top of page
Search

ကိုဗစ်က ရိုက်ချိုးလိုက်သော အဘအိပ်မက်

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 2, 2020
  • 1 min read

ကိုဗစ်ဖြစ်ချိန်မှာ ရောဂါဖြစ်သူများလို့ ထိန်းမနိုင်သိမ်းမရဖြစ်ရင် အဘဂွင်ပါ။ စက်ကြီးကလဲ နှစ်လုံးတောင်မှပါ။ ဒါပေမယ့် ပထမလှိုင်းကတော့ ပြီးသွားခဲ့ပါပြီ။

ဒုတိယလှိုင်းက ယခုပြန်ဝင်လာသူတွေကနေ နောက်တစ်လမှာ ဘာဖြစ်မလဲ ကြည့်ရပါမယ်။ စာရေးသူအမြင်ကတော့ ဒုတိယလှိုင်းမရှိနိုင်လောက်ပါ။ ဘာလို့လဲဆိုတော့ ထိုင်းနဲ့တရုတ်က ပြန်လာသူတွေဟာရောဂါရှိရင် ယခုထဲက လက္ခဏာပြနေလောက်ပါပြီ။ ထိုင်းမှာ ရောဂါဖြစ်သူများတာက မြန်မာထက်စောခဲ့လို့ပါ။

နောက်မထင်မှတ်ဘဲ ရိက္ခာဝေတာ အခွန်လျှော့တာ၊ သက်ကြီးရွယ်အိုတွေကို ငွေထောက်ပံ့တာတွေကြောင့် NLD အစိုးရဟာ ပြည်သူတွေက ယခင်ကထက် ပိုအသိအမှတ်ပြုလာပါတယ်။

ကိုဗစ်မှာ အဘကို ရိုက်ချိုးလိုက်တာက အတိုင်ပင်ခံ DASSK က Facebook သုံးလိုက်တာပါ။ သူမကိုပြည်သူအများက နဂိုကထဲက ချစ်ခင်ကြပါတယ်။ ယခုတော့ Facebook ပေါ်ကနေ အောက်ခြေနဲ့ထိတွေ့ပြောဆိုတာတွေကို ပြည်သူတွေက ကြားရချိန်မှာ ယခင်က မဲထွက်ပေးဖို့ မသေချာတဲ့လူတွေတောင်မေမေ မေမေ ဖြစ်လာခဲ့ပါတယ်။ သူမနောက်လိုက်ကလဲ သန်းချီရှိလို့ အဘအတွက် အိပ်မက်ထဲတောင်မတွေ့နိုင်တဲ့ နောက်လိုက်အရေအတွက်ပါ။ ဒါက ၂၀၂၀ အဘအိပ်မက်ကို လုံးဝ အဆုံးသတ်စေခဲ့ပါတယ်။ Game changer ပါ။

နံနံပင်တို့ကတော့ ရွေးကောက်ပွဲနေ့ မေးမှာပါ။ လူရှိန်အောင်ပေါ့။ ဒါပေမယ့် နံနံပင်တို့ NLD ကို တရားမျှတစွာနိုင်ဖို့ကတော့ နောက်ဘဝက စောင့်နေရပါလိမ့်မယ်။

 
 
 

Recent Posts

See All
ယူကရိန်းမှာ ပြောသော ဘာလို့ ငါတို့ PRF ကို ထောက်ပံ့ရမလဲ

မေလ ၂၅၊ ၂၀၂၅ ရက်တွင် ရုရှားဟာ ယူကရိန်းကို ဒရုန်းပေါင်း ၃၅၅ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမှာ လူ ၃၀ သေဆုံးပြီး၊ ၁၇၀ နီးပါး...

 
 
 

1 comentario


U Myint Soe Oo
U Myint Soe Oo
02 may 2020

ဦးမြတ်! ချစ်ခြင်းဖြင့် #သိင်္ဂါရရသ#ကို ဖွဲ့သီ စံနှုန်းအားဖြင့် ပြင်ပြင်ပီ ဖြစ်တည်လာရသည်က အံ့သြခြင်းရသ နောက်ဆက်တွဲက စီစီရီရီ ကောင်းကျိုးမှာ အလီလီ။ အဖြေဟာ ကောင်းမှု အကြောင်းပြုလေတော့ တန်ခူးမှာ ရေကုန် ကဆုန်မှာ ရေခမ်းပေမယ့် မျှော်နေကြလို့ #မေတ္တာနဲ့ပြိုင်ရွာပြီကွဲ့မိုး#။

Me gusta
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page