top of page
Search
  • Writer's pictureMyat Tun Oo

တော်လှန်ရေးအဖွဲ့များ၏ အမိန့်ပေးစနစ်ကို လေ့လာခြင်း


ယခုအချိန်မှာ တတိယအင်အားစုနဲ့ ဆိုက်ဝါးဘောမ အများစုက MNDAA၊ KIA၊ AA၊ TNLA တို့ရဲ့ အောင်မြင်မှုများကိုပြပြီး NUG ကိုဝေဖန်ကြတာတွေ့ရပါတယ်။ ဒီနေရာမှာ သူတို့ရဲ့ တိုက်ပုံ၊ နိုင်ငံရေးဖွဲ့စည်းပုံကို လေ့လာပြီး ဘာကွာလဲဆိုတာကို ပြည်သူကသိအောင် ရေးပြလိုပါတယ်။ ဒီနေရာမှာ ထိုအဖွဲ့တွေကို ဝေဖန်တာမဟုတ်ဘဲ စစ်ရေး၊ နိုင်ငံရေးအမြင်ဖြင့်သာ ရေးတာပါ။


အချိန်

ပထမဆုံးက အဆိုပါအဖွဲ့တွေက အချိန်တိုအတွင်း အောင်မြင်သယောင်ရေးနေတာပါ။ AA ဖွဲ့ခဲ့တာ ခင်ညွန့်ပြုတ်ခါနီးကထဲကပါ။ ဘစိန်အစိုးရ စတက်ချိန်ကဆိုရင်တောင် ၁၀ နှစ်ကျော်ခဲ့ပါပြီ။ MNDAA ကလဲ မအလ တိုင်းမှူးအပြီး သူတို့ကိုတိုက်ထုတ်ပြီးကထဲက ပြန်တိုက်နေတာပါ။ ၁၅ နှစ်ကျော်ပါပြီ။ TNLA ကလဲ ၁၀ နှစ်ကျော်ပါပြီ။ KIA ကတော့ နှစ် ၄၀ ကျော်ပါပြီ။ ဒါကြောင့် သူတို့က တော်လှန်ရေး သုံးနှစ်အတွင်း စစ်စတိုက်တာမဟုတ်ပါ။ သူတို့မှာ ငွေ၊ လက်နက်ကို အချိန်ယူစုဆောင်းခဲ့ရပါတယ်။ NUG က PDF ဖွဲ့တာက သုံးနှစ်တောင် မပြည့်သေးပါ။


ဘဏ္ဏာရေး

အချို့ကိစ္စတွေမှာ သူတို့ငွေရှာတာကို NUG က လုပ်မရတာ ရှိပါတယ်။ NUG က ယခုသိမ်းပိုက်နယ်မြေများလာလို့ အခွန်စကောက်လာနိုင်သလို ပြည်သူ့ထံကလဲ အလှူငွေနဲ့ ရပ်တည်နေရပါတယ်။ ဒါက အစိုးရအဖွဲ့အနေနဲ့ လုပ်သင့်တယ့်အရာပါ။ NUG ရဲ့ SDB ထဲ ရှယ်ယာဝယ်ထားသူတွေက အမြတ်တောင်ရနေပါပြီ။ တပ်ထဲက ရှယ်ရာဝယ်ထားသူတွေ မနေ့ကအကောင့်ဖွင့်ကြည့်ချိန် အမြတ်တွေတွေ့ရပါတယ်။ ဒေါ်လာနဲ့ ပေးတာပါ။ NUG က ယခုလိုအောင်မြင်တဲ့ စီးပွါးရေးမျိုး လုပ်နိုင်မယ်လို့ ဘယ်သူကထင်ခဲ့မှာပါလဲ? ဖွတ်တွေဝယ်ထားတဲ့ ရှယ်ယာကတော့ တရုတ်ပြည်မှာ ရှုံးနေပါတယ်။ မအလ ဟောင်ကောင်မှာ ဝယ်ထားတဲ့ BAIDU နဲ့ Alibabaက၏ က ရှယ်ယာတွေလဲ ရှုံးနေပါတယ်။


နိုင်ငံရေး

MNDAA, AA, TNLA ရဲ့ နိုင်ငံရေးအဖွဲ့က ဝ UWSA ကို အခြေခံပါတယ်။ ဝ ရဲ့ နိုင်ငံရေးဖွဲ့စည်းပုံက တရုတ်ကွန်မြူနစ်ပါတီကို အခြေခံပါတယ်။ သူတို့က လူမျိုးရေးအခြေခံတဲ့အဖွဲ့ဖြစ်လို့ သူတို့နိုင်ငံရေးကို စည်းရုံးရာမှာ ဘာကြောင့် ငါတို့လူမျိုးလွတ်လပ်ရေးရဖို့လိုလဲ ဘာလို့ ဗမာကို တိုက်ရမလဲဆိုတဲ့အပေါ်မှာ ဦးတည်စည်းရုံးရပါတယ်။ မအလလိုကောင်မျိုးအောက်မှာ စည်းရုံးရ ပိုလွယ်ပါတယ်။

ဒါပေမယ့် NUG အနေနဲ့ နိုင်ငံရေးပို့ချဖို့က PDF ထဲ ဝင်သူတိုင်းဟာ မအလကို တိုက်လိုတဲ့ အာဏာရှင်စနစ်ကိုတိုက်လိုတဲ့ နိုင်ငံရေးအမြင် နိုင်ငံရေးအသိ ရှိပြီးသူက များလို့ အကန့်အသတ်ရှိပါတယ်။ တရုတ်ပြည် ပြည်တွင်းစစ်မှာ တရုတ်ပြည်သူ့တပ်မတော်မှာ နိုင်ငံရေးဦးဆောင်သူဆိုတာရှိပါတယ်။ တိန့်ရှောင်ဖိန်က အနောက်မြောက်စစ်ဒေသက PLA ရဲ့ နိုင်ငံရေးမှူးပါ။ PLA က ကွန်မြူနစ်တပ်ဖြစ်လို့ သူ့တပ်သားတွေကို အရင်းရှင်ဘယ်လိုဆိုးကြောင်း ခဏခဏပြောပေးဖို့လိုပါတယ်။ စာရေးသူတို့ဆီမှာက မအလက အမေစုကိုဖမ်း၊ ပြည်သူကိုသတ်၊ မီးရှို့လုပ်နေလို့ NUG က သီးသန့်စည်းရုံးစရာ မလိုတော့ပါ။ ဒါက စစ်ကိုင်းက ကွန်မြူနစ်အတွေးအခေါ်ရှိသူ NUG အောက်မဟုတ်တဲ့ တပ်အချို့က နိုင်ငံရေးသင်တန်းပေးဖို့ ပြောတာကို ထောက်ပြလိုတာပါ။ NUG က NLD ရဲ့ နိုင်ငံရေးသဘောတရားတွေကို သွားသင်လို့မရပါ။ ထို့အတူ ကွန်မြူနစ်ဝါဒ၊ ဆိုရှယ်လစ်ဝါဒကိုလဲ သွားသင်လို့မရပါ။ ဒါကို ပါတီနိုင်ငံရေးလို့ခေါ်ပါတယ်။

ဒါပေမယ့် NUG အနေနဲ့ မိမိအောက်က တပ်ရင်းမှူး၊ ဗျူဟာမှူး၊ တပ်မမှူး၊ စစ်ကြောင်းမှူးတွေကို ဒီမိုကရေစီစစ်တပ်မှာ ဘယ်လိုခေါင်းဆောင်ရမယ်၊ ဘယ်လို ရွေးကောက်ခံနိုင်ငံရေးသမားအမိန့်ကို နားထောင်ရမယ် အစရှိတဲ့ ဒီမိုစစ်တပ်တွေမှာ ရှိသင့်တဲ့ နိုင်ငံရေး၊ စစ်ရေးသဘောတရားတွေ၊ လူ့အခွင့်အရေးတွေကို သင်ပေးရမှာပါ။ ဒါ့အပြင် ဘယ်လိုမျိုး စစ်ရေးခေါင်းဆောင်တွေက ဆိုရှယ်မီဒီယာ သုံးရမယ်ဆိုတဲ့ စစ်ရေး၊ နိုင်ငံရေး၊ လူမှုရေးကျင့်ဝတ်တွေကိုလဲ သင်ပေးသင့်ပါတယ်။ မဟုတ်ရင် စစ်ခေါင်းဆောင်အနေနဲ့ ဆယ်လီရူး ရူးသွားတတ်ပါတယ်။ စာရေးသူတို့တိုင်းပြည်ဟာ အာဏာရှင်အောက်လူဖြစ်လာလို့ နိုင်ငံရေးသမားကို မအလတပ်ကအစ ပြည်သူတွေကို နိုင်ငံရေးသမား အထင်သေးအောင် ပုံရိုက်သွင်းလာတာကို ခံခဲ့ရတာပါ။ စစ်တပ်ထဲမှာ ကြီးပြင်းသူက နိုင်ငံရေးသမားနဲ့ NLD မုန်းတီးသူအဖြစ် မွေးလာတတ်ပါတယ်။ ဒါကို အနောက်နိုင်ငံ ဒီမိုစံအနေနဲ့ ရွေးကောက်ခံ နိုင်ငံရေးသမားအမိန့်ကို ပြည်သူ့ဝန်ထမ်း (civil servant) နဲ့ စစ်တပ်က နားထောင်ရမယ်ဆိုတာက ဒီမိုရဲ့ အုတ်မြစ်ပါ။ ဒီကိစ္စကို မသင်ပေးရင် မအလလို အာဏာသိမ်းစစ်တပ်တွေ၊ အာဏာမက်တဲ့ တပ်ချုပ်တွေသာ ထပ်ပေါ်လာမှာပါ။

အောင်မြင်နေတဲ့ AA, TNLA, KIA, MNDAA အဖွဲ့တွေမှာ သူ့ပြောခွင့်ရကလွဲရင် ဘယ်တပ်ရင်းမှူးက လိုင်းပေါ်မှာ အာချောင်နေတာ သင်တွေ့ဖူးပါသလဲ။ ဒါသူတို့ရဲ့ အခြေခံ အသုံးလုံးစစ်စည်းကမ်းပါ။ AA မှာ ခိုင်သုခကလွဲလို့ ဘယ်တပ်ရင်းမှူး၊ စစ်ဒေသမှူးက လိုင်းပေါ်တက် အာချောင်နေပါသလဲ? KIA, MNDAA, TNLA လဲ ထို့အတူပါဘဲ။ ဒါကို စစ်ကိုင်း၊ မကွေးနဲ့ တောင်ပိုင်းက တပ်ရင်းမှူး၊ စစ်ကြောင်းမှူးတွေက လေ့လာအတုယူသင့်ပါတယ်။ NUG ကလဲ သူတို့အတွက် ဆိုရှယ်မီဒီယာမူဝါဒ ချမှတ်လေ့ကျင့်ပေးသင့်ပါတယ်။ အဓိကကတော့ ဒီမိုတပ်တွေမှာ ခေါင်းဆောင်ပိုင်းတွေ လိုက်နာရမယ့် စည်းကမ်းတွေ၊ ဒီမိုတပ်ရဲ့ နိုင်ငံရေးစံတွေကို သင်ပေးသင့်ပါတယ်။ ထို ဆယ်လီများရဲ့ ဆိုရှယ်မီဒီယာကို စရဖက စောင့်ကြည့်နေတယ်ဆိုတာ မမေ့ပါနဲ့။


လက်နက်ထောက်ပံ့မှုနဲ့ အမိန့်ပေးစနစ်

MNDAA ရဲ့ စစ်ဒေသမှာ BPLA, PLA နဲ့ KNDF အဖွဲ့တွေက ဝင်တိုက်‌ပေးပါတယ်။ NUG အောက်က တစ်ဖွဲ့လဲ ပါတယ်လို့ သိရပါတယ်။ သူတို့အားလုံးက MNDAA ရဲ့ အမိန့်ကို နားထောင်ခဲ့ရပါတယ်။ သူတို့ကို ဆိုရှယ်မီဒီယာက ပေးမလွှင့်ပါ။ PLA ထဲကအချို့ မီဒီယာနဲ့ စကားပြောပေမယ့် မျက်နှာမပြရဲပါ။ MNDAA က သူတို့သိမ်းပိုက်တဲ့နယ်မြေမှာ သူတို့အလံလွှင့် သူတို့အုပ်ချုပ်ရေးကို ထူထောင်ပါတယ်။ သူက အဆိုပါအဖွဲ့တွေကို လိုအပ်တဲ့ လက်နက်၊ ကျည်ထောက်ပံ့ပါတယ်။ အဆိုပါ စစ်ဒေသမှာ BPLA အောက်ကအဖွဲ့တောင် MNDAA ကသာ လက်နက် ထောက်ပံ့တာပါ။ ကိုးကန့်ဒေသမှာ စစ်တိုက်ရင်း ကျည်ကုန်ရင် MNDAA က တာဝန်ယူပါတယ်။

TNLA ကလဲ အလားတူပါဘဲ။

AA နဲ့ အတူတိုက်နေတဲ့ YDF နဲ့ အခြား ချင်းအဖွဲ့တွေကိုလဲ AA က သာ ထောက်ပံ့တာပါ။

KIA အောက်မှာလဲ ကချင်မှာ တိုက်နေသူအတွက် လက်နက်/ကျည်ကို KIA က ထောက်ပံ့ပါတယ်။ ကောလင်းလိုနေရာမှာတော့ NUG က သူလိုတာကို KIA စစ်ဒေသမှူး တင်ပြတဲ့အပေါ်မူတည်ပြီး ထောက်ပံ့ပါတယ်။ စစ်ကိုင်း၊ မကွေးလဲ ထို့အတူပါဘဲ။ ဒါကြောင့် အဆိုပါဒေသ ဗျူဟာမှူးတွေရဲ့ လိုအပ်ချက်ကို KIA စစ်ဒေသမှူးရဲ့ ထောက်ခံချက်နဲ့ NUG က ချပေးရပါတယ်။ NUG ထံကို အမေရိကန်က လက်နက်တွေ ပေးနေတာမဟုတ်ပါ။ ပြည်သူ့ငွေကနေ ရိက္ခာ၊ လက်နက် အချိုးကျ မျှဝေရတာကို မမေ့ပါနဲ့။


အကျဉ်းချုပ်ရရင် အချိန်တိုအတွင်းမှာ ပြည်သူတွေရဲ့ အောင်မြင်မှုက NUG ရဲ့ အောင်မြင်မှုပါ။ NUG က ကွန်မြူနစ်ပါတီကို အခြေခံတာမဟုတ်လို့ တရုတ်ကွန်မြူနစ်လို လိုက်လုပ်လို့မရပါ။ ဒါပေမယ့် ဒီမိုကရေစီစစ်တပ်ရဲ့စံကိုတော့ PDF အရာရှိတွေကို သင်ပေးရမှာပါ။ အမိန့်ပေးစနစ်နဲ့ လက်နက်ထောက်ပံ့မှုစနစ်မှာ မြောက်ပိုင်းကို အတုယူပြီး တောင်ပိုင်းမှာ ပြုပြင်ရမှာပါ။ မိမိအလံထောင်လိုရင် မိမိကဘယ်လို လက်နက်ထောက်ပံ့မလဲ မြောက်ပိုင်းကို စံနမူနာယူ စဉ်းစားကြပါ။ နိုင်ရင် မိမိအလံထောင် ကျည်မရှိ NUG ဆဲတာက အဆင်မပြေပါ။ ဒီကိစ္စကိုတော့ နိုင်ငံရေးအရ ညှိပေးပါ။ ပြည်သူက NUG ကို ဆက်ကူပေးပါ။ ရှေ့မှာ တိုက်ပွဲတွေ မြင်နေရပါပြီ။ အောင်ပွဲက လက်တစ်ကမ်းမှာပါ။

451 views0 comments

Recent Posts

See All

လုံခြုံရေးသတိ

ယခု PDF များအားလုံး မိမိရဲ့ ပြောခွင့်ရသူကလွဲလို့ Facebook သုံးတာလျှော့ပါ။ လူစုလူဝေးကိုလျှော့ပါ။ ဖုန်းပြောတာလျှော့ပါ။ မိမိတပ်တည်နေရာကို မိမိမိန်းမတောင် မပြောမိပါစေနဲ့။ အစည်းအဝေးကိုခေါ်ပြီးရင် လူရောက်လာ

အဓိက သာမညခွဲခြားစေလို

အဆိုတော်ဖြစ်ဖြစ်၊ အနုပညာရှင်ဖြစ်ဖြစ် ပြောကြဆိုကြတဲ့အခါ အဓိကဘောမဖြစ်တဲ့ ယုန်လေး၊ စိုးမြတ်သူဇာ၊ မေသင်ဇာဦး၊ ခန့်စည်သူ၊ ဒိန်းဒေါင်တို့ကိုသာ အဓိကထားစေချင်ပါတယ်။ အချို့ထောင်ကျပြီး ပြန်ထွက်လာသူ နိုင်ငံခြားထွ

bottom of page