top of page
Search

ယူကရိန်းကြောင့် အဘစိုးရိမ်သောအရာ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 27, 2022
  • 1 min read

အပေါ်ယံမှာ ရုရှားက ယူကရိမ်းကျူးကျော်တာကို မအလကထောက်ခံလို့ မအလက မစိုးရိမ်ဘူးလို့ မထင်ပါနဲ့။ မနေ့က ရုရှားက ယူကရိန်းကို ကျူးကျော်အပြီးမှာ တပ်ထဲမှာ အစည်းအဝေးတစ်ခုလုပ်ပါတယ်။ ဆွေးနွေးတာက ယူကရိန်းကြောင့် မြန်မာပြည်ကို ဘာတွေရိုက်ခတ်လာနိုင်လဲဆိုတာပါ။ ဒီနေရာမှာ ရုရှားလို မြန်မာပြည်ကို ကျူးကျော်နိုင်တာက တရုတ်လို့ သုံးသပ်ပါတယ်။ ပုံမှန်မှာ တရုတ်ကကျူးကျော်မှာမဟုတ်ဘဲ PDF က တရုတ်အကျိုးစီးပွါးတွေကို တိုက်ခိုက်လာလို့ သူတို့က မကာကွယ်ပေးနိုင်ရင် တရုတ်က ကျူူကျော်လာနိုင်ကြောင်းသုံးသပ်တာပါ။ ဒါကြောင့် တရုတ်ပိုက်လိုင်းနဲ့အရေးကြီး အကျိုးစီးပွါးရှိတဲ့နေရာမှာ တပ်အင်အားတိုးချဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ တရုတ်ဝင်လာရင်အမေရိကန်ကလဲ PDF ကို ယူကရိန်းလို လက်နက်ထောက်ပံ့လာနိုင်လို့ ညှပ်တိုက်တာ ခံရနိုင်တယ်လို့သုံးသပ်ပြီး စစ်ပွဲကို မနိုင်နိုင်ကြောင်း အကျဉ်းချုပ်ထားပါတယ်။ သုံးသပ်ရာမှာ PDF က တရုတ်အကျိုးစီးပွါးကို တိုက်လာခဲ့ရင် တရုတ်က မဝင်ရင်တောင် AA ကို လက်နက်ပေးသလို ပေးလာနိုင်ပြီးထောက်ပံ့လာရင် ဖြေရှင်းရတာ ပိုခက်လာမယ်ဆိုပြီးလဲ သုံးသပ်ထားပါတယ်။ ဒါကြောင့် တရုတ်ဆန့်ကျင်ရေးကို ဝါဒဖြန့်ထားဖို့လဲ တင်ပြဆွေးနွေးခဲ့ကြပါတယ်။ နောက်တရုတ်နယ်စပ်နားမှာ တိုက်ပွဲဖြစ်ရင် ယခင်ကလို တရုတ်နယ်ထဲ ကျည်ဆန် ဗုံးမကျအောင် ဂရုစိုက်ဖို့လဲ သတိပေးသွားပါတယ်။

နောက်စိုးရိမ်ချက်က မအလက သူတို့အဖွဲ့ကို ရုရှားနဲ့တွဲမြင်ပြီး PDF ကို အမေရိကန်က လက်နက်ထောက်ပံ့လာနိုင်တယ်ဆိုပြီးလဲ စိုးရိမ်စွာ သုံးသပ်ထားပါတယ်။ ဒါပေမယ့် ဒါကိုသူတို့က တရုတ်ဝင်လာတာလောက် အန္တရာယ်မကြီးဘူးလို့ သုံးသပ်ပါတယ်။ နောက် စက်သုံးဆီပို့ဆောင်မှုလမ်းကြောင်းကို လုံခြုံရေးတိုးမြှင့်ဖို့ အရပ်သားဆီသယ်ကားတွေနဲ့ တပ်ဆီကို အပြစ်မခံရအောင် သယ်ဖို့လဲဆွေးနွေးသွားကြပါတယ်။ ယခုတင်ပြထားတာက စာရေးသူအာဘော်မဟုတ်ဘဲ စာရေးသူဖတ်ရတဲ့အချက်လေးတွေကို တင်လိုက်တာပါ။ သိသူတွေ သုံးလို့ရအောင်ပေါ့။အဘစိုးရိမ်တာတွေကို မိမိအတွက် အသုံးချနိုင်ပါစေ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page