top of page
Search

တပ်မတော်သားတွေက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 23, 2020
  • 1 min read

ree

ဒီနေရာမှာ အားလုံးက စစ်သားဆို အတူတူဘဲဆိုပြီး ဆဲတာရှိသလို အချို့ကလဲ အောက်ခြေက ရဲဘော်တွေနဲ့ အထက်ကို ခွဲမြင်ဖို့ ပြောတာလဲရှိကြပါတယ်။

တပ်မတော်သားဆိုတာ ပြည်သူထဲက ပေါက်ဖွားလာလို့ ပြည်သူအများစုက ထောက်ခံသူကိုတပ်မတော်သားတွေကလဲ ထောက်ခံပါတယ်။ ဒီနေရာမှာ နေဝင်းက တပ်ကို ဖဆပလကွဲတော့ တည်မြဲနိုင်အောင် မဲလိမ်ဖို့ ကြိုးစားခဲ့ပေမယ့် ဦးနုက မဲနိုင်ခဲ့သလို ၁၉၉၀ မှာ တပ်မြို့တွေမှာ ဒီမိုအဖွဲ့တွေ နိုင်ခဲ့ပါတယ်။ တပ်မဲရုံတွေကို တပ်တွင်းထားတဲ့ ၂၀၁၀၊ ၂၀၁၅ နဲ့ ကြားဖြတ်တွေမှာတော့ တပ်မဲရုံတွေကဖွတ်တွေကိုသာ မဲပေးတာ တွေ့ရပါတယ်။

စာရေးသူတို့ တိုင်းပြည်မှာက သမိုင်းကို ငယ်စဉ်ကထဲက လိမ်သင်တာ ခံခဲ့ရပါတယ်။ ဥပမာ အိမ်စောင့်အစိုးရမြို့တော်ဝန်က ဘာလုပ်တယ် ဘာညာနဲ့ပေမယ့် သူကရန်ကုန်ကို ဖျက်စီးသွားခဲ့တာပါ။ ထို့အတူနေဝင်းအာဏာသိမ်းတာကလဲ ဒီလိုပါဘဲ။

တပ်ထဲမှာ အောက်ခြေ တပ်သားအဆင့်ကနေ ဗိုလ်ကြီးလောက်အထိက ၆၅% လောက်က DASSK အစိုးရကို ထောက်ခံတယ်လို့ ပြောလို့ရပါတယ်။ DSA မှာ ဦးနှောက်ဆေးခံရပြီး နောက်ပိုင်း တပ်စုမှူး၊တပ်ရင်းမှူး၊ စစ်ဦးစီးတက္ကသိုလ်နဲ့ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်အထိ အဆင့်ဆင့် ဦးနှောက်ထပ်ဆေးတာ ခံရပါတယ်။ ဒါကြောင့် ရာထူးကြီးလာလေ ပြည်သူနဲ့ ဝေးလာလေ ဖြစ်လာပါတယ်။

ဒါကြောင့် ဗိုလ်မှူးချုပ်အထက်မှာက DASSK ကိုထောက်ခံသူက အများဆုံးမှ ၁၀ % လောက်သာ ကျန်ပါတယ်။

တပ်တွေထဲမှာ လေတပ်က ၁၉၈၈ မှာ ပါခဲ့သလို ယခုလဲ DASSK ကို ထောက်ခံမှုအများဆုံးနေရာပါ။အထက်ပိုင်းမှာလဲ တအားကြီးထောက်ခံတယ်လို့ မပြောရင်တောင် မကောင်းကြောင်း မပြောကြပါ။သူမ ဘယ်လိုတော်ကြောင်းသာ ပြောမိလေ့ရှိကြပါတယ်။

ရေတပ်ကလူအများစုဟာလဲ လေတပ်ပြီးရင် DASSK ကိုထောက်ခံသူအများဆုံးရှိတဲ့နေရာလို့ ပြောရင်ရပါတယ်။ သူတို့တွေ အိန္ဒိယကိုသွားရင် သူတို့ရဲ့ ဆရာတွေက DASSK အကြောင်း ပြောလေ့ မေးလေ့ရှိပါတယ်။

ပြဿနာက ကြည်းတပ်ဟာ လူအများဆုံးဖြစ်ပြီး ထိုအထဲမှာ အထက်ပိုင်းတွေက သူမမကောင်းကြောင်း ပြောသူများကသာ ရာထူးတက်မြန်သလို ဖြစ်နေပါတယ်။

ဒီနေရာမှာ ကြည်းတပ်က အောက်ခြေစစ်သားတွေကို သမ္မတအနေနဲ့ဖြစ်ဖြစ် DASSK အနေနဲ့ ဖြစ်ဖြစ်ထိတွေ့မှုများအောင် နည်းလမ်းရှာသင့်ပါတယ်။

ဘာကြောင့်ဒီလိုပြောသလဲဆိုတော့ အများစုဟာ DASSK တွေ့ပြီးရင် သူမအပေါ်ထားတဲ့ သဘောထားပြောင်းသွားကြလို့ပါ။

ဒါတွေဟာ တိုင်းပြည်ရဲ့ပြောင်းလဲမှုမှာ အရေးကြုံရင် အသုံးဝင်လာတတ်ပါတယ်။

Photo credit: Thant Zin

 
 
 

Recent Posts

See All
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 
NUG သတင်းက စိုးရိမ်စရာလား?

ပထမဆုံးပြောချင်တာက စာရေးသူဟာ ကွီးဖြိုးကိုထောက်ခံခဲ့သူဖြစ်ပြီး ကြည်ပြာတို့ နေဘုန်းလတ်တို့ရဲ့ ပရိသတ်မဟုတ်ဘူးဆိုတာပါ။ ဒီနေရာမှာ အချို့က NUG မှာ ဒီလိုဖြစ်တာက NUG ဝိုင်းထောက်ခံသူတွေကြောင့်ဆိုပြီး ရေးကြပြော

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page