top of page
Search

အဘရွေးစရာလမ်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 17, 2023
  • 1 min read

တပ်ထဲမှာလဲဆူ နေရာတိုင်းမှာဆူ။ သူ့ကိုတင်ပြသူတွေကတော့ဘယ်လို လိုင်ဇာကိုသိမ်းမှာ ဘယ်လို ဝ မြို့ကိုသိမ်းမှာ မြေပြင်မှာတော့ နေပြည်တော်တောင် မဝင်ရင် ကံကောင်းပါ။ ဖြုတ်တာလဲဖြုတ်ဘဲ။ ဗိုလ်ချုပ်အဆင့်၊ ဗိုလ်မှူးချုပ်အဆင့်၊ ဗိုလ်မှူးကြီးအဆင့်က ဖောင်းပွနေလို့ သူတို့ပြုတ်တာက ဘာမှမထူးပေမယ့် ရှေ့တန်းအထွက်မှာ သေနိုင်သူတွေကတော့ ထူးလာနေပါပြီ။ အဘက သူကိုးကန့်ကို တိုက်လာသလို လိုင်ဇာကို ရဟတ်ယာဉ်ပေါ်က ဘယ်လိုဆင်းဘယ်လိုသိမ်းပြောနေပေမယ့် မြေပြင်မှာက တစ်လက်မရှေ့တိုးဖို့တောင် မလွယ်ပါ။ ဒါကစာရွက်ပေါ်တင်ပြတာနဲ့ လက်တွေ့ကွာနေတာပါ။ နေပြည်တော်နားရောက်လာတာကို အဘက ခေတ်သစ်ကတဆင့်သိပြီး ဘိုမသံတောင်အနားကို ရှင်းဖို့ မရှင်းနိုင်ရင်တိုင်းမှူးပြောင်းဖို့အထိပါ စီစဉ်နေပါပြီ။ ပြဿနာက အဘကိုသစ္စာခံသူများသာနေပြည်တော်မှာနေရလို့ သစ္စာကိုရွေးမလား အသေခံမလား အဘရွေးရတော့မှာပါ။ ယခုကတော့ အဘက အားကုန်သုံးပြီး စစ်ဆင်ရေးတွေလုပ်နေပါပြီ။ အတွင်းက ဟောင်းလောင်းပါ။ စာတွေ့နဲ့ လက်တွေ့ကကွာနေပါတယ်။ ဒါကို အသုံးချနိုင်ရင်တော့ ….

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page