top of page
Search

မအလတပ်တွင်း ဒုဗိုလ်မှူးကြီးအထက် အရာရှိများ စိတ်ဓာတ်အခြေအနေ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 6, 2024
  • 1 min read

မအလတပ်တွင်း ဒုဗိုလ်မှူးကြီးအထက် အရာရှိများ စိတ်ဓာတ်အခြေအနေ

မအလတပ်ရဲ့ ယခုအချိန်မှာ ဗိုလ်မှူးချုပ်အဆင့် ရာထူးရှိသူများဟာ ၁၉၉၄ နောက်ပိုင်းမှာမ တပ်ထဲဝင်လာသူများပါ။ သူတို့ဟာ နဝတ၊ နအဖကောင်းစားချိန် စစ်ထဲဝင်လာသူများပါ။ အချို့က စစ်တိုက်လိုလို့ဆိုပေမယ့် အများစုက အရပ်ဖက်ပြောင်း ညွှန်ချုပ်လုပ်လိုသူများပါ။ သူတို့ဟာ DASSK အစိုးရ အာဏာရလာချိန်မှာ သူတို့ရွှေထီးဆောင်းချိန်ကို ပြန်လွမ်းပြီး နည်းမျိုးစုံနဲ့ ကန့်လန့်တိုက်ခဲ့ကြပါတယ်။

အာဏာသိမ်းအပြီး တော်လှန်ရေးစချိန်မှာ ဘက်ပြောင်းခဲ့တာက အောက်ခြေ တပ်သား၊ တပ်ကြပ်အများစုဖြစ်ပြီး ဗိုလ်ကြီးနဲ့ ဗိုလ်မှူးက လက်ချိုးရေတွက်လို့ ရခဲ့ပါတယ်၊ အင်တာဗျူးတွေ နားထောင်ရင် တပ်သားလေးတွေစကားက ပြည်သူနဲ့ ပိုနီးစပ်တာတွေ့ရမှာပါ။ ဗိုလ်ကြီးရဲ့ အင်တာဗျူးကလဲ ဗိုလ်မှူးထက် ပြည်သူနဲ့ ပိုနီးစပ်ပါတယ်။

ထိုအချိန်အထိက ဒဏ်ရာရသူ၊ တိုက်ပွဲမှာသေသူ အများစုဟာ အောက်ခြေအဆင့်သာဖြစ်ခဲ့ပြီး ဒုဗိုလ်မှူးကြီးအဆင့်က လက်ဆယ်ချောင်း မပြည့်ခဲ့ပါ။ ၂၀၂၃ အောက်တိုဘာနောက်ပိုင်းမှာတော့ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ်အဆင့်တွေ တဖြေးဖြေးချင်း ကျလာချိန်၊ အဖမ်းခံရချိန်၊ သေလား ရှင်လားမသိိ ပျောက်ဆုံးချိန်မှာတော့ အဆိုပါ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ်အဆင့်တွေဟာ ငါတို့အလှည့် နီးလာပြီဆိုပြီး ရာထူးတိုးပေးရင်တောင် ရှေ့တန်းပို့ရင် ထွက်ပြေးဖို့ ပြင်လာနေကြပါပြီ။ သူတို့ဟာ အောက်ခြေလိုမဟုတ်ဘဲ အင်တာနက်သုံးနိုင်သူ၊ သုံးတတ်သူတွေပါ။ အချို့ကလဲ ယခုအချိန်မှာ ဘာတိုက်တိုက် သူတို့ရှုံးမယ်ဆိုတာ သိလာနေကြပါပြီ။ သူတို့ဟာ သူတို့လိုချင်တဲ့ အခွင့်အရေးမရတဲ့အပြင် အခမသင့်ရင် သေသွားနိုင်တယ်ဆိုတာကိုလဲ သူတို့သိနေကြပါပြီ။

အချို့ကလဲ ထွက်ပေါက်ပိတ်သလို ခံစားနေရပါပြီ။ မအလထံက အာဏာပြန်သိမ်းဖို့ ကြိုးစားရာမှာလဲ  မအလရဲ့လုံခြုံရေးကို မကျော်နိုင်သေးပါ။

ယခင်က ငါတို့ဘက်ပြောင်းရင် ဩဇီပို့မှာလားဆိုပြီး အခွင့်ထူးခံ မေးခဲ့သူများဟာ ယခုအချိန်မှာ မသေရင် တော်ပါပြီ ဖြစ်လာနေကြပါပြီ။

ဒါဆိုရင် ဒီလူတွေက အစုလိုက်အပြုံလိုက် လက်နက်မချသေးတာလဲ? သူတို့စစ်ထဲစဝင်ကထဲက တိုင်းပြည်အတွက်ထက် စစ်တပ်ထဲမှာ အခွင့်အရေးပိုရမယ်ထင်ပြီးတောကနေ ဇော်မဲလုံးလို စစ်ထဲဝင်လာသူ အများစုပါ။ ဇော်မဲလုံးဘဝ၊ သေသွားတဲ့ ဇော်ဌေးဘဝကို ပြန်လေ့လာပါ။ သူတို့ဟာ အညာတောကနေ ဆယ်တန်းအောင်ပြီး လက်ဗလာကနေ ယခုလို ကောင်းစားလာတာပါ။ ထို့အတူ စစ်ဆေး၊ အင်ဂျင်နီယာတပ်ဘွဲ့ရသူများဟာလဲ သာမန် ဆယ်တန်းအမှတ်ထက်နည်းပြီး ဆရာဝန်ဖြစ်၊ အင်ဂျင်နီယာဖြစ်သူများပါ။ ဒါကြောင့် သူတို့လက်ရှိဘဝဟာ သူတို့လာခဲ့တဲ့ ဘဝထက် အများကြီး ကောင်းနေပါသေးတယ်။ ဒါပေမယ့် သေမှာကိုတော့ လူတိုင်း ကြောက်ကြပါတယ်။ ယခု ရခိုင်၊ ကချင်၊ ရှမ်းမြောက်မှာဖြစ်နေတာတွေက သူတို့ကို သွေးပျက်စေပါတယ်။

ဥပမာတစ်ခုက ယခုအချိန် ဗိုလ်မှူးကြီးဖြစ်နေသူတစ်ယောက် သူ့မိန်းမက ဆရာဝန် လင်ခိုးတာနဲ့ နေပြည်တော်မှာ စိန်ဝယ်၊ ဘာဝယ်နဲ့ သာယာနေသူပါ။ ယခင်က အမေစုမကောင်းကြောင်း ရေးသူ၊ ပြောသူပါ။ ယခုအချိန်မှာတော့ မအလမကောင်းကြောင်းပြောနေပြီး သူ့ယောင်္ကျားကိုလဲ ရှေ့တန်းထွက်ခိုင်းရင်၊ လာတိုက်ရင် လက်နက်ချဖို့ ပြောနေပါပြီ။ သူက အသေခံတိုက်ဖို့ မပြောတော့ပါ။ သူ့ယောင်္ကျားကလဲ နဂိုထဲက အချောင်သမားမိုလို့ အနေချောင်တဲ့နေရာ လိုက်ယူနေပေမယ့် တိုင်းပြည်တစ်ခုလုံးထိလာချိန်မှာ သူ့နေရာလဲ မထင်မှတ်ဘဲ တိုက်ပွဲက ရောက်လာခဲ့ပါပြီ။ ဒါပေမယ့် သူတို့က မအလပြုတ်အောင် မကြံစည်သေးပါ။

စာရေးသူပြောခဲ့သလို မအလပြုတ်အောင်က ရခိုင် အနောက်ပိုင်းတိုင်းက အမ်း၊ မြောက်ပိုင်းတိုင်း ကချင်၊ အရှေ့မြောက်တိုင်း လားရှိုးတို့ ကျရပါမယ်။ သူတို့ဟာ သေခါနီးရင်တော့ ကြောက်ကြပါတယ်။ မန္တလေးကျရင်တော့ မအလဟာ အသေထွက်(သို့) ပါတော်မူမှာပါ။ ဒါပေမယ့် ဒါက ဖယ်ဒရယ် ဒီမိုကရေစီလားဆိုတာက PDF အားကောင်းတဲ့အပေါ်မှာသာ မူတည်ပါမယ်။

ပြည်သူက မိမိတိုက်စရာရှိတာဆက်တိုက် လုပ်စရာရှိတာ ဆက်လုပ်ပါ။ ဒီလ PRF လှူတာက ယခင်လထက် နည်းပါတယ်။ ဘာမှမလှူဘဲနဲ့ ကိုးကန့်လို တိုက်လိုလို့မရပါ။  AA လိုတိုက်လိုရင် ကိုးကန့်လို တိုက်လိုရင် လက်နက်ဝယ်ဖို့ ငွေလိုပါတယ်။ လက်နက်က မအလက လှူနေတယ်လို့ဆိုရင်တောင် နေထိုင်စားသောက်ဖို့ လိုပါသေးတယ်။ အဆင့်မြင့်ဆက်သွယ်ရေးစက်တွေအတွက် လိုပါသေးတယ်။ ဒါကြောင့် သူတို့ပြိုတာမြန်အောင် PRF ကတဆင့် NUG PDF ကို ဆက်ထောက်ပံ့ပါလို့သာ တိုက်တွန်းပါရစေ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page