top of page
Search

ကိုစောချစ်သူသိစေရန်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 21, 2024
  • 1 min read

ree

စာရေးသူဟာ ယခင်အာဏာမသိမ်းခင်ကထဲက အမေစုနဲ့ ကွီးဖြိုးထောက်ခံခဲ့သူပါ။ အာဏာသိမ်းအပြီးမှာ NUG ထောက်ခံသူပါ။ NUG ထောက်ခံတယ်ဆိုတာထက် ပြည်သူ့ကိုယ်စားလှယ်တွေကို ထောက်ခံသူပါ။ ပြည်သူကမရွေးတဲ့ သုံးယောက်တစ်ဖွဲ့များကို မထောက်ခံပါ။ နိုင်ငံခြား အထောက်အပံ့ခံဖွဲ့ဆိုလဲ မကြိုက်သူပါ။ စာရေးသူက အထဲမှာ စာရေးသူထောက်ခံသူ‌အတွက် နေနေပါသေးတယ်။

ကိုးကန့်မှာ ကိုစောချစ်သူလိုအဖွဲ့ကို မအလက ထိုးကျွေးခဲ့တာ ကိုစောသိမှာပါ။ ကိုစောကိုဖမ်းဆီးနှိမ်နင်းဖို့ ထိုင်းက မအလကို လာပြောခဲ့ပါတယ်။ ကိုစောက BGF ကနေ KNA ပြောင်းလိုက်တာက ပထမဆုံး မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါ။ ကိုစောအနေနဲ့ မအလနဲ့လဲ မပူးပေါင်း KNU နဲ့လဲ မပူးပေါင်းဘဲ ကြားနေလို့ရမယ်လို့ ထင်ထားတာက အင်မတန်မှ သီအိုရီအရ ကောင်းပါတယ်။ ဒါက လက်တွေ့ဖြစ်နိုင်မလား?

ယခု မအလက မြဝတီကို မရ ရတဲ့နည်းနဲ့သိမ်းဖို့ ပြင်နေပါတယ်။ PDF နဲ့ KNLA က လမ်းက အသက်သွေးချွေးတွေ ပေးဆပ်ပြီး ဖြတ်တိုက်နေပါတယ်။ ဒီ‌နေရာမှာ ကိုစောတွေးစရာလေးတွေပြောပြချင်ပါတယ်။ ပထမဆုံးက ကိုစောအောက်က အဖွဲ့တိုင်းက ကိုစောနောက်ကို မလိုက်ချင်တာ ကိုစောသိမှာပါ။ အချို့က တပ်ခန့်မိုလို့ မအလဘော ဆက်မလိုသူအချို့လဲ ကိုစောကို ဖြုတ်ချဖို့ စရဖကတဆင့် စီစဉ်နေပါတယ်။ အချို့က မဘသဘုန်းကြီးတွေစကား နားယောင်သူနွားများလဲ ရှိပါတယ်။ သူတို့က ဘောမများနဲ့ ပူးပေါင်းမှာပါ။

ဒါဆိုရင် ကိုစောဘာဆက်လုပ်သင့်လဲ? ကိုစောရဲ့ စီးပွားရေးဆိုင်ရာမြို့တွေကို မအလက ဒီကိစ္စပြီးရင် ကိုင်မှာပါ။ မအလသာ ဒေါနတောင်တန်းအပြီး မြဝတီကိုရခဲ့ရင် ကိုစောကို အတွင်းအပြင် ညှပ်တိုက်မှာပါ။ သူက ဗုံးကြဲ အမြောက်နဲ့ထုပြပြီး ကိုစောကို ဘောမနဲ့ မဘသက ကိုစောကြောင့် ဗုံးကြဲခံရတာဆိုပြီး ပြန်ဖြုတ်တာ ဖမ်းတာတွေ လုပ်မှာပါ။ ကိုစောက ယခုအချိန်မှာ KNLA/PDF နဲ့ ပူးပေါင်းမတိုက်ခဲ့ရင် ကိုစောကိုလဲ သူတို့က လာကယ်မှာမဟုတ်ပါ။ ဒါကြောင့် ရန်သူက နှစ်ဖက်ဖြစ်သွားမှာပါ။ ဒါကြောင့် ကိုစော‌အနေနဲ့ ယခုအချိန်မှာ ပထမအဆင့် မအလနဲ့ မပူးပေါင်းတာတင်မဟုတ်ဘဲ KNLA နဲ့ မဟာဗျူဟာအရ ပူးတွဲပြီး တိုက်ပေးရင်တော့ အနာဂတ်အတွက် အင်မတန်ကောင်းပါမယ်လို့ ပြောပါရစေ။ အကယ်၍ KNLA နဲ့ မပူးပေါင်းနိုင်သေးရင်တောင် NUG/PDF နဲ့ ပူးပေါင်းပေးပါ။ ကိုစောအနေနဲ့ ကြားနေလိုပေမယ့် ကြားနေတာက အဖြေမဟုတ်ပါလို့ အကြံပေးပါရစေ။ မြို့သစ်တွေ ဗုံးကြဲမှာစိုးလို့ ကြားနေတာဆိုရင် သူက ဗုံးကြဲမှာပါ။ မေးခွန်းက ကိုစောပြည်သူနဲ့ပေါင်းပြီး အကြဲခံမလား ပြည်သူမပါဘဲ အကြဲခံမလားဆိုတာပါ။ အချိန်မှီ ပြည်သူ့ဘက်က ပြတ်ပြတ်သားသား ရပ်တည်နိုင်ပါစေ။

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page