top of page
Search

စီးပွါးရေးကျွမ်းကျင်သူ ဘဏ်လုပ်ငန်းကျွမ်းကျင်သူ စကားလုံးကို လေ့လာခြင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 20, 2020
  • 1 min read

လူတစ်ယောက်ဟာ စီးပွါးရေးကျွမ်းကျင် မကျွမ်းကျင်ဆိုတာကို အချို့က ဘာဘွဲ့ရလဲဆိုပြီး လေ့လာသလို အချို့ကလဲ စီးပွါးရေးနဲ့ ဘယ်လောက်သူချမ်းသာလဲဆိုပြီး လေ့လာကြပါတယ်။ မြန်မာပြည်မှာဆိုရင်တော့ လူတွေက ပညာတတ်ဆိုရင် ဘာဘွဲ့ရလဲ နိုင်ငံခြားကဘွဲ့ရလားဆိုပြီး စကြည့်ကြပါတယ်။ပြီးရင် ချမ်းသာလားပေါ့။ ချမ်းသာတယ်ဆိုရင် ဒီလူကတော်တယ်ဆိုပြီး မြန်မာပြည်မှာ အများစုကသတ်မှတ်မှာပါ။ ဒါပေမယ့် ဒီမိုရပြီးနောက်ပိုင်းမှာ အဆိုပါလူက ဘယ်လိုချမ်းသာလာလဲ အဘနဲ့နွယ်ပြီး ချမ်းသာလာတာလား ငွေမဲကနေ ငွေဖြူလုပ်ပြီး ချမ်းသာလာလားဆိုတာကို ကြည့်လာကြပါတယ်။ နိုင်ငံခြားမှာကတော့ သူဟာ ကျင့်ဝတ်နဲ့အညီချမ်းသာလားဆိုတာအထိပါ ပါလာပါတယ်။ အခွန်ဆောင်လား အခွန်ရှောင်လားဆိုတာလဲ ကြည့်ပါတယ်။

မြန်မာပြည်ရဲ့စံနဲ့ စကြည့်ရအောင်။ သတင်းဌာနတစ်ခုက လူတစ်ယောက်ကို “စီးပွါးရေးဆိုင်ရာပညာရပ်များကို လေ့လာသင်ကြားပြီးသူဟု” လော်ရင် ဘာဘွဲ့ရတာလဲဟု အရင်ကြည့်ကြရမှာပါ။သာမန် BSc ဘွဲ့သမားကို သွားလော်ပေးရင် မှားပါမယ်။ ဒီအချိန်မှာ ဒေါက်တာသက်သက်ခိုင်ကို စီးပွါးရေးဆိုင်ရာ ပညာရပ်များကို လေ့လာသင့်ကြားပြီးလို့ပြောရင်တော့ မှန်နိုင်ပါတယ်။ သူမဟာ MBBS ဘွဲ့အပြီးမှာ မြန်မာပြည်က MBA, နိုင်ငံခြားက MBA တွေပါ ယူထားသူပါ။ မြန်မာပြည်က MBA တောင်မရသေးသူကို သတင်းသမားများက လော်နေရင် တစ်ခုခု မှားနေပါပြီ။

ဒါဆိုရင် စီးပွါးရေးအရရော။ ဒေါက်ခိုင်ကတော့ အတိုင်းအတာတစ်ခုအထိ ချမ်းသာလာပြီး ကြွေးလဲမရှိတာတွေ့ရပါတယ်။ စာရေးသူ မသိတာလဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သူမချမ်းသာလာပုံ အဘတွေနဲ့ ဆက်နွယ်ပုံက မသဲကွဲပါ။

ဒါဆိုရင် ဘွဲ့မရဘဲ ချမ်းသာရင်ရော အဆင်မပြေဘူးလား? ဘွဲ့မရဘဲ ထူးချွန်သူတွေကို ပြပါဆိုရင်Apple တည်ထောင်သူ Steve Jobs၊ Mircosoft တည်ထောင်သူ Bill Gates၊ Facebook တည်ထောင်သူMark Zuckerberg တို့ပါ။ မြန်မာပြည်ကို လာလည်ခဲ့တဲ့ Twitter ကို စထောင်သူ Jack Dorsey ကလဲဘွဲ့မရပါ။ သူတို့ကို စီးပွါးရေး ကျွမ်းကျင်သူဆိုရင် ဖြစ်နိုင်ပါတယ်။ သူတို့က အလုပ်နဲ့သက်သေပြခဲ့လို့ပါ။ သူတို့မှာ ကြွေးမရှိပါဘူး။


ဒီနေရာမှာ Tesla လျှပ်စစ်ကားထုတ်လုပ်သူ Elon Musk လို ဘွဲ့ရပြီးမှ PhD ဆက်မတက်ဘဲ ချမ်းသာလာသူပါ။ တရုတ်ပြည်က အလီဘာဘာကို တည်ထောင်သူ သူဌေးကြီး Jack Ma ကတော့ ပထမကောလိပ်ဝင်ခွင့်စာမေးပွဲ နှစ်ခါကျပေမယ့် နောက်ပိုင်း အင်္ဂလိပ်စာနဲ့ ဘွဲ့ရခဲ့ပြီး စီးပွါးရေးလဲ အောင်မြင်ပါတယ်။ ကမ္ဘာ့အချမ်းသာဆုံးဆိုတဲ့ Amazon အင်တာနက်စျေးကိုပိုင်ဆိုင်သူ Jeff Bezos ဟာလဲ ဘွဲ့ရသလို သူ့စီးပွါးရေးကလဲ အောင်မြင်ခဲ့ပါတယ်။

ဒါကြောင့်မိုလို့ စီးပွါးရေးကျွမ်းကျင်သူလို့ လော်မယ်ဆိုရင် စီးပွါးရေးဆိုင်ရာဘွဲ့ကို Oxford က မရရင်တောင် အနည်းဆုံး မြန်မာပြည်က MBA လောက်ပြသင့်သလို ချမ်းသာမှုဟာလဲ ကျင့်ဝတ်ညီethically rich ဖြစ်ရပါမယ်။ ဥပမာ တေဇချမ်းသာလာတာက ကျင့်ဝတ်နဲ့အညီ ပုံမှန်မဟုတ်ပါ။ အဘသား ချမ်းသာလာတာဟာလဲ ပုံမှန်မဟုတ်ပါ။ မြန်မာပြည်မှာ ပုံမှန်ချမ်းသာတဲ့လူတွေလဲ ရှိကြပါတယ်။သူတို့ဟာ တိုင်းပြည်အုပ်ချုပ်သူမဖြစ်ရင် ဓားပြတိုက်ပြီး မတရား သဖြင့် ချမ်းသာလာလဲ သူတို့ကိုစိတ်မဝင်စားကြပါဘူး။ ဒါပေမယ့် အစိုးရအဖွဲ့ရဲ့ ကြီးမားတဲ့နေရာမှာ ပါတော့မယ်ဆိုရင်တော့ လူတစ်ယောက်ရဲ့ ကျင့်ဝတ်စံ၊ တန်ဖိုးနဲ့ ယုံကြည်မှု values, ethics and believes တွေဟာ အရေးကြီးလာပါမယ်။ဥပမာ နှင်းဆီကျော်မြင့်ချမ်းသာလာတာဟာ အခြားလူပိုက်ဆံတွေကို လိမ်ခဲ့တာပါ။

နိုင်ငံရေးသမားဟာ အဘတသူ၊ အဘအကျိုးလိုလားသူ၊ မိမိအကျိုးအတွက် အဘနဲ့ လက်တွဲလိုသူဆိုရင်တော့ သတိထားရမှာပါ။ ဒါမျိုစိတ်ထားသမားတွေက နေရာကြီးတွေရနေရင် ဒေါက်တာလဲ့လဲ့မော်အဖြစ်ဟာ သနားစရာကောင်းသွားမှာပါ။

ဒါဆို မီဒီယာတွေက ဘာလို့လော်နေလဲ? စာရေးသူအနေနဲ့ အဆိုပါ မီဒီယာကလူအချို့နဲ့ အဆိုပါလူရဲ့အပေးအယူကိစ္စတွေသိထားပါတယ်။ ဒီနေရာကတော့ ရေးရမယ့်နေရာမဟုတ်လို့ မတင်သေးပါ။သက်ဆိုင်သူလူကြီးထံ အရင်တိုးတိုးလေးပို့ပါမယ်။ ပြီးလို့ ဆက်တိုးရင်တော့ ချပြပါ့မယ်။

ယခုရေးပြတာက ကမ္ဘာပေါ်က သူဌေးများအကြောင်းကို ဗဟုသုတအနေနဲ့သာ ရေးပြတာပါ။ ဒီနေရာမှာ Jack Ma တို့ Bill Gates တို့ Steve Jobs တို့၊ Elon Musk တို့၊ Mark Zuckerberg တို့ Jack Dorsey တို့ဘယ်လိုချမ်းသာခဲ့သလဲဆိုတာကိုတောင် သူတို့ဟာ နိုင်ငံရေးရာထူးကို ဝင်ပြိုင်ရင် သူတို့သတင်းသမားတွေက နောက်ကြောင်းလိုက်ကြမှာပါ။ ထရမ့်အလိုက်ခံရသလိုပေါ့။

ဒါတွေက ဗဟုသုတအဖြစ် ပြောပြတာပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
တေဇဆန်းဘာလုပ်ပေးနိုင်လဲ

ဒီရက်ပိုင်းမှာ စရဖတွေက မင်းမော်ကွန်းနဲ့ တေဇဆန်းထောက်ခံသူတွေဖြစ်သွားကြပြီ။ တေဇဆန်းအနေနဲ့ မိမိ မန္တလေးဖြစ်မြောက်အောင် လုပ်ပြလိုက်ပါ။...

 
 
 

2 comentarios


Albert Wint
Albert Wint
21 nov 2020

ကျေးဇူးအထူးပါ

Me gusta

Aung Kyaw
Aung Kyaw
20 nov 2020

မြန်မာပြည်မှာ အမှားအမှန် အငကာင်းအဆိုး အကြောင်းအကျိုးကိုခွဲခြားတတ်သူကို %နဲ့ခွဲခြမ်းစိတ်ဖြာကြည့်ရင်အလွန်းနည်းပါတယ် ခုခေတ်မှာ လူအများစုသ ဖုန်းထဲကနေသတင်းတွေကြည့်ပီးမိမိအသိဥာဏ်ဖြင့် မှန်၏ မမှန်၏ မစဉ်းစားပဲမျက်စေ့မှိတ်ယုံကြည်တတ်တာက အကိုပြောသလို သတင်းသမားတွေအကြိုက်ဖြစ်နေတာပါ အသုံးချခံ media တွေကို အရေးယူသင့်ပါပီ ။ မသိနားမလည်သောပြည်သူတွေကို ဝါဒဖြန့်မှိုင်းတိုက်တာတွေရပ်တန့်စေချင်တာပါ

Me gusta
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page