top of page
Search

UN တပ် ဝင်လို့ ရ/မရ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 23, 2021
  • 1 min read

ယခုတလော မြန်မာက ရောမစာချုပ်ကို လက်မှတ်မထိုးထားလို့ ကုလတပ်ဝင်လို့မရဘူး ဘာညာပြောနေတာ တွေ့ရပါတယ်။ ဒီကိစ္စကို ရှင်းပြပါ့မယ်။


အရေးကြီးတာက ပြည်တွင်းအင်အားပါ။ CDM နဲ့ ဆန္ဒပြပွဲတွေ အားကောင်းဖို့ပါ။ အင်ဒိုနီးရှားတောင်ပြည်သူတွေက ဆန္ဒပြတော့ ရွေးကောက်ပွဲရလာဒ်အတိုင်းဆိုပြီး ဖြစ်သွားခဲ့ပါတယ်။

နောက် ကုလတပ်ကိစ္စ။ ကုလတပ်ဝင်ရင် လုံခြုံရေးကောင်စီရဲ့ သဘောတူညီမှုလိုပါတယ်။ တရုတ်နဲ့ရုရှားက ဗီတိုလုပ်မှာပါ။ ဒါ့ကြောင့် Rome statue လက်မှတ်ထိုးထိုး မထိုးထိုး မလွယ်ပါ။

ဒါဆိုရင် ဘာကဖြစ်နိုင်လဲ? အမေရိကန်က မလုပ်ချင်ရင် မလုပ်ဘဲထားလို့ရပါတယ်။ လုပ်ချင်ရင်တော့CRPH က အမေရိကန်တပ်ကို မြန်မာပြည်မှာ တရားဝင်အစိုးရကို သူပုန်မအလတပ်က ဖမ်းထားလို့ ဝင်ကယ်ပါဆိုပြီး တရားဝင်စာထုတ်ခေါ်ရင် အမေရိကန်ကလဲ ဝင်ကူလိုရင် ကူလို့ရပြီး တရားဝင်မှာပါ။တရုတ်နဲ့ ရုရှားက ဘာမှပြောလို့မရ တားလို့မရပါ။ ပြည်တွင်းရေးပေါ့။


ဒါဟာ ယခုလို ပူပူနွေးနွေးကာလမှာ ပိုကောင်းပါတယ်။ ကြာလာရင် ပြောရခက်လာနိုင်ပါတယ်။

စာရေးသူကတော့ အမေရိကန်ဟာ ယခုအချိန် အကုန်အကျများလို့ မြေပြင်တပ်လာ မလာ မသိပေမယ့်drone လောက်နဲ့ ပစ်ရင်တောင် မြန်မာပြည်က အများကြီး ပြောင်းလဲသွားနိုင်တယ်လို့ ယုံကြည်သူပါ။မြန်မာပြည်ဟာ drone နဲ့ အာဏာသိမ်းထိပ်ပိုင်းကို ဖယ်ရှားနိုင်ရင် ပြောင်းလဲသွားမှာပါ။ အချို့တိုင်းပြည်ပျက်မှာစိုးလို့ အင်အားမသုံးလိုသူများလဲ NLD မှာ ရှိနိုင်ပါတယ်။ ဒါပေမယ့် မအလဆက်အာဏားနေရင် စီးပွါးရေးပိတ်ဆို့တာခံရမှာမိုလို့ တိုင်းပြည်ကောင်းဖို့ မမြင်ပါလို့သာ ပြောပါရစေ။

နောက်ပြောင်းလဲနိုင်တာက ဆန္ဒပြသူတွေ အသေအပျောက်များခဲ့ရင် မအလဟာ ပြုတ်ကျသွားနိုင်ပါတယ်။

ဆန္ဒပြသူများ အားလုံးကို လေးစားပါတယ်။ ပုံမှန်လူစိတ်ရှိ အရှက်ရှိတဲ့ အစိုးရဆိုရင် မနေ့က လူအုပ်လောက်တွေ့ရင် ဆင်းသွားမှာပါ။ ဒါပေမယ့် မအလဟာ လူစိတ်မရှိပါ။ မအလကြောက်တာက ဟိုမြဝတီမှာ ဖြစ်သွားသလို အပြင်ကလက်နက်ကိုင် အတွင်းက ဆန္ဒပြသူ ညှပ်တိုက်တာပါ။ အတွင်းက ဆန္ဒပြအင်အားလိုသလို အပြင်ကအားလဲ လိုပါတယ်။ အမြင်မတူရင် ခွင့်လွှတ်ပါ။ စာရေးသူတို့ စဉ်းစားပုံက အင်အားနှစ်မျိုးစလုံးကို အခြေခံထားပါတယ်။

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

1 Comment


Mr.Myo Min Hlaing
Mr.Myo Min Hlaing
Feb 23, 2021

အမြင်လည်းတူ သဘောထားလည်းတူပါတယ်ခင်ဗျာ။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page