top of page
Search

ယူကရိန်းနှင့်ပိုလန်မှ ထပ်ပြောသော ဒီမိုများစည်းလုံးကြပါ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 15, 2022
  • 1 min read

ယခုမနက်နိုးလာချိန်မှာ မနေ့က ယူကရိန်းကို ရုရှားက ဒုံးပျံမိုးရွာခဲ့ပါတယ်။ အဲ့ဒီမတိုင်ခင်က ယူကရိန်းက ခါဆန်ကို သိမ်းနိုင်ခဲ့တာပါ။ ဒါက စစ်ရဲ့အတက်အကျတွေပါ။ ဒါကဘာနဲ့တူလဲဆိုတော့ စာရေးသူတို့က မအလတပ်ကို အများကြီးသတ်နိုင်ပေမယ့် မအလတပ်က ရွာတွေကို မီးရှို့တာမျိုး၊ ဗုံးကျဲတာမျိုးနဲ့ သွားဆင်ပါတယ်။ မနေ့ညမှာဘဲ ရုရှားက နေတိုးအဖွဲ့ဝင် ပိုလန်နိုင်ငံထဲကိုတောင် ဒုံးနဲ့ပစ်ခဲ့ပါတယ်။ ပိုလန်ရော နေတိုးရော ထိုဒုံးပျံကို မကာကွယ်နိုင်ခဲ့ပါ။ အမေရိကန်လေတပ်ကို NUG လိုမကာကွယ်နိုင်လို့ ဝိုင်းဆဲမှာလား?

ယူကရိန်းမှာ အိမ်တွေကို ရုရှားဒုံးပျံရန်က မကာကွယ်နိုင်ရကောင်းလားဆိုပြီး တတိယအင်အားစုဆိုပြီးဖင်မယားဘဲ ယူကရိန်းအစိုးရကို ဖောင်းထုမနေပါ။ ယခုက ယူကရိန်းကိုကျော်လွန်ပြီး နေတိုးအဖွဲ့ဝင် ပိုလန်တောင် ရုရှားဒုံပျံကို မကာကွယ်နိုင်ခဲ့တာပါ။ ဒါဟာ စစ်ပွဲတွေရဲ့ လက်တွေ့ဖြစ်ရပ်ပါ။ စစ်ဆိုတာသူသေကိုယ်သေရှိပါတယ်။ ရုရှားလဲ ယူကရိန်းတိုက်တာကို မကာကွယ်နိုင်သလို ယူကရိန်းလဲ ရုရှားတိုက်တာကို မကာကွယ်နိုင်ပါ။ နေတိုးလဲ ပိုလန်ကို မကာကွယ်နိုင်ခဲ့ပါ။

ယခုလို စစ်တပ်အကြီးကြီးနဲ့ အစိုးရတွေ အမေရိကန်က လက်တွေ့ အဆင့်မြင့်လက်နက်တွေ ထောက်ပံ့နေတဲ့ အစိုးရတွေကတောင် လေကြောင်းရန်မကာကွယ်နိုင်ချိန်မှာ ၂၀၂၁ နှစ်လယ်ကမှ လက်နက်ကိုင်တပ်ရှိတဲ့ ကိုယ့်အားကိုယ်ကိုး NUG ကို လေကြောင်းရန်က အလုံးစုံကာကွယ်နိုင်ဖို့ မျှော်လင့်နေတာဟာလက်တွေ့မကျတာကို ထောက်ပြလိုတာပါ။ ထိုအတွက်လဲ လိုင်းပေါ်ကနေ ဆယ်လီအချို့က NUG ကိုဖောင်းထုတာတွေ့ရပါတယ်။ စာရေးသူကတော့ NUG ကို ဖောင်းထုတဲ့ ဆယ်လီဆို ပိုက်ဆံမလှူခိုင်းပါ။

အကျဉ်းချုပ်ရရင် စာရေးသူတို့အားလုံး စည်းလုံးပါ။ အမြင်ကျယ်အောင် လေ့လာပါ။ စစ်သဘောအရသူက ကိုယ့်ရွာကိုမီးရှို့နိုင် ဗုံးကျဲနိုင်ပါတယ်။ ဒီပွဲမှာ တတိယအင်အားစုမရှိပါ။ စာရေးသူတို့က NUG ကို ဝန်းရံပြီး စည်းလုံးညီညွတ်စွာနဲ့  အဖွဲ့မကွဲဘဲ လုပ်စရာရှိတာ လုပ်ရုံပါ။ လှူသူကလဲ အဖွဲ့မကွဲအောင်လှူပါ။ ဒါပါဘဲ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page