top of page
Search

နိုင်လား ရှုံးလား ပညာရှင်စကား

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 22, 2022
  • 1 min read



စာရေးသူကို ဘယ်သူနိုင်မှာလဲမေးရင် ဒီမိုတပ်တွေနိုင်မယ်လို့ ပြောမှာပါ။ NP သတင်းက ဘောမကျော်မျိုးမင်းကိုမေးရင်တော့ သူက နေပြည်တော်ကနေ အပြင်မထွက်ရဲဘဲ သူ့အဘနိုင်မယ်လို့သာပြောမှာပါ။ သူ့ကိုလဲ ပညာပေးရမယ့်အချိန်တော့ ရောက်နေပါပြီ။ သူက လုံခြုံတယ်ပြောနေတော့ သူ့စကားအတွက် သက်သေပေါ့။

ဇွန်လ ၁၇ ရက်နေ့က စင်ကာပူက ISEAS က သုတေသနလုပ်သူတွေက မအလတပ်ဟာ တဖြေးဖြေးနဲ့နယ်တွေကို လက်လွှတ်လာနေရပြီး ရခိုင် AA နဲ့ ဝတပ် UWSA က တိုက်ရင်၊ ဒါမှမဟုတ် PDF တွေကိုတတိယနိုင်ငံတစ်ခုခုက ထောက်ပံ့ရင် စစ်ရှုံးသွားနိုင်တယ်လို့ သုံးသပ်ထားပါတယ်။ နောက်သူက တပ်ထဲက ဗိုလ်မှူးချုပ်အဆင့် ဘက်ပြောင်းသွားရင်လဲ တပ်ထဲမှာ စိတ်ဓာတ်ကျမှု ပိုဆိုးလာနိုင်တယ်လို့သုံးသပ်ထားပါတယ်။ ဒါမှမဟုတ် တပ်ထဲမှာ အချင်းချင်း မအလကို အာဏာပြန်သိမ်းတာလဲ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

ဒီအချက်တွေမပါဘဲ PDF ကတိုက်ပြီးနိုင်ဖို့က အားလုံးညီညွတ်ရင်တော့ တစ်သွေးတစ်သံတစ်မိန့်နဲ့NUG အောက်ဆိုရင်တော့ ရနိုင်မယ်လို့ သုံးသပ်ထားပါတယ်။ သူက မအလတပ်ဟာ စစ်ရှုံးရင်အရပ်သားတွေကို ရှုံးမဲ မဲလာမှာဖြစ်လို့ ဒုက္ခသည်တွေများလာမှာဖြစ်ကြောင်း ဒီအတွက် အိမ်နီးချင်းနိုင်ငံတွေ၊ ဒေသတွင်းနိုင်ငံတွေအနေနဲ့ ပြင်ဆင်ထားဖို့လဲ ပြောတားပါတယ်။ သူက NUG အောက်ကPDF အင်အားက ငါးသောင်းနဲ့ ဒေသခံ PDF က ခုနှစ်သောင်း စုစုပေါင်း တစ်သိန်းကျော်လို့ ခန့်မှန်းထားပြီး အဓိကစိန်ခေါ်မှုက လက်နက်ရှားပါးမှုလို့ သုံးသပ်ထားပါတယ်။

အကျဉ်းချုပ်ရရင် PDF တွေက အားကောင်းလာနေပြီး နိုင်ငံတကာကို NUG နဲ့ တွေ့ဆုံဆွေးနွေးထားဖို့ဒီမိုတွေမနိုင်ခင် မအလက ရက်စက်နိုင်လို့ ဆိုးရွားချိန်မှာ ကူညီီဖို့ ပြင်ဆင်ထားဖို့ကိုလဲ ရေးထားပါတယ်။ သူကနေရောင်မမြင်ခင် မှောင်မိုက်တဲ့ညကိုတော့ ဖြတ်ရအုံးမယ်လို့ ဆိုထားပါတယ်။

ဒီနေရာမှာ စာရေးသူထပ်စိန်ခေါ်လိုတာက မအလကနိုင်နေပြီလို့ ဘောမပြောနေတဲ့ NP သတင်းထောက်နဲ့ ဖွတ်သတင်းထောက်တွေ နေပြည်တော်ကနေ ခင်ဦးကို အလည်တစ်ခေါက် သတင်းယူထွက်ပြီးမြေပြင်သတင်းအမှန်လေးတင်ပြကြည့်ပါလို့သာ ပြောပါရစေ။ လုပ်ရဲရင်ပေါ့။

(ကိုးကား- ISEAS YUSOF ISHAK INSTITUTE)

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page