top of page
Search

ကျန်းမာရေးစောင့်ရှောက်သူ ညီအစ်ကိုမောင်နှစ်မအပေါင်းတို့

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 18, 2021
  • 1 min read

အဘဘောမ သူရိန်သော်အား ရန်ကုန်တိုက်စစ်မှူး ဆရာဇော်ဝေစိုးက အကြောင်းပြန်လိုက်သည်။ ဆရာဝန်အပေါင်း ဆရာဇော့်နောက်မှာရပ်ပြီး တိုက်ကြပါ။ ဆက်အလုပ်လုပ်နေသူ အထူးကုစာရင်းများကိုလဲ နိုင်ငံခြားကို ပို့ကြပါ။ နိုင်ငံခြားကမြန်မာနိုင်ငံသားများကလဲ အဆိုပါ အဘဘောမများရဲ့ ဆေးပညာညီလာခံများ တက်မရအောင် သူတို့ရဲ့ဘွဲ့များပြန်ရုပ်အောင် ကူတိုက်ကြပါ။ ဆရာဇော်ဝေစိုးရဲ့ တုန့်ပြန်စာကအောက်မှာဖတ်ကြည့်ပါ။

———————————————————

ကျန်းမာရေးစောင့်ရှောက်သူ ညီအစ်ကိုမောင်နှစ်မအပေါင်းတို့


ဒီစနစ်ဆိုးတွေကြောင့် (၁၉၆၂ မှ ၂၀၂၁ ထိ)

ငါတို့လူနာတွေ ဘယ်လောက်တောင် သေခဲ့ကြပြီလဲ?


ဒီစနစ်ဆိုးတွေကြောင့်

ငါတို့လူနာတွေ ဘယ်လောက်တောင် နာခဲ့ကြပြီလဲ?


ဒီစနစ်ဆိုးတွေကြောင့်

ငါတို့လူနာတွေ ဘယ်လောက်တောင် ခံစားခဲ့ကြရပြီလဲ?


ဒို့တိုင်းပြည်ရဲ့

မိခင်သေနှုန်း

ကလေးငယ်သေနှုန်း

လူသေနှုန်း

ရောဂါဖြစ်ပွါးနှုန်းတွေ ကျဆင်းဖို့


ဒို့တိုင်းပြည်ရဲ့

ကျန်းမာရေးအဆင့်အတန်း နိုင်ငံတကာအဆင့်မှီဖို့

ကျန်းမာရေးစောင့်ရှောက်မှုတွေ အဆင့်မြင့်ဖို့

ဒို့လူမျိုးတွေ အသက်ရှည်ဖို့

ဒီ အာဏာရှင် စနစ်ဆိုးတွေကို

ဒို့မြန်မာပြည်မြေပေါ်မှာ

နောင်ဘယ်တော့မှ

လုံးဝ (လုံးဝ) မရှိနိုင်- မဖြစ်ပေါ်နိုင်အောင်

ဒို့ခေတ်- ဒို့အချိန်မှာ

ဒို့ဘဝ- ဒို့အသက်တွေနဲ့ရင်းပြီး

အပြီးတိုင်ခြေမှုန်းကြစို့။


ဇော်ဝေစိုး

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Feb 18, 2021

ဦးမြတ်!!!!ဗုဒ္ဓဘုရားရှင်သည်

ွသတ္တဝါအများ ဘုရားရှင်ကဲ့သို့ လွတ်မြောက်စေရန်(အကြင်နာသနား ကရုဏာတရားဖြင့်)ဒုက္ခအပေါင်းမှလွတ်ရာလွတ်ကြောင်

နည်းလမ်းကောင်း(အတတ်ပညာ)ကို ပြသမျှဝေခဲ့ပါသည်။

#ကရုဏာနှင့်ပညာ တွဲလျက်။

ပညာတတ်များ ကရုဏာနှင့် တွဲဖက်ဆောင်ရွက်ခြင်းသည် ဂေါတမဗုဒ္ဓဘုရားရှင်၏ မူ၊ အယူ။

တနည်း ဘုရားရှင်၏ လူ။

ပညာတတ်များ ကရုဏာနှင့် မတွဲဖက်ပါက (တရား ဓမ္မနှင့် ဆန့်ကျင်သည်မို့) အဓမ္မ မူ၊ အဓမ္မ အယူ။ အဓမ္မ၏ ဘက်တော်သား

မိစ္ဆာစုံလုံးကန်းများ။

အကန်းမို့ အမှား အမှန် မခွဲခြားတတ်ကြပါ။


အမှန်သစ္စာဖြင့်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page