top of page
Search

အရပ်သားအောက်က စစ်တပ်ဖြစ်ဖို့

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 30, 2023
  • 1 min read

ဒီမိုနိုင်ငံတွေမှာ ရွေးကောက်ခံအမတ်က ဝန်ကြီးလုပ်သလို အမေရိကန်လိုနိုင်ငံမှာ ရွေးကောက်ခံသမ္မတက ဝန်ကြီးကိုခန့်ပါတယ်။ သူတို့ဟာ နိုင်ငံရေးရာထူးပါ။ ကာကွယ်ရေးဝန်ကြီးက စစ်သားဖြစ်ခဲ့စရာမလိုသလို ကျန်းမာရေးဝန်ကြီးက ဆရာဝန်ဖြစ်ခဲ့စရာမလိုပါ။

စာရေးသူတို့တိုင်းပြည်မှာက စစ်တပ်အုပ်ချုပ်မှုအောက်အနေကြာလာလို့ မအလက ဝန်ကြီးချုပ်လုပ်တာ သိန်းစိန်က သမ္မတလုပ်ရင် စစ်သားနဲ့ ခွဲဖို့ခက်သွားတတ်ပါတယ်။

ယခု NUG ဝန်ကြီးတွေက စစ်မြေပြင်မထွက်ရင် မထွက်လို့ဝေဖန်ကြသလို NUG ဝန်ကြီးတွေက မြေပြင်ဆင်းတော့လဲ ကိုလွင်ကိုလတ်ကို သတိဆွဲတာ ဘာဖြစ်တယ် အောက်ကရဲဘော်က အလေးပြုတာ ဘာဖြစ်တယ်ဆိုပြီး ကြံဖန်ဝေဖန်ကြတာ တွေ့ရပါတယ်။ ရဲဘော်ကလဲ မနေ့ကကျောင်းသားဘဝကနေ လက်နက်ကိုင်ရလို့ သတိဆွဲတာ ဘာညာ အမှားရှိမှာပါ။

ဒါပေမယ့် အရပ်သားဝန်ကြီးကိုဝေဖန်တာကိုတော့ ဗဟုသုတအနေနဲ့ ပြောပြလိုပါတယ်။ အမေရိကန် လက်ရှိကာကွယ်ရေးဝန်ကြီး Lloyd Austin က သူ့တပ်နဲ့တွေ့ရာမှာ ပုံမှန်သာ အရပ်သားက အလေးပြုသလို အလေးပြုပြီး ကာချုပ်သမ္မတဘိုင်ဒန်ကလဲ ထို့အတူပါဘဲ။ သူဆိုချော်မလဲအောင်တောင် ဂရုစိုက်နေရတာပါ။ တရုတ်သမ္မတချီ အမေရိကန်သွားလည်ချိန် အလေးပြုရာမှာလဲ သူကအရပ်သားမိုလို့ စစ်စည်းကမ်းအတိုင်း ပြန်အလေးပြုစရာမလိုပါ။

ထို့အတူ အစ္စရေးဝန်ကြီးချုပ်၊ အင်္ဂလိပ်ဝန်ကြီးချုပ်တွေ သူတို့စစ်တပ်နဲ့တွေ့ရာမှာလဲ သာမန်သဘောသာ အလေးပြုပါတယ်။

ဘာကြောင့် အရပ်သားတွေက ဝန်ကြီးလုပ်ပြီး စစ်ဖက် အရပ်ဖက်ခွဲထားပါသလဲ? အစ္စရေးမှာ ဟားမတ်ကိုပြန်တိုက်ဖို့ ပြင်ခဲ့ပေမယ့် တကယ်ပြန်တိုက်တာက နောက်ကျပါတယ်။ ဒါပေမယ့်တပ်တွေဟာ ဝန်ကြီးချုပ်ထံက နိုင်ငံရေးဆုံးဖြတ်ချက်ကို စောင့်ရပါတယ်။ ဝန်ကြီးချုပ်နတန်ရာဟူးက သူ့မဟာမိတ်တွေပြောတာနားထောင် စစ်ပြင်ထားတဲ့ ဗျူဟာတွေကို နားထောင်ပြီးမှ နိုင်ငံရေးဆုံးဖြတ်ချက် ချပေးတာပါ။ သူ့တပ်တွေနဲ့ သွားတွေ့ချိန်မှာ ဘာမှစစ်စည်းကမ်းအရ အလေးပြန်မပြုပါ။

ဒီနေရာမှာ NUG အရပ်သားဝန်ကြီးက နတန်ရာဟူးထက်ပိုပြီး ရန်သူ့နယ်မြေထဲက တပ်တွေကို အားပေးစကားပြော မြေပြင်ကအသံတွေကို နားထောင်တာပါ။ ယခုလဲကာဝန်က စစ်မြေပြင်ဆေးရုံမှာ အားပေးစကားတွေပြောနေပါပြီ။ သူတို့က ဗျူဟာမှူးမဟုတ် တိုင်းမှူးမဟုတ်ဘဲ သူလုပ်ရမယ့် နိုင်ငံရေးအလုပ်ကို သွားလုပ်တာပါ။

ဒါကိုစာရေးသူပြောပြရတာက မိမိအချင်းချင်း ထောက်ပြဝေဖန်တာမှန်ပေမယ့် ရန်သူက ငါတို့အဘ မအလက ဝန်ကြီးချုပ်ဖြစ်ပြီး အလေးပြုတာလေးကလဲ စစ်စည်းကမ်းနဲ့ညီတယ်ဆိုပြီး ဂုဏ်ဆာပြမှာစိုးလို့ပါ။ နောက်တတိယအင်အားစုကလဲ ဝင်အာခြောင်မှာစိုးလို့ပါ။ တိုင်းပြည်မှာ မိမိနေရာ မိမိမနေလို့ တိုင်းပြည်ပျက်နေတာ သတိရဖို့ပါ။ နိုင်ငံရေးသမားက ကာကွယ်ရေးဝန်ကြီး၊ ကျန်းမာရေးဝန်ကြီး အကုန်ဖြစ်နိုင်ပြီး သူကပြည်သူကတောင်းဆိုတာကို လုပ်မှာပါလို့ ပြောပါရစေ။ သူက အလေးပြုတတ်စရာမလိုပါဘူး။ စစ်သားကသာ အလေးပြုတတ်ပြီး စစ်တိုက်တတ်ရမှာပါ။ စစ်သားက ငါအကုန်သိ ငါအကုန်တတ်ဆိုတဲ့ တိုင်းပြည်မှာ မိမိနဲ့မဆိုင်တဲ့ နိုင်ငံရေးဝင်လုပ်ရင်တော့ အဲ့ဒီတိုင်းပြည်ပျက်ပါမယ်။ ထို့အတူ တပ်ချုပ်က နိုင်ငံရေးလုပ်လိုတဲ့ တော်လှန်ရေးအဖွဲ့တွေများရင်လဲ အဲ့ဒီတော်လှန်ရေး ပျက်ပါမယ်လို့ ပြောပါရစေ။

ယခုကာဝန်ကတော့ မြေပြင်ဆင်းပြီး အားပေးစကားပြောကာ သူ့အလုပ် သူလုပ်သွားပါပြီ။ စစ်တပ်က ရွေးကောက်ခံ နိုင်ငံရေးသမားအောက်နေတတ်အောင် လပ်ဆောင်နေကြပါစေ။ ဒါမှ တော်လှန်ရေးကလဲ အောင်မှာပါ။ မဟုတ်ရင် တပ်ချုပ်မအလကို နောက်တပ်ချုပ်ပွဲစားနဲ့ အစားထိုးသလိုသာဖြစ်ပါလိမ့်မယ်။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

4 Comments


Maung Chit Khaing
Maung Chit Khaing
Dec 31, 2023

တပ်တွေဟာ နိုင်ငံရေးဆုံးဖြတ်ချက်ကို စောင့်ရပါတယ်။

ဗကပတုန်းက တပ်ဖွဲ့တွေ နိုင်ငံရေးမှူးနဲ့ တွဲထားတယ်။ တပ်မှူး အထက်မှာ နိုင်ငံရေးမှူး ရှိတယ်။

Edited
Like

Scarlet Scarlet
Scarlet Scarlet
Dec 30, 2023

ဆရာမြတ်​ရေ...

ပွဲစားပါ ဆိုမှ...

ဟိုဘက်လှည့်လိမ် စား...

ဒီဘက်လှည့် လိမ် စား ​ပေါ့...

နိုင်ငံ​ရေးအသိ ဘာသိမှာ မှတ်လို့...

တိုင်းပြည်အုပ်ချုပ်နိုင်တဲ့အသိ...

ဘာရှိမှာ မှတ်လို့....

အဲလို ဂလယ် အူ​ကြောင် ကို...

ဝိုင်းမ, ​နေတဲ့...⚽️ သ, ​တွေက...

ပိုပြီး ဘာအသိမှ မရှိတာ...

မြင်သာ​နေတာ​ပေါ့...

သူတို့က, ဘဲ NUG ကို...

​ဝေဘင်ရတယ် ရှိ​သေးတယ်...

Like
Scarlet Scarlet
Scarlet Scarlet
Jan 14, 2024
Replying to

လိမ်, ညာ စား​နေ တာ...

ဘာ mission မှ မရှိဘဲ...

live ပဲ လွှင့်​နေတာ အံ့ဩ လို့ပါ...

​မျက်စိမှိတ် ​ထောက်ခံ​နေသူ​တွေ

ရှိ​နေ​တော့လဲ...

​မြောက်​နေတာ မဆန်းဘူး​ပေါ့...

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page