top of page
Search

ကောက်ရိုးမီး မဖြစ်စေလို

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 26
  • 1 min read

ငလျင်ကြီးဟာ နှစ်တစ်ရာမှာ တစ်ခါဒုက္ခပေးသလို၊ မုန်တိုင်းကလည်း ဆယ်နှစ်တစ်ခါသာ ဒုက္ခပေးပါတယ်။ ဒါပေမယ့် နေဝင်းကစလာတဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းပြီး ခိုးတတ်တဲ့ စစ်တပ်အုပ်ချုပ်မှုဟာ နှစ်ပေါင်း ၆၀ ကျော်ကြာ ဒုက္ခပေးခဲ့ပြီး ပေးနေဆဲဖြစ်ပါတယ်။ ဒီလို စနစ်ဆိုးကြောင့် လူတွေဒုက္ခရောက်ပြီး သေဆုံးခဲ့ရတာကို လူတိုင်းမမေ့ဖို့ လိုပါတယ်။


စစ်တိုက်ရာမှာ လက်နက်ဝယ်ရသလို ကျည်ဆန်တွေကလည်း ပိုက်ဆံကုန်ကျပါတယ်။ PDF တွေဟာနေ့တိုင်းထမင်းစားရပါတယ်ယူကရိန်းဟာ အမေရိကန်နဲ့ အနောက်နိုင်ငံများကို အားကိုးရတာမို့ သူတို့က တိုက်ဆိုတိုက်၊ ရပ်ဆိုရပ်ရပါတယ်။


ကမ္ဘာ့အကြီးဆုံး အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနဟာ သူ့အသုံးစရိတ်ကို စာရင်းစစ်မအောင်တာ၇ နှစ်ရှိခဲ့ပြီဖြစ်ပေမယ့် သူ့လွှတ်တော်က ဘတ်ဂျက်ချပေးရပါတယ်။ PDF/NUG ကို ဝေဖန်သူများစွာရှိပေမယ့် သူတို့ထဲက တစ်ဖွဲ့ကမှ NUG နဲ့ PDF ကို အစားထိုးနိုင်အောင် ဖွဲ့စည်းနိုင်ခြင်းမရှိပါ။ NUG ဟာ ဘိန်း၊ ဆေးပြား၊ သယံဇာတများစွာ မကိုင်ထားလို့ ပြည်သူ့အခွန်နဲ့ People’s Revolutionary Fund (PRF) ကိုသာ မှီခိုရပါတယ်။ ထင်ရှားသူအချို့ဟာ ကရင်/ကရင်နီဒေသကိုသာ အလှူခံပေးတာများပြီး အညာဒေသကို အလှူခံပေးတာက အိုပါဒေသနဲ့ယှဉ်ရင် နည်းပါတယ်။


ပြည်သူအားလုံးသတိထားရမှာက စစ်မိစ္ဆာစနစ်ဟာ ငလျင်၊ ကိုဗစ်၊ မုန်တိုင်းတွေထက် ပိုဆိုးတယ် တိုက်ဖျက်ဖို့ ပိုအရေးကြီးတယ်ဆိုတာပါ။ ယခုအောင်ပွဲတွေဟာ မကွေးအထိ ရောက်လာနေပါပြီ။ထုတ်ပြောမရတာတွေလဲ ရှိပါတယ်။ ပြည်သူအနေနဲ့ ကောက်ရိုးမီးမဟုတ်ဘဲ PRF ကတစ်ဆင့် NUG လက်အောက်က PDF ကို လှူဒါန်းပေးကြပါ။ ပြည်သူလှူမှ တရုတ်က ရပ်ခိုင်းလည်း၊ အမေရိကန်ကရပ်ခိုင်းလည်း ဖိအားကိုမမှုဘဲ ဆက်တိုက်နိုင်မှာပါ။ ပြည်သူအနေနဲ့ ပြည်ပအားမကိုးချင်ရင် PRF ကိုဆက်လှူပေးကြပါ။ မဟုတ်ရင် တရုတ်ကရပ်ခိုင်းလို့ ဖိအားကြောင့်ရပ်လိုက်ရတာမျိုး ဖြစ်သွားနိုင်ပါတယ်။


တော်လှန်ရေးက အောင်မြင်လားဆိုတော့ တတိယအုပ်စုတွေ၊ NUG ဖောင်ထုသူတွေ အားကျခဲ့တဲ့ ယူကရိန်းရဲ့ ရုရှားကိုတိုက်တာထက် ပိုအောင်မြင်တာတော့ ငြင်းမရပါ။ ပြည်သူအားလုံး ကောက်ရိုးမီးမဟုတ်ဘဲ၊ ပြည်ပအားမကိုးဘဲ၊ EAO ကို လိုအပ်တာထက် အလွန်အကျွံအားမကိုးဘဲ မိမိတပ်ကို ပုံမှန်ထောက်ပံ့ရင် ပန်းတိုင်ကို လှမ်းကိုင်နိုင်မှာပါ။

 
 
 

Recent Posts

See All
အမှန်အတိုင်း

အမှန်အတိုင်းပြောရရင် ဆီးရီးယားမှာ ငလျင်ဖြစ်အပြီး တစ်နှစ်ခွဲမှာ အာဆတ်ပြုတ်ခဲ့သလို စစ်ကိုင်းငလျင်ကလဲ မအလစစ်တပ်ပြုတ်ဖို့ သေချာသွားခဲ့ပါပြီ။...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page