top of page
Search

ဖွတ်လက်နက်ကိုင်ရင် မအလနိုင်မှာလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 17, 2023
  • 1 min read

မအလတပ် စရှုံးချိန်မှာ ဘူးလက်က ဖွတ်တွေ၊ တပ်ထွက်တွေကို လက်နက်ကိုင်ခိုင်းဖို့ အင်တာဗျူးတွေမှာ ပြောခဲ့တာ အားလုံးမှတ်မိမှာပါ။ NP News က ကျော်မျိုးမင်းကလဲ မအလကို မေတ္တာရှင်လုပ်နေကြောင်း ပျော့ကြောင်း လိုင်ဇာတို့၊ UWSA ဌာနချုပ်တို့ကို ဗုံးကျဲသင့်ကြောင့် သူ့လိုင်းပေါ်ကနေလေသံပစ်လေ့ရှိပါတယ်။ ဒါတွေဟာ တိုက်ဆိုင်တယ်လို့ ထင်ရပေမယ့် မအလဟာ သူတို့ပြောတဲ့အတိုင်း အများစု လိုက်လုပ်လာတာ တွေ့ရပါတယ်။ သူ့ဖွတ်တွေ လက်နက်ကိုင်ရင် မအလက နိုင်မှာလား လေ့လာကြည့်ရအောင်။


ဒီကိစ္စမတိုင်ခင် စစ်မှုမထမ်းမနေရဥပဒေကို အကောင်အထည်ဖော်ဖို့ မအလက စဉ်းစားခဲ့သေးတယ်ဆိုတာ လူသိပ်မသိတဲ့ကိစ္စပါ။ သူက စစ်မှုအတင်းထမ်းခိုင်းရင် လူတွေက သူ့ကိုလက်နက်နဲ့ ပြန်ချမှာစိုးလို့ ဒီကိစ္စကို လက်လျော့လိုက်တာပါ။ ယခုသူတွက်တာက ထွေအုပ်၊ ဖွတ်၊ တပ်လူထွက်တွေဟာ သူ့အမာခံလို့တွက်ပြီး သူတို့ကို တရားဝင် လက်နက်ပေးကိုင်မယ်လို့ ကြေညာတာပါ။ ဒီနေရာမှာ ဘူးလက်၊မောင်မြင့်၊ ခင်ရီ၊ အခြားဖွတ်ခေါင်းဆောင်တွေက နဂိုထဲက သေနတ်ကိုင်ကြပါတယ်။ ခင်ရီဆိုရင် သူ့အစောင့်ဖွတ်တွေကပါ သေနတ်ကိုင်ပါတယ်။ ဒါက ကြာခဲ့ပါပြီ။ သတင်းဌာနကြီးတဲ့ ပေါ်ပြူလာအယ်ဒီတာ၊ NP က ကျော်မျိုးမင်းတို့လဲ သူ့ဟာသူ အစောင့်တွေနဲ့ပါ။ ယခုလို လက်နက်ကိုင်ရင်ဘာထူးမလဲ။ ရေတိုမှာ ဖွတ်တွေက လက်နက်ကိုင်လို့ လူတွေကို ဖိနှိပ်တာ ပိုလုပ်လာနိုင်မှာပါ။ ဒါကအင်အားပြတာပေါ့။ အချို့နေရာတွေမှာလဲ အုပ်ကြီးကို ပိုကြောက်လာနိုင်ပါတယ်။ နေပြည်တော်နဲ့ဧရာဝတီလို ဖွတ်ပေါတဲ့ ဒေသတွေပေါ့။

ရေရှည်မှာတော့ ဒီမိုတွေဘက်က အရေးသာလာမှာပါ။ ပထမက နိုင်ငံရေးအရ မအလက သူတို့ကိုမကာကွယ်ပေးနိုင်ဘူးဆိုတာကို ဒီအမိန့်စာက ဝန်ခံလိုက်ရတာပါ။ ဒုတိယက အုပ်ကြီး၊ဖွတ်နဲ့စစ်မှုထမ်းဟောင်းတွေဟာ သေနတ်ကိုင်လို့ တရားဝင်စစ်ရေးပစ်မှတ် ဖြစ်သွားတာပါ။ ယခင်ကစစ်မှုထမ်းဟောင်းသေရင်၊ ဖွတ်၊ အုပ်ကြီး အသတ်ခံရရင် မအလက လက်နက်မဲ့ပြည်သူဆိုပြီး လိမ်လို့ရပါသေးတယ်။ ယခုက အုပ်ကြီး၊ ဖွတ်၊ စစ်မှုထမ်းဟောင်းနဲ့ နန်းအသတ်ခံရရင် သူ့မှာလက်နက်ရှိလို့enemy combatant တရားဝင် စစ်ရေးပစ်မှတ်ပါ။ နိုင်ငံခြားကလဲ PDF တွေကို ဖိအားပေးလို့မရတော့ပါ။ အမိန့်စာက တရားဝင်လူတိုင်းသိသလို သံရုံးတွေလဲ သိပါတယ်။ နောက်သူ့ထက်အရေးကြီးတာကအဆိုပါ ဖွတ်တွေထံ၊ ပျူတွေထံက စာရေးသူတို့ ဒီမိုတွေက နယ်စပ်မသွားဘဲ လက်နက်အလွယ်တကူရလာနိုင်တာပါ။ အဘက NUG ကို အားမရလို့ လက်နက်တွေကို ကိုယ်တိုင်ချပေးနေလားတောင် ထင်ရပါတယ်။

ယခင်က အချို့နေရာတွေမှာ သတင်းတက်လာရင် မအလတပ်ကသေတယ်၊ မိုင်းခွဲခံရတယ်ဆိုရင်ဘောမတွေက မဟုတ်ဘူးလိမ်သလို စာရေးသူတို့ PDF ကလဲ ပစ်ပြီးပြေးရလို့ အထောက်အထား မပြနိုင်ခဲ့ပါ။ ဘီဘီစီမြန်မာပိုင်းကလဲ သီးခြားအတည်ပြုချက်မရလို့ စာရေးသူတို့ ဆယ်ခါနိုင်ရင် တစ်ခါသာ လွှင့်ပါတယ်။ ယခုရက်ပိုင်းမှာဆိုရင်တော့ စစ်ကိုင်းဘက်မှာတောင် ကချင်နဲ့ ကရင်မှာလို မအလတပ်အလောင်းတွေ၊ လက်နက်တွေကို သိမ်းအပြီးမှာ ပြလာနိုင်ခဲ့ပါပြီ။ ဒါဟာ တော်လှန်ရေးရဲ့ ငြင်းမရတဲ့ တိုးတက်မှုပါ။ ဒီ့အပြင် NUG အောက်ကအဖွဲ့တွေရဲ့ အမိန့်နာခံပြီး မအလတပ်စခန်းတွေကို တစ်ချိန်ထဲ ဝင်တိုက်နိုင်လာတာဟာလဲ တိုက်ဆိုင်မှုမဟုတ်ပါ။

အကျဉ်းချုပ်ရရင် ဒီလက်နက်ကြောင့် မအလဘောမသူတွေဟာ တရားဝင် စစ်ရေးပစ်မှတ်ဖြစ်သွားခဲ့ပါပြီ။ သူတို့က သေနတ်ကို အိမ်ထဲမှာထည့်ထားလို့ သူတို့အိမ်၊ သူတို့ရုံးတွေဟာလဲ တရားဝင်စစ်ရေးပစ်မှတ်ဖြစ်သွားခဲ့ပါပြီ။ မအလက ပေါ်တင်ကြေညာလို့ နိုင်ငံခြားက ရုရှားတောင် အရပ်သားတွေအသတ်ခံရတယ်ပြောရင် မရတော့ပါ။ ဒီလိုဘောမတွေကို လက်နက်ပေးကိုင်ရတာက မအလကရှုံးနေတာကို တပ်ထဲမှာ လူမရှိတာကို ဝန်ခံလိုက်ရတာပါ။ နောက် PDF ကို လက်နက်ထောက်ပံ့ဖို့ မအလရဲ့အစီအစဉ်လားလို့တောင် ထင်ရပါတယ်လို့ ပြောပါရစေ။ ဒါကြောင့်ညဖွတ်တွေ ဘောမတွေလက်နက်ကိုင်တာဟာ မအလကျရှုံးဖို့ အစပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page