top of page
Search

ကြည့်သောသူ ယုန်သားတွေ့

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 26, 2023
  • 1 min read

စာရေးသူက မအလတပ်ရဲ့ ဆိုက်ဝါးကို လေ့လာရာမှာ မအလရဲ့ အငြိုးကြီးမှု လက်စားချေလိုမှုတွေကိုထည့်သွင်းစဉ်းစားသလို မအလစဉ်းစားတဲ့ မြန်မာလူမျိုးတွေရဲ့ မေ့လွယ်ပျောက်လွယ် ကောက်ရိုးမီးဓလေ့၊ ခွင့်လွှတ်လွယ်တဲ့ ဓလေ့တွေကိုလဲ မအလတပ်နည်းတူ ထည့်သွင်းစဉ်းစားပေးလေ့ရှိပါတယ်။

ယခုသင်္ကြန်ကိစ္စမှာလဲ အဆိုပါနည်းအတိုင်း ခဲပစ်တဲ့နောက်မလိုက်ဘဲ ကြည့်သောသူမြင်ဆိုသကဲ့သို့လက်တွေ့ကိစ္စကို တရားခံရှာကြည့်ပါတယ်။

စရဖက ဂီတပညာရှင်၊ အနုပညာရှင်ကို သုံးမျိုးခွဲထားပါတယ်။ ပထမက သူ့အမာခံလူပါ။ ထိုလူတွေကသူတို့နဲ့ အကြောင်းအမျိုးမျိုးကြောင့် နီးစပ်မှုရှိသူများပါ။ သူ့ကိုထောက်ခံသူများပေါ့။ ဒုတိယကနိုင်ငံရေးအမြင်မရှိလို့ သတ်မှတ်သူများပါ။ သူတို့က သာကူးပေါ့။ တတိယအုပ်စုက DASSK ထောက်ခံပြီး အမာခံအုပ်စုပါ။

မအလက ဂီတပညာရှင်တွေကို စည်းရုံးရာမှာ စရဖ ကျားမှုန်(ခေါ်) ကျော်မျိုးသက်ကတဆင့် ယုန်ကလေးကို အဓိကထားပါတယ်။ ယုန်ကလေးကတဆင့် ထွက်ပြေးသူများကို ပြန်လာဖို့ စည်းရုံးတာ၊ခံဝန်ထိုးတာ လုပ်ခိုင်းပါတယ်။ အဆိုပါ ထွက်ပြေးသူဟာ သာကူးအုပ်စုထဲကဆိုရင် ခံဝန်နဲ့ အဆင်ပြေပါတယ်။ ဒါပေမယ့် ယခင်ကသူ့ကို လိုင်းပေါ်က အကြီးအကျယ်လုပ်ထားသူ DASSK ကို မဲဆွယ်ပေးခဲ့သူဆိုရင်တော့ မလွယ်ပါ။ ထိုသူတွေက ယုန်ကလေးက လှည့်ခေါ်လို့ အဖမ်းခံရင် စရဖခိုင်းတာ လုပ်ရတော့မှာပါ။ အချို့တွေက ပါပီမဇတ်ရိုက်လိုသူတွေလဲ ပါမှာပါ။

အနုပညာရှင်တွေကို အဓိက စည်းရုံးတာက စစ်တပ်နဲ့ သူ့အမျိုးရင်းကနေ အဆက်အသွယ်ရှိတဲ့ မေသဉ္ဇာဦးနဲ့ စိုးမြတ်သူဇာပါ။ မေသဉ္ဇာဦးက အဆဲမခံနိုင်လို့ ဘောမမရိုက်ပေမယ့် သူကအဓိက စီစဉ်ပေးသူပါ။ နောက်စရဖနဲ့ အဆက်အသွယ်ရှိသူ တပ်အမာခံက ခန့်စည်သူပါ။ သူက မျိုးရိုးအရကော စီးပွါးရေးပါ တပ်နဲ့အဆက်အသွယ်ရှိသူပါ။ သူ့ကိုလဲ တပ်က လူအမုန်းမများအောင် ကာကွယ်ပေးထားပါတယ်။ နောက်တပ်နဲ့ အနုပညာသမားများကြား ချိတ်ပေးသူက ဝေဠုကျော်ပါ။ သူက မဘသနွယ်ပြီးတပ်ထောက်ခံသူပါ။ တပ်နဲ့စီးပွါးရေးအရ ဆက်သွယ်မှုရှိသူပါ။

ဒါတွေကိုရေးပြတာက စာရေးသူတို့ ပြည်သူတွေက ဆဲရာမှာ မအလက ထိုးကျွေးသူကိုသာမဆဲဘဲမီးလောင်ရာ ပြဿနာအစကိုသိပြီး မီးဘေးရှောင် မလောင်ခင်တားနိုင်အောင်ပါ။ ဒီမိုတွေဖြစ်သွားတတ်တာက မအလဆဲစေချင်သူတွေကိုဆဲပြီး မအလအနားနေသူကို လွတ်သွားတာမျိုး မဖြစ်အောင်သတင်းအချက်အလက်တွေကို ချပြပေးတာပါ။ တရားမျှတမှုကတော့ ပြည်သူတွေက မိမိဖာသာလုပ်မှသာ ရမှာပါ။ ဝဋ်လည်မှာကိုမစောင့်ဘဲ ဝဋ်လည်အောင် လုပ်ပြရမှာက ပြည်သူ့တာဝန်ပါ။ မီးပျက်တာကို EPC ဆဲတာထက် PDF ကိုလှူရင် ပိုထိရောက်မှာပါ။ ဂီတသမားအားလုံး၊ ရုပ်ရှင်သမားအားလုံးနဲ့ ရန်မဖြစ်ဘဲ အဓိကရန်သူကို ရှာပြီးတိုက်နိုင်ကြပါစေ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

1 Comment


kot6473
kot6473
Apr 26, 2023

ခန့်စည်သူနဲ့ ရဲအောင်က လယ်ဗယ် အတူတူ လောက်ပါဘဲ ။ Follower များတဲ့သူတွေကို ရှေ့ကိုတွန်းထုတ် ဒုက္ခပေးပီး နောက်ကွယ်ကနေ အကြီးအကျယ် မအလနဲ့ ကျိတ်ပုန်းခုတ်နေတဲ့အနူပညာရှင်တွေရှိပါတယ်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page