top of page
Search

တတိယအင်အားစုနှင့် ဘောမများ၏ ဂျင်းများ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 16, 2024
  • 1 min read

စာဖတ်သူအားလုံး အနန့်ပါမှာ ဗုံးကြဲခဲ့လို့ အဆိုတော်တွေအပါအဝင် လူပေါင်းများစွာသေတာ မှတ်မိမှာပါ။ အဆိုပါအချိန်က KIA က လေယာဉ်ကို မပစ်ချနိုင်ခဲ့ပါ။ ငှက်ကင်အတွက် ငွေကောက်တော့ ဘောမနဲ့ တတိယအင်အားစုက ငှက်ကင်မလုပ်နိုင်ဘူးဆိုပြီး ပန်ဆယ်လိုကို ဝိုင်းဟောင်ကြတာ မှတ်မိမှာပါ။ လေယာဉ်ပစ်လက်နက်ဆိုတာက စတိုးဆိုင်သွား ဝယ်လို့ရတာမဟုတ်လို့ အခါတစ်ရာပြောခဲ့ပြီးပါပြီ။ နောက်လေယာဉ်ပစ်လက်နက်ဟာ ကျောင်းတိုင်းမှာထားလို့ရတာမျိုးမဟုတ်ပါ။ အမေရိကန်ပေးတဲ့ ခေတ်မှီလက်နက်ရှိတဲ့ ယူကရိန်းတောင် ရုရှားလေကြောင်းရန်ကို မကာကွယ်နိုင်ခဲ့သလို ဒုတိယစစ်အင်အားအကြီးဆုံး ရုရှားဟာလဲ ယူကရိန်းလေဥြောင်းကို မကာကွယ်နိုင်ခဲ့ပါ။ လေယာဉ်ပစ်လက်နက်မှာ ရဟတ်ယာဉ်ပစ်တာက အနိမ့်စားလက်နက်တွေဖြစ်ပြီး လေယာဉ်ပစ်တာက မြင့်ပါတယ်။ လေယာဉ်ပစ်မှာ အမောင်းသင်လေယာဉ်အမြင့်လောက်ပစ်နိုင်တာ၊ MIG ကိုပစ်နိုင်တာ SU-30 ကိုပစ်နိုင်တာဆိုပြီး အဆင့်ဆင့်ရှိပါတယ်။

စာရေးသူတို့အနေနဲ့ SU 30 လောက်အဆင့် ပစ်နိုင်တာကိုရဖို့က မဖြစ်နိုင်ပါ။ တရုတ်၊ အမေရိကန်၊ရုရှားကပေးမှသာရနိုင်ပါမယ်။ ဒီနေရာမှာ လက်နက်ဝယ်နိုင်ရင် ဘယ်မှာထားမှာလဲဆိုတာလဲရှိပါတယ်။ လက်နက်က ပွဲစျေးထဲကလို အများကြီး ဝယ်မရပါ။ အဆိုပါလက်နက်တွေက စစ်ကိုင်းက တီကောင်လိုအကောင်ကို ပေးထားလို့မရပါ။ အစိုးရရဲ့ သမ္မတ၊ ဝန်ကြီးချုပ်တွေ ရုံးထိုင်တဲ့နေရာ ERO တွေရဲ့ ခေါင်းဆောင်တွေ ရုံးထိုင်တဲ့နေရာက စထားရပါတယ်။ ပြီးမှ သူတို့နဲ့ နီးစပ်ရာ စစ်မြေပြင်ပေါ့။ ဒီနေရာမှာ ဘောမနဲ့ တတိယအင်အားစုဟာ ဆန့်ကျင်ဘက် အစွန်းနှစ်ဖက်မှာရှိတယ်လို့ အပေါ်ယံမှာထင်ရပေမယ့် NUG/NLD ကို မုန်းတာခြင်းက တူပါတယ်။ ဥပမာ ကျော်မျိုးမင်းနဲ့ တပ်ကဖွတ်ညို၊ မြတ်အောင်တို့ပေါ့။ သူတို့က MNDAA က တိုက်ရင် သူတို့နေရာသာတိုက်တာ၊ AA က တိုက်ရင် သူတို့နေရာ သူတို့တိုက်တာဆိုပြီး သူတို့ရှုံးနေတာတောင် NUG အတွက်မဟုတ်ဘူး ပြည်သူအတွက်မဟုတ်ဘူးဆိုပြီး ဝမ်းသာအားရပြောလေ့ရှိပါတယ်။ ငတုံးတွေမသိတာက ဘယ်သူ့အတွက်တိုက်တိုက် မအလတပ်သေရင် တော်လှန်ရေးအတွက် အထောက်အကူဖြစ်တယ်ဆိုတာပါ။ ယခုလေယာဉ်ပစ်ချခံရတာကလဲ ဘယ်သူကပစ်ချချ ပစ်ချခံရဖို့ကအရေးကြီးပြီး ယခုနောက်ပိုင်း KIA က ပေါပေါသီသီ ပစ်ချနိုင်နေတာ ငြင်းမရတဲ့အချက်ပါ။KIA က NUG ရဲ့ မြောက်ပိုင်းစစ်ဒေသကို အဓိက ကွပ်ကဲတယ်ဆိုတာ မမေ့ပါနဲ့ ငတုံးများ။  မအလတောင်သူရှိတဲ့နေရာကို ဒရုံးကာကွယ်တဲ့ အကောင်းစားစက်တွေကို သူ့အတွက်သာထားတယ်ဆိုတာ မမေ့ပါနဲ့။ သူကတောင် တိုင်းမှူးတွေတောင် ထိုအဆင့်မြင့်စက်မပေးထားပါ။ နောက် မအလရဲ့ တိုင်းစစ်ဌာနချုပ်တိုင်းမှာ လေယာဉ်ပစ်လက်နက်မရှိတာကို ဘောမနဲ့ တတိယအင်အားစုငတုံးများ မမေ့ပါနဲ့။

အကျဉ်းချုပ်ရရင် တော်လှန်ရေးက အရှိန်မြှင့်နေပြီး ပြည်သူက စည်းလုံးစွာနဲ့ ဆက်ကူရင် အောင်ပွဲက မဝေးပါလို့သာ ပြောပါရစေ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page