ကသာ အကူအညီပေးပြီး စစ်ပညာသင်ပေးခဲ့တာပါ။ နောက်ပိုင်း ဖက်ဆစ်ဂျပန်ကို တိုက်ရာမှာ အင်္ဂလိပ်နဲ့ ဆက်သွယ်ပြီး လက်တွေ့ကျကျအကူအညီယူပြီး လုပ်ခဲ့ပါတယ်။

ယခင် ၁၉၈၈ နောက်ပိုင်း နိုင်ငံရေးမှာက အာဆီယံကိုယ်စားလှယ်ကိုမျှော်လိုက်၊ ကုလကိုယ်စားလှယ်ကိုမျှော်လိုက်နဲ့ အချိန်ကုန်ခဲ့ကြပါတယ်။ ယခု ၂၀၂၁ မှာ Gen Z တွေကစစ်ပညာသင်ပြီး သင်တန်းတစ်ခုပြီးတစ်ခု စဆင်းလာနေသလို နိုင်ငံရေးပိုင်းမှာလဲ NUG ဟာလက်တွေ့ကျတဲ့ ဦးဆောင်မှုပေးပြီး လုပ်စရာရှိတာတွေကို လုပ်လာတာ တွေ့ရပါတယ်။ သူတို့ဟာ မအလရဲ့ လွှတ်လိုက်ဖမ်းလိုက် ဇတ်ထဲမှာ မျောမနေပါဘူး။ နောက်လူငယ်တွေရဲ့ မအလအပေါ် မုန်းတီးမှုဟာလဲ အင်မတန်ကြီးတာ တွေ့ရပါတယ်။ ယခင်ကဆိုရင်မေ့မေ့ပျောက်ပျောက်နေတတ် ခွင့်လွှတ်တတ်တဲ့ ပြည်သူတွေဟာ မအလနဲ့ သူ့နောက်လိုက်တွေကို သွေးကြွေးဆပ်လိုကြောင်း လှိုင်သာယာအုပ်ချုပ်ရေးမှူးကို မြို့ပြောင်းတာတောင်လိုက်ပြီး မြေဩဇာလုပ်နိုင်တာက သက်သေပြသွားခဲ့ပါတယ်။

ဒီနေရာမှာ တရုတ်နဲ့အာဆီယံက အသိအမှတ်ပြုမှာလား ဘာညာဆိုတာကို စိုးရိမ်ကြပါတယ်။စာရေးသူကတော့ ဘာမှမပူဘဲ မိမိတော်လှန်ရေးကိုသာ အာရုံစိုက်လုပ်ကြပါလို့ ပြောပါရစေ။AA နဲ့ တာလီဘန်တောင် လက်နက်ရှိပြီး နယ်မြေရှိရင် တရုတ်ကတွေ့ပါတယ်။ NUG လို ပြည်သူကထောက်ခံတဲ့အစိုးရဟာ နယ်မြေစရှိပြီး တရုတ်နဲ့ အာဆီယံရင်းနှီးမြုပ်နှံမှုကို စိန်ခေါ်နိုင်ရင် သူတို့အားလုံး အချိုးပြောင်းသွားမှာလို့ ပြောပါရစေ။

အချို့သောလူများက PDF က မတိုက်မှာကို စိုးရိမ်သူများလဲ ဘာမှမစိုးရိမ်ပါနဲ့လို့သာ ပြောပါရစေ။ စစ်ပွဲဆိုတာ နိုင်အောင်တိုက်မယ်ဆိုရင် ပြင်ဆင်ရပါတယ်။ မိမိက ထောက်ပံ့စရာရှိတာသာ ထောက်ပံ့ပါလို့ ထပ်ခါထပ်ခါ ပြောပါရစေ။ မအလဟာ ပြည်သူအားလုံးကို တိုက်ပွဲဝင်မှသာ သူ့ကိုဖြုတ်ချနိုင်မယ်ဆိုတဲ့အသိကို ပေးပြီးပါပြီ။ အာဏာဆိုတာ သေနတ်ပြောင်းဝကသာ လာသည်လို့ သိသူများအတွက် ပြည်သူ့အာဏာကို ပြည်သူတွေက သေနတ်ကိုင်ပြီး ပြန်တောင်းရမှာပါ။

307 views1 comment

1 comentario


Myint Soe Oo
Myint Soe Oo
02 ago 2021

ဦးမြတ်!!ပြည်သူအများစု ရင်တွင်းမှာပေါက်ဖွားလာသော မုန်းတီးရွံရှာမှုသည် စကစ တအုပ်စုလုံးအပေါ် ယခင်ထက် ပြင်းထန်လာကြပါပြီ။

လူမှုကွန်ယက်စာမျက်နှာမှတဆင့်

~လွတ်မြောက်နယ်မြေမြောက် GZ တို့၏ သေနတ် ပစ်ကွင်းမှာ ထောင်ထားသော ပစ်မှတ်ကားချပ်သည် စကစ ထိပ်သီးများ၏ ဓါတ်ပုံများဖြစ်နေပြီး၊ ကျည်ဖောက်ရာ နေရာများသည် ဓါတ်ပုံရှိ မျက်လုံးနှင့် ခေါင်း နေရာများဖြစ်နေသည်ကို တွေ့ရပါသည်။

~~ေကျးလက်နှင့် နယ် PDF အဖွဲ့များသည် နီးစပ်ရာအဖွဲ့ချင်းပေါင်း၍ အလိုတော်ရိ အပါအဝင်တို့ကို မိမိတို့အသက်အဆုံးခံ၍ တိုက်ထုတ်မည်ဖြစ်ကြောင်း ကြေညာချက်များကိုလည်း နေ့စဥ်နှင့်အမျှ တွေ့လာရပါသည်။

~မစွမ်းသာသူတို့ကလည်း (မြန်မာ့နည်းဟန်ဖြင့်)စကစ ခေါင်းဆောင်တို့၏ ပုံများကို ဇောက်ထိုး ပြောင်းပြန်တင်၍ ဖော်ပြလာခြင်း။

~ထူးခြားမှုတခုမှာ အမျိုးသမီးနာမည်ဖြင့် အကောင့်တစ်ခုမှာ သူလုပ်ခဲ့တာမှန်သမျှ လုပ်ခဲ့ကြောင်း(အကောင်း အဆိုး ရောပြွန်း၍)အမှန်သစ္စာဖြစ်ပါသည်။ဤသစ္စာအမှန်ကြောင့် စကစ ပြုတ်ကျပါစေသတည်း ဟူ၍ သစ္စာဆို တိုင်တည်ထားသည်ကို တွေ့မြင်ရပါသည်။

±±±×××~သည်လို အကြောင်းတရားတွေအခြေခံလာမှုကြောင့်

+ ဘုတလင်နယ်မှာ အုပ်မှူးတွေ နှုတ်ထွက်လာကြပါပြီ။

± အကောင်ကြီးကြီး တိုက်ပွဲ ကျ သတင်းနှင့်အတူ ထိုအကောင်ကြီးကြီး၏ ဇာတိမြေမှာ ရှုံချသော တုန့်ပြန်မှုတွေ ရှိလာပါပြီ။

±ပန်းဆက်ရွာသူရွာသားတွေကို အဖွဲ့တခုက

အာမခံချက် မပေးနိုင်တော့ကြောင်း စာထုတ်လာပါသည်။

±မန်း သံဃာများမှလည်း ဆန့်ကျင်ရေးဖွဲ့စည်းပြီးကြောင်း။

လက်လှမ်းမီသမျှ အချက်အလက်များအရ ေသချာပေါက် ပေါ်ပေါက်လာတော့မည်ဟူ၍


Me gusta
bottom of page