top of page
Search

မီးရှို့ခံအိမ်များကပြောသောတော်လှန်ရေး

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 25, 2022
  • 1 min read

တော်လှန်ရေးမတိုင်ခင် မအလတပ်နဲ့ တိုင်းရင်းသား(EAO) တပ်တွေ တိုက်ပွဲဖြစ်ရင် မအလက တိုင်းရင်းသားရွာတွေကိုမီးရှို့ပြီး တုန့်ပြန်ခဲ့ပါတယ်။ အဲ့ဒါကို ဘောမတိုင်းရင်းသားနဲ့ မီဒီယာအချို့က စစ်ကြောင့်ဖြစ်တယ်ဆိုပြီး ဆိုက်ဝါးလုပ်ခဲ့နိုင်ခဲ့လို့ EAO တွေက မတိုက်ဘဲ လျှော့ပေးခဲ့ရပါတယ်။ ဒီနည်းဟာ မအလတပ်အတွက် အလုပ်ဖြစ်ခဲ့ပါတယ်။

တော်လှန်ရေးမှာလဲ မအလက ဒီနည်းကိုဆက်သုံးခဲ့ပါတယ်။ မအလဟာ PDF တွေကို မနိုင်တော့ရင် သူနယ်မြေမစိုးမိုးနိုင်တော့ရင် ရွာတွေကို မီးရှို့ခဲ့ပါတယ်။ ပုံမှန်မှာက ရွာတွေမီးရှို့ခံရတာ များလာတာက မအလနယ်မြေစိုးမိုးမှု ကျလာတာကိုပြတာပါ။ မအလဟာ သူစိုးမိုးနိုင်တဲ့ ရန်ကုန်၊ မန္တလေး၊ ပုသိမြို့တွေကို မီးမရှို့သေးတာ အားလုံးသိမှာပါ။ ဒါကြောင့် မီးရှို့ခံရတာ များလာတာဟာ မအလက ထိုနယ်တွေကို မစိုးမိုးနိုင်စစ်ရှုံးတာကို ပြတာပါ။

ဒီနေရာမှာ မအလဘောမအဖွဲ့များက ငါတို့ကို ခံချရင် မီးရှို့မယ်ဆိုပြီး ခြိမ်းခြောက်တာ အားလုံးကြားသိမှာပါ။ တချိန်ထဲမှာဘဲ အချို့ဘောမသတင်းသမားတွေက ပြည်သူဘက်က ရပ်တည်သယောင်နဲ့ ရွာတွေမီးလောင်နေပြီ ဒါဟာ မငြိမ်းချမ်းလို့ ဒါက PDF မှာ တာဝန်ရှိသယောင် NUG မှာ တာဝန်ရှိသယောင်နဲ့ ရေးကြ ပြောကြပါတယ်။ တတိယအင်အားစုကလဲ ဝင်သမတာပေါ့။ အစပိုင်းမှာ ဘီဘီစီ၊ ဗီအိုအေ၊ တစ်ပူး၊ NP News တို့ကဖွပြီး ဒါကိုမအလအကောင့်တွေနဲ့ တတိယအင်အားစုက ထပ်ဖွပြီး ဒီသီအိုရီက အားကောင်းလာပါတယ်။ ဒါပေမယ့် ယခုမအလက မြို့ပေါ်ကအိမ်တွေ သူ့ကို ခံမချတဲ့ စစ်မဖြစ်တဲ့နေရာကအိမ်တွေကို ဖျက်ဆီးနေချိန်မှာတော့ ဘာမမီဒီယာများ အကာအကွယ်ပေးဖို့ အတော်ခက်သွားခဲ့ပါတယ်။ ရန်ကုန် မန္တလေးကအိမ်တွေဟာ တိုက်ပွဲဖြစ်နေတဲ့နေရာမဟုတ်ဘဲ မြို့ကြီးတွေမှာပါ။ စစ်ကိုင်းနဲ့ ရန်ကုန်က အဖျက်ခံရတဲ့ အိမ်တွေကဘာကွာလဲဆိုတော့ မီးရှို့ခံရတာနဲ့ ဘူဒိုဇာနဲ့ အထိုးခံရတာသာ ကွာတာပါ။

ဒီနေရာမှာ ပြည်သူတိုင်းစဉ်းစားရမှာက ငါတို့တိုက်ပြီး အိမ်အဖျက်ခံမှာလား,ပြန်မချဘဲ အဖျက်ခံမှာလားဆိုတာပါ။ ဒီမေးခွန်းက ဗမာဒေသတွေမှာတင်မဟုတ်ဘဲ ရခိုင်နှင့် ကချင်မှသည် ကရင်၊ ကယားအထိ စဉ်းစားပြင်ဆင်ထားရမှာပါ။ ဒါမှမဟုတ်ဘဲ ငုံ့ခံရင်တော့ ဒါတို့ပြည်၊ ဒါတို့မြေမဟုတ်ဘဲ တပ်ပိုင်တဲ့မြေဖြစ်ပြီး မအလတပ်ကျွန်ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် ရန်ကုန်က အဖျက်ခံရသူမိသားစုများမိမိအိမ်ဆုံးရှုံးတာကို တော်လှန်ရေးအတွက် အားအဖြစ် စစ်ကိုင်းကဲ့သို့ ပြောင်းလဲနိုင်ပါစေ။ မိမိကိုယ်ကို သတ်မသေပါနဲ့။ တော်လှန်ရေးလုပ်ရင် ခင်ဗျားတို့မိသားစုကို ကြည့်ရှုစောင့်ရှောက်မယ့်သူ ရှိလာမှာပါ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page