top of page
Search
စီးပွားရေးကအရှိန်နဲ့တက်လာပြီ
Unicode version
စီးပွားရေးကအရှိန်နဲ့တက်လာပြီ
မြန်မာပြည်ရဲ့စီးပွားရေးဟာတရုတ်-အမေရိကန်ကုန်သွယ်ရေးစစ်ပွဲ၊ဘင်္ဂါလီကိစ္စတွေနဲ့ဒီမိုအစိုးရကိုဒုက္ခရောက်အောင်လုပ်ထားတဲ့ကြားက ပြီးခဲ့တဲ့ ခြောက်လ၂၀၁၉ဇွန်လအထိမှာနှစ်ဆတိုးလာတယ်လို့Nikkei Asian Review ကရေးထားပါတယ်။
နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဟာရ၉%အထိပြီးခဲ့တဲ့ခြောက်လမှာတိုးတက်လာခဲ့ပါတယ်။ စုစုပေါင်းရင်းနှီးမြုပ်နှံမှုဟာဒေါ်လာ၂.၃၅ဘီလီယံအထိရှိလာခဲ့ပါတယ်။အများစုကတော့တရုတ်နဲ့စင်ကာပူပါ။ဒီတိုးတက်မှုဟာ၂၀၁၉နှစ်ကုန်နောက်ခြောက်လမှာလဲယခုလိုဆက်တိုးတက်မယ်လို့ဆိုထားပါတယ်။ရင်းနှီးမြူပ်နှံမှုတွေဟာအာမခံလုပ်ငန်းနဲ့ကားတပ်ဆင်ရေးလုပ်ငန်းတွေမှာဆက်လာမယ်လို့လဲခန့်မှန်းထားပါတယ်။
ယခုလိုသာ၂၀၂၀မှာဆက်ပြီးတိုးတက်နေရင်တော့ဖွတ်တွေအတွက်မလွယ်ပါ။
ဒါဟာဘစိန်လက်ထက်ကလိုဘိန်းစီးပွားရေး၊သယံဇာတထုတ်ရောင်းတဲ့စီးပွားရေးမဟုတ်ပါ။ခရိုနီတွေအိမ်၊မြေကိုစျေးတင်ရောင်းတဲ့ရိုက်စားစီးပွားရေးမဟုတ်ပါ။
ဘာကွာလဲဆိုတော့ဉာဏ်ရှိတာနဲ့မရှိတာကွာတာပါ။စေတနာကွာတယ်လို့ပြောလဲရပါတယ်။
အဘတို့ကလဲအမကြောင့်တိုင်းပြည်စီးပွားဆက်လာတာသိလို့ဦးဦးဖျားဖျားဘတ်ဂျက်တိုးတောင်းလိုက်ပါပြီ။ကျပ်ဘီလီယံ၁၀၀၀ပါ။
ဒါကစီမံခန့်ခွဲမှုနဲ့အုပ်ချုပ်မှုကောင်းတဲ့အစိုးရအောက်မှာတပ်ကလဲဘတ်ဂျက်တွေအများကြီးတောင်းနိုင်လိုက်တာပါ။ရေမြင့်လေကြာတင့်လေဆိုသလိုပေါ့။ဒီတွေကိုပြည်သူ့အစိုးရကသာစာရင်းစစ်နိုင်လိုက်ရင်တပ်သားလေးတွေလဲယခုထက်ဝမ်းဝမှာပါ။ယခုထက်အောက်ခြေစစ်သားလေးတွေပိုအဆင်ပြေချင်ရင်ဒီမိုအစိုးရကိုမဲပေးဖို့မမေ့ပါနဲ့။ခြေဥပြင်လို့စာရင်းစစ်နိုင်ရင်ပေးကားပေး၏မရအဖြစ်အပျက်ကနေလွတ်မြောက်လာမှာပါ။Rolex တွေကတပ်ရိက္ခာဖြစ်လာမှာပါ။
Source : Nikkei Asian Review
Recent Posts
See All
ခွေးဖြစ်ချင်ရင်ထွက်
ဒီနေ့ ၂၈ ရက်မှာ မိမိအသက်ကို တန်ဖိုးထားရင် အပြင်မထွက်ပါနဲ့။ ခွေးကောက်ပွဲကိုသွားရင် သင်ပါ ခွေးဖြစ်သွားမှာပါ။ ခွေးကောက်ပွဲကို နန်းသွားရင် နန်းလဲ ခွေးဖြစ်သွားမှာပါ။ မိမိအသက်ကို မန္တလေးကအစ ရန်ကုန်အထိ တန်ဖိ
နေရာစုံ
ဒီနေ့ နေရာစုံမှာ အတိုက်ခံရပြီး အသေများတယ်။ ယခုတပ်ချုပ်သစ်လေးကောင်းတာက အောက်ကကောင်တွေက သေရင် တင်ပြတာ ပိုမြန်လာတယ်။ အကောင်ကြီးထိရင် အထက်အထိသတင်းတက်တာ ပိုမြန်လာတာပါဘဲ။ ရွေးကောက်ပွဲမှာ လာတိုက်မယ်လို့ မထင်
SRA က အနိုင် အရှုံးကို ဆုံးဖြတ်ပေးမှာလား?
ယခုရက်ပိုင်း SRA ဖွဲ့လိုက်တာကို သတင်းသမားများက ဦးစားပေး မြှောက်ထိုးပင့်ကော် တင်ပေးသလို တတိယအုပ်စု၊ စစ်ခွေးအုပ်စု၊ ဘောမအုပ်စု၊ သခင်ကြီးလော်ဘီတွေကလဲ တက်ညီလက်ညီ လော်ကြတာ တွေ့ရပါတယ်။ ပထမအဆင့်ကတော့ SRA ဖွဲ
Comments
Join my mailing list
Thanks for submitting!
© 2023 by The Book Lover. Proudly created with Wix.com
bottom of page