top of page
Search

အဘဘာတွေပြင်နေလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 1, 2023
  • 1 min read

ယခုရက်ပိုင်းအထဲမှာက ဖုန်းရော ဘာရော ဘယ်အဆင့်မှ ပေးမကိုင်ပါဘူး။ အပြင်ထွက်ခွင့်ရသူကတော့ တမျိုးပေါ့။ အကြောင်းက အတွင်းသတင်းပေါက်မှာရယ် အတွင်းကလူတွေ အပြင်သတင်းနားထောင်ပြီး အစုလိုက်အပြုံလိုက် လက်နက်ချမှာကိုတားဖို့အတွက်ပါ။ အများကြီး မရေးနိုင်ပေမယ့် KIA အနေနဲ့ လေကြောင်းရန်ကို ယခုထက်ပိုပြင်ထားပါ။ လေထီးနဲ့ဆင်းတိုက် ရဟတ်ယာဉ်နဲ့ ဆင်းတိုက်တာတွေကို ခုခံနိုင်အောင်လုပ်ထားပါ။ UWSA ဌာနချုပ်လဲ KIA လို ပြင်ထားပါ။ UWSA မှာရှိတဲ့ လေယာဉ်ပစ်က SU 30 ပေါ်ကပစ်ရင် ပြန်ပစ်ချမရတာ မမေ့ပါနဲ့။ ရုရှားစစ်အကြံပေးနဲ့ မောင်မောင်အေးတို့ တင်ပြထားတာက KIA ဌာနချုပ်နဲ့ UWSA ဌာနချုပ်ကိုပစ်ရင် တိုက်ရင် ယခုမြောက်ပိုင်းအဖွဲ့တွေ ပြန်ဆုတ်ရမယ် ယခုသိမ်းထားတဲ့မြို့တွေကို လေကြောင်းချီတပ်နဲ့ ပြန်သိမ်းပြီး အောက်ကတပ်တွေက မေမြို့နဲ့ လောက်ကိုင်မှာ အခံချပြီးမှ လားရှိုး၊ လောက်ကိုင်ကို အားဖြည့်ပြီး ပြန်တိုက်မယ်ဆိုတဲ့ ဗျူဟာပါ။ မအလအတွက်က သေရေး ရှင်ရေးပါ။ အထဲမှာဖိအားကလဲ သူ့ကိုထောက်ခံသူထဲမှာတောင် သူ့ကိုစလှောင်နေပါပြီ။ ဟဒီလောက် အတိုက်ခံရတာ လုပ်ရဲပါ့မလားဆိုရင် ဒီလိုပြောပြီး KIA ကိုတိုက်နေတာ အားလုံးအမြင်ပါ။ မအလမှာ မလုပ်ရဲတာ ဘာမှမရှိပါဘူး။ စစ်ပွဲမှာ သူ့ကိုဖိအားလျော့ဖို့က ရန်သူ့ရဲ့ အမိန့်ပေးစနစ် command and control centre ကို တိုက်ရမှာဖြစ်ပြီး ဒါဟာ KIA နဲ့ UWSA လို့ တွက်ထားလို့ပါ။ ကျန်တဲ့ဆောင်းပါးတွေကတော့ ယခုလိုင်းရချိန် ပို့ထားပါတယ်။ တင်ခိုင်းထားသူက အချိန်ကျရင် တင်ပါလိမ့်မယ်။

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

1 Comment


Maung Chit Khaing
Maung Chit Khaing
Nov 02, 2023

ရန်သူ့ရဲ့ အမိန့်ပေးစနစ် က Beijing က / လုပ်ရဲပါ့မလား

Edited
Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page