top of page
Search

ကွီးဖြိုးကိုဘာလို့ဖွတ်တွေကြောက်

Writer: Myat Tun Oo
Myat Tun Oo
Sep 1, 2019
1 min read

ကွီးဖြိုးကိုဘာလို့ဖွတ်တွေကြောက်

ယခုတလောတိုက်ပွဲတွေဖြစ်နေတယ်။ဒါကလဲကွီးဖြိုးကကာချုပ်မဟုတ်လို့ဖွတ်တွေကဖောင်းထုလို့မရ။သူကသတင်းစာရှင်းလင်းပွဲနှစ်ခါလုပ်တယ်။ပထမကကျူးအတွက်အိမ်နေရာစီစဉ်ပေးမယ်လို့ပြောတယ်။ဒါကလဲအစိုးရအတွက်ကောင်းတဲ့နာမည်ရစေတဲ့စီမံချက်ပါ။ဒါကြောင့်သတင်းသမားတွေကသိပ်မပြောကြဘူး။နောက်အငြိမ်းစားတွေအတွက်စီမံကိန်းတွေ၊မြေမရှိသူတွေအတွက်မြေရောင်းမှာတွေ။အကုန်လုံးကလမ်းကြောင်းမှန်နေတယ်။ယခုဗဟိုအစိုးရကခရိုနီတွေကိုကြွေးဆပ်ခိုင်းနေချိန်မှာကွီးကအသေးစားနဲ့အလယ်အလတ်စားလုပ်ငန်းရှင်တွေကိုချေးငွေထုတ်ပေးမယ်လို့ပြောလိုက်တယ်။ဒါဟာတိုင်းပြည်မှာတကယ်လိုအပ်နေတဲ့ခရိုနီမဟုတ်တဲ့လုပ်ငန်းရှင်တွေအတွက်သတင်းကောင်းပါ။အစိုးရဆိုတာစီးပွားရေးသမားကိုအားပေးရမှာပါ။ခရိုနီကိုတော့ခရိုနီလိုဆက်ဆံရမှာပါ။

ဒါနဲ့ဘာမှဖောင်းထုလို့မရတော့ကွီးဖြိုးကလူရွှင်တော်တွေကိုခေါ်သတိပေးတယ်ဆိုပြီးအကောင့်တုတွေကနေလုပ်ကြံပါတယ်။ရည်ရွယ်ချက်ကယခုတလောပြည်သူတွေကိုလှည့်ပတ်တရားစွဲနေတာကဟိုအဖွဲ့တစ်ခုထဲသာဖြစ်နေလို့ကွီးဖြိုးကိုထင်ယောင်ထင်မှားဖြစ်အောင်လုပ်တာပါ။ဒီနေရာမှာလူရွှင်တော်ရဲ့ပျက်လုံးကဖောင်းပေမယ့်ကွီးကဒီလောက်နဲ့မလုပ်တာသိပြီးသားပါ။နောက်ပိုင်းလူရွှင်တော်တွေကသူတို့ကိုဘာမှမပြောပါလို့ပြောလိုက်တော့ပြီးသွားပါတယ်။ဒါကဘာကိုပြသလဲဆိုတော့တစ်ဖက်အဖွဲ့ရဲ့ဒီမိုအစိုးရနဲ့ကွီးဖြိုးကိုစနစ်တကျစဉ်ဆက်မပြတ်တိုက်ခိုက်နေတာကိုပါ။

မြေတွေကိုစီမံချက်အတိုင်းသာတကယ်နေမယ့်သူတွေကိုရောင်းလိုက်ပါ။ခရိုနီနဲ့မြေအများကြီးကိုင်ထားတဲ့အဖွဲ့တွေပြိုဆင်းလာပါလိမ့်မယ်။ကွီးဖြိုးကအဘတွေ 1962 ထဲကမလုပ်နိုင်ခဲ့တာကိုလုပ်ပြနေလို့သူတို့သွေးပျက်မယ်ဆိုလဲပျက်လောက်ပါတယ်။ယခုနောက်ဆုံးအကွက်ကဖွတ်နဲ့ခရိုနီတွေရဲ့အရိှုက်ကိုအထိုးခံရသလိုဖြစ်လို့ကွီးကိုကြောက်နေပါတယ်လို့ပြောပါရစေ။ဒါကြောင့်သွေးရူးသွေးတန်းနဲ့လူပြက်အကွက်ကိုသုံးလာတာပါ။မြေစျေးကျရင်တောင်တစ်တောင်ကိုကျော်နိုင်ပါပြီ။

 
 
 

Recent Posts

See All
PRF ကိစ္စ

PRF ကိစ္စလေးပြောချင်တယ်။ အားလုံးသိတဲ့အတိုင်း PRF ကိုမလှူအောင် အဖွဲ့ခွဲထောင်တာ၊ အဖွဲ့ခွဲ အလှူခံတာ၊ NUG သိက္ခာကျအောင်လုပ်တာ စတာတွေနဲ့ မျိုးစုံလုပ်ခဲ့တာ အားလုံးသိမှာပါ။ PRF ဟာ စရဖအတွက် ထိုးဖောက်ရအခက်ဆုံး

 
 
 
သတိရှိ

အားလုံးသတိရှိပါ။ မလိုအပ်ဘဲ ဖုန်းမသုံးပါနဲ့။ မိမိနေရာကို ကိုယ့်မိန်းမတောင် ပေးမသိပါနဲ့။ သတင်းသမားကိုလဲ မြေပြင်ကနေ ဖုန်းမဖြေပါနဲ့။ စစ်ရေးသတင်းဟာ လျှို့ဝှက်ရသလို မိမိကိုယ်ထိရင်တောင် ချက်ခြင်းလိုင်းပေါ် ထ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page